



Source: စမိုင်းလ် Smile
DarDar@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

“သံဃာ အပါး(၃၀၀၀) ဝါဆိုသင်္ကန်းကပ်ပွဲမှာ အလှူငွေ (၁၀)သိန်း လှူဒါန်း ခဲ့တဲ့ စမိုင်းလ်တို့မိသားစု”

အပြုံးချိုချိုလေးတွေရဲ့ ပိုင်ရှင်စမိုင်းလ်ကတော့ ပရိသတ်တွေ အားကျရလောက်တဲ့ သာယာအေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ အလိုလိုက်ပြီး မျက်နှာအညှိုးမခံတဲ့ ခင်ပွန်း၊ နိုင်ငံခြားသူလေးတွေလို ချောမောလှပတဲ့ သမီးရတနာလေးနှစ်ယောက်နဲ့ ပျော်စရာကောင်းတဲ့ နေ့ရက်တွေကို ကုန်ဆုံးနေတတ်ပါတယ်။

စမိုင်းလ်တို့ ဇနီးမောင်နှံက ဘာသာရေးကို အထူးလိုက်စားပြီး ကုသိုလ်ကောင်းမှုတွေကိုလက်နဲ့မပြတ် အမြဲတမ်း လှူဒါန်းလေးရှိတဲ့ စိတ်ထားကောင်းတဲ့ ဇနီးမောင်နှံအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားပါတယ်။ယနေ့ သြဂုတ်လ(၁၇)ရက်နေ့မှာ အောင်ဇမ္ဗူဆရာတော်ဘုရားကြီးရဲ့သံဃာ အပါး(၃၀၀၀) ဝါဆိုသင်္ကန်းကပ်ပွဲအခမ်းအနား ကိုပါဝင်လှူဒါန်းခဲ့ပါသေးတယ်။

စမိုင်းလ်ကတော့ ထိုဝါဆိုသင်္ကန်းကပ်ပွဲမှာ အလှူငွေ (၁၀)သိန်းဆပ်ကပ်လှူဒါန်း ခဲ့တဲ့အကြောင်းကို “အောင်ဇမ္ဗူဆရာတော်ဘုရားကြီးရဲ့သံဃာ (၃၀၀၀) ဝါဆိုသင်္ကန်းကပ်ပွဲအခမ်းအနားအတွက် အလှူငွေ (၁၀)သိန်းဆပ်ကပ်လှူဒါန်း”လို့ သူမရဲ့လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးရေ စမိုင်းလ်တို့မိသားစုရဲ့ အလှူလေးကို သာဓုခေါ်သွားပါဦးနော်။

error: Content is protected !!