စိတ္တူကိုယ္တူ နဲ႕ Bella လို ခရီးသြားေဖာ္သူငယ္ခ်င္းေကာင္းကို ပိုင္ဆိုင္ထားျပီဆိုတဲ့ ၀ိုင္းေလး

“တာ၀န္အရေတာ့ လြမ္းေပးပါ” ဆိုတဲ့ သီခ်င္းေလးေတြနဲ႕ စတင္ လူသိမ်ားလာခဲ့သူ ၀ိုင္းေလးဟာ တစ္ခ်ိန္က အိမ္မက္ဆံုရာ ရဲ႕ ျပိဳင္ပြဲ၀င္ အဆိုေတာ္ တစ္ဦးျဖစ္ျပီး နိုင္ငံ ဂုဏ္ေဆာင္ အလွမယ္တစ္ေယာက္ အေနနဲ႕ “Miss World” အလွမယ္ေဟာင္း တစ္ေယာက္လည္းျဖစ္ပါတယ္။ လက္ရွိမွာ Professional အဆိုေတာ္ တစ္ေယာက္ အေနနဲ႕ ဂီတ လမ္းမွာ ေလွ်ာက္လွမ္းေနသူတစ္ေယာက္ျဖစ္ျပီး လတ္တေလာမွာေတာ့ ” Sorry Not Sorry” ဆိုတဲ့ သီခ်င္း ေလးထြက္ရွိထားျပီး ပရိသတ္အားေပးမႈ အခိုင္အမာ ရရွိထားျပန္ပါတယ္။

အခ်စ္ေရးနဲ႕ ပတ္သက္လို႕ လက္ရွိမွာ Single တစ္ေယာက္ျဖစ္တဲ့ ၀ိုင္းေလးဟာ သူမ ခ်စ္ရတဲ့ သူငယ္ခ်င္းေတြနဲ႕ ေတာင္ အခ်ိန္ေပးလို႕ မေလာက္ေနဘူးလို႕ ဆိုရမွာပါ။ မင္းသမီးတစ္ေယာက္ျဖစ္သူ ခင္၀င့္၀ါ နဲ႕ လည္း အခ်စ္ဆံုး သူငယ္ခ်င္း ေတြ ျဖစ္သလို တိုင္ပင္ေဖာ္ ၊ တိုင္ပင္ ဖက္ေတြလည္းျဖစ္သလို အျမဲတမ္း သြားအတူ စားအတူ နဲ႕ သူငယ္ခ်င္းဆက္ဆံေရးကို တည္ေဆာက္ထားနိုင္ပါတယ္။

Miss World အလွမယ္တစ္ေယာက္ သရုပ္ေဆာင္ မင္းသမီးတစ္ေယာက္ျဖစ္တဲ့ Bella ေခၚ ျမတ္သီရိ၀င္းနဲ႕ လည္း စိတ္တူကိုယ္တူ ခရီးသြားေဖာ္ သူငယ္ခ်င္းေတြ ျဖစ္ျပီး Miss World ညီအစ္မေတြ လည္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Bella နဲ႕ အတူ ပုဂံခရီးကို အတူတူ ေရာက္ျဖစ္ခဲ့ျပီး ေရွးေဟာင္းဘုရားေတြနဲ႕ အတူ အသက္၀င္ေအာင္ ရိုက္ကူးထားတဲ့ Bella နဲ႕ ၀ိုင္းေလးတို႕ရဲ႕ ပုဂံခရီးစဥ္ ပံုရိပ္ေလးေတြ နဲ႕ အတူ ဆယ္လီကမာၻပရိသတ္ၾကီးအတြက္ ေဖာ္ေျပေပးလိုက္ရပါတယ္ေနာ္။

 

Source: Wyne Lay
Khin Mi Mi@CeleGabar
ယူနီကုဒ္နဲ႕ ဖတ္ရန္

စိတ်တူကိုယ်တူ နဲ့ Bella လို ခရီးသွားဖော်သူငယ်ချင်းကောင်းကို ပိုင်ဆိုင်ထားပြီဆိုတဲ့ ဝိုင်းလေး

“တာဝန်အရတော့ လွမ်းပေးပါ” ဆိုတဲ့ သီချင်းလေးတွေနဲ့ စတင် လူသိများလာခဲ့သူ ဝိုင်းလေးဟာ တစ်ချိန်က အိမ်မက်ဆုံရာ ရဲ့ ပြိုင်ပွဲဝင် အဆိုတော် တစ်ဦးဖြစ်ပြီး နိုင်ငံ ဂုဏ်ဆောင် အလှမယ်တစ်ယောက် အနေနဲ့ “Miss World” အလှမယ်ဟောင်း တစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိမှာ Professional အဆိုတော် တစ်ယောက် အနေနဲ့ ဂီတ လမ်းမှာ လျှောက်လှမ်းနေသူတစ်ယောက်ဖြစ်ပြီး လတ်တလောမှာတော့ ” Sorry Not Sorry” ဆိုတဲ့ သီချင်း လေးထွက်ရှိထားပြီး ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားပြန်ပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လို့ လက်ရှိမှာ Single တစ်ယောက်ဖြစ်တဲ့ ဝိုင်းလေးဟာ သူမ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ တောင် အချိန်ပေးလို့ မလောက်နေဘူးလို့ ဆိုရမှာပါ။ မင်းသမီးတစ်ယောက်ဖြစ်သူ ခင်ဝင့်ဝါ နဲ့ လည်း အချစ်ဆုံး သူငယ်ချင်း တွေ ဖြစ်သလို တိုင်ပင်ဖော် ၊ တိုင်ပင် ဖက်တွေလည်းဖြစ်သလို အမြဲတမ်း သွားအတူ စားအတူ နဲ့ သူငယ်ချင်းဆက်ဆံရေးကို တည်ဆောက်ထားနိုင်ပါတယ်။

Miss World အလှမယ်တစ်ယောက် သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်တဲ့ Bella ခေါ် မြတ်သီရိဝင်းနဲ့ လည်း စိတ်တူကိုယ်တူ ခရီးသွားဖော် သူငယ်ချင်းတွေ ဖြစ်ပြီး Miss World ညီအစ်မတွေ လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ Bella နဲ့ အတူ ပုဂံခရီးကို အတူတူ ရောက်ဖြစ်ခဲ့ပြီး ရှေးဟောင်းဘုရားတွေနဲ့ အတူ အသက်ဝင်အောင် ရိုက်ကူးထားတဲ့ Bella နဲ့ ဝိုင်းလေးတို့ရဲ့ ပုဂံခရီးစဉ် ပုံရိပ်လေးတွေ နဲ့ အတူ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဖော်ပြေပေးလိုက်ရပါတယ်နော်။

Source: Wyne Lay
Khin Mi Mi@CeleGabar

error: Content is protected !!