Ku Hyae Sun နဲ့ Ahn Jae Hyun တို့စုံတွဲကွာရှင်းတော့မယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး အေဂျင်စီဘက်မှတရားဝင်သတင်းထုတ်ပြန်
Source:soompi
Sweet@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
Ku Hyae Sun နဲ့ Ahn Jae Hyun တို့စုံတွဲကွာရှင်းတော့မယ်ဆိုတဲ့သတင်းနဲ့ပက်သက်ပြီး အေဂျင်စီဘက်မှတရားဝင်သတင်းထုတ်ပြန်
တောင်ကိုရီးယားနိုင်ငံရဲ့အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ Ku Hyae Sun နဲ့ Ahn Jae Hyun တို့စုံတွဲဟာ ပရိသတ်ချစ်ခင်ခံရသလို လူတော်တော်များများအားကျရတဲ့စုံတွဲတစ်တွဲဖြစ်ပါတယ်။ဒီနေ့မနက်ပိုင်းမှာတော့ သူမတို့နှစ်ဦးရဲ့အိမ်ထောင်ရေးအဆုံးသတ်တော့မယ်ဆိုတဲ့ သတင်းတွေစတင်ကြားလာရပါတယ်။
ဒီသတင်းကိုတော့ Ku Hyae Sun ရဲ့အင်စတာဂရမ်မှာ
“ ကျွန်မတို့နှစ်ဦးရဲ့ဆက်ဆံရေးအဆင်မပြေဖြစ်လာတဲ့နောက်ပိုင်းအမျိုးသားဘက်ကပြောင်းလဲသွားပြီဖြစ်ပြီး ကွာရှင်းချင်နေပါတယ်။ ကျွန်မကတော့အခုအခြေအနေမှာပဲ ဆက်ရှိနေချင်ပါသေးတယ်။ (နောက်လာမဲ့သတင်းပတ်မှာ ကျွန်မအမျိုးသားရဲ့အေဂျင်စီက သတင်းထုတ်ပြန်မှာဖြစ်ပြီး အဲ့ဒီသတင်းတွေကအမှန်တွေဖြစ်လိမ့်မှာမဟုတ်ပါဘူး။အမှန်တရားကိုတော့ ထွက်ပေါ်လာစေချင်မိပါတယ်” ဆိုပြီးတင်ထားခဲ့ပါတယ်။ဒါ့အပြင်သူမတို့နှစ်ယောက် Kakao chat မှာပြောထားတဲ့စကားတွေကိုလည်း ဖွင့်ချခဲ့ပါတယ်။
ဒီကိစ္စနဲ့ပက်သက်ပြီးတော့ Ku Hyae Sun နဲ့ Ahn Jae Hyun တို့နှစ်ဦးရဲ့အေဂျင်စီဖြစ်တဲ့ HB Entertainment ကနေပြီးတော့ တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။”သူမတို့နှစ်ဦးဟာ ကွာရှင်းတော့မှာဖြစ်ပြီးKu Hyae Sun ကတော့သူမရဲ့ရှေ့နေနဲ့အတူကွာရှင်းစာချုုပ်အကြမ်းကိုပြင်ဆင်ခဲ့ပါတယ်။ Ahn Jae Hyun နဲ့သူရဲ့ရှေ့နေဖြစ်သူတို့ကလည်း ဒီစာချုပ်ကိုလက်ခံပြီး ကွာရှင်းဖို့အတွက်လိုအပ်တဲ့ အဆင်ေ့တွကိုဆက်လက်လုပ်ဆောင်သွားဖို့အတွက်ပြင်ဆင်နေကြပါပြီ။
Ku Hyae Sun ဘက်ကတော့ သြဂုတ်လအတွင်းမှာပဲကွာရှင်းဖို့ကိစ္စကိုလုပ်ဆောင်ချင်နေပြီး ကွာရှင်းပြတ်စဲတဲ့ကိစ္စကတော့ စက်တင်ဘာလလောက်မှာပဲပြီးဆုံးမှာဖြစ်ပါတယ်။” ဆိုပြီးတော့ ကြေငြာခဲ့ပါတယ်။
ပရိသတ်အများစုက သူတို့နှစ်ဦးရဲ့အိမ်ထောင်ရေးကိုအဆင်ပြေပြေနဲ့ ဆက်လက်ပေါင်းသင်းသွားဖို့ မျှော်လင့်နေကြပေမဲ့ ဆက်လက်အဆင်ပြေဖို့အတွက်မဖြစ်နိုင်တော့တာကြောင့်နှစ်ဦးစလုံးက ကွာရှင်းပြတ်စဲဖို့အတွက်သဘောတူလိုက်ကြပြီဖြစ်ပါတယ်။
error: Content is protected !!