တစ္ဖက္သတ္ခ်စ္ရသလိုျဖစ္ေနေၾကာင္းဖြင့္ဟေျပာခဲ့ဖူးတဲ့ Goo Hye Sun

အမ်ားကအားက်ရတဲ့အထိအခ်စ္ပိုခဲ့ၾကတဲ့ Goo Hye Sun နဲ႔ Ahn Jae-hyun တို႔စံုတြဲရဲ႕လမ္းခြဲျပတ္စဲတဲ့ သတင္းဟာ အခုရက္ပိုင္းမွာလူစိတ္၀င္စားမွုအမ်ားဆံုးျဖစ္ေနပါတယ္။ Goo Hye Sun ဟာ ရည္းစားေတြထားခဲ့ျပီး မင္းသား Ahn Jae-hyun နဲ႔ေတြ႔မွေပ်ာ္ရႊင္ခဲ့ရတာျဖစ္သလို Ahn Jae-hyun ဟာ ခ်စ္သူကိုအရိပ္တၾကည့္ၾကည့္နဲ႔ဂရုစိုက္လြန္းတာေၾကာင့္ အျခားသူေတြမနာလိုေလာက္ေအာင္ပါပဲ။ ဒီလိုအခ်စ္ၾကီးၾကသလို (၃) ႏွစ္တာလက္တြဲခဲ့တဲ့အိမ္ေထာင္ေရးဟာ ကြာရွင္းျပတ္စဲမယ္ဆိုတဲ့ အသံေတြထြက္လာခဲ့ပါျပီ။


Goo Hye Sun ရဲ႕ ရည္းစားေဟာင္းေတြအေၾကာင္းေရးထားတဲ့ “Heart Shaped Tears” ဆိုတဲ့ စာအုပ္ကို ထုတ္ေ၀ျပီးေနာက္ အင္တာဗ်ဴးတစ္ခုမွာ သူမရဲ႕အမ်ိဳးသား Ahn Jae-hyun ရဲ႕အေၾကာင္းကို ေမးခဲ့ပါတယ္။အဲ့ဒီတုန္းကေျဖခဲ့ဖူးတဲ့အေျဖဟာ အခုလိုမ်ိဳးကြာရွင္းျပတ္စဲတဲ့ သတင္းေတြေပၚထြက္လာတဲ့အခ်ိန္မွာ ျပန္လည္ေပၚထြက္လာခဲ့ပါတယ္။


အင္တာဗ်ဴးေမးတဲ့သူက “သူမတို႔ႏွစ္ဦးၾကားမွာ ဘယ္သူကပိုျပီးေတာ့ သဲသဲလွုပ္ခ်စ္တတ္တာလဲ” ဆိုတဲ့ ေမးခြန္းကိုေမးခဲ့ပါတယ္။ Goo Hye Sun ကေတာ့ “သဲသဲလွုပ္ခ်စ္တတ္တာကကၽြန္မ ျဖစ္မယ္ထင္ပါတယ္။သူကေတာ့ကၽြန္မကို ခဏတာအတြက္ခ်စ္ခဲ့တယ္လို႔ထင္ပါတယ္။ အခုရက္ပိုင္း ေတြမွာဆိုရင္ ကၽြန္မဘက္ကပဲတစ္ဖက္သတ္ခ်စ္ေနသလိုခံစားရတယ္။အခုဆိုရင္ ပိုေတာင္မွခ်စ္လာပါေသးတယ္။ဒါေပမဲ့လည္း သူကခ်စ္သူေကာင္းတစ္ေယာက္ပါ။စတင္ခ်ိန္းေတြ႔ခဲ့ တုန္းကေတာ့ ခ်ိန္းတဲ့ေနရာကို ကၽြန္မဘက္ကအရင္ေရာက္ေနတတ္တာမ်ိဳးကို မုန္းခဲ့တယ္။အခုအခ်ိန္မွာေတ့ာ သူ႔ကိုအရင္ဖုန္းေခၚျပီး ဘယ္ေရာက္ေနလဲ ဘာလုပ္ေနလဲေမးတတ္တဲ့သူဟာ ကၽြန္မျဖစ္ေနပါျပီ” လို႔ေျဖခဲ့တာပါ။


Goo Hye Sun ရဲ႕ဒီအေျဖဟာ ပရိသတ္ေတြအတြက္မေမ်ွာ္လင့္ထားတဲ့ အေျဖမ်ိဳးျဖစ္တာေၾကာင့္ အေတာ္ေလးအံ့ၾသခဲ့ၾကပါတယ္။အဲ့ဒီအခ်ိန္တုန္းကေတာ့ Goo Hye Sun အေနနဲ႔ သူမတို႔အိမ္ေထာင္ေရးကိုအရႊန္းေဖာက္ေျပာဆိုခဲ့တယ္လို႔ထင္ခဲ့ၾကေပမဲ့ အဲ့ဒီအခ်ိန္ကတည္းက အဆင္မေျပျဖစ္ေနခဲ့ျပီး အခုလိုကြာရွင္းတဲ့အထိျဖစ္လာခဲ့တယ္လို႔လည္း ယူဆေနၾကတာျဖစ္ပါတယ္။တကယ္ပဲအဆင္မေျပျဖစ္ခဲ့ၾကတာမ်ားလားေနာ္…
Source:koreaboo
Sweet@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

တစ်ဖက်သတ်ချစ်ရသလိုဖြစ်နေကြောင်းဖွင့်ဟပြောခဲ့ဖူးတဲ့ Goo Hye Sun
အများကအားကျရတဲ့အထိအချစ်ပိုခဲ့ကြတဲ့ Goo Hye Sun နဲ့ Ahn Jae-hyun တို့စုံတွဲရဲ့လမ်းခွဲပြတ်စဲတဲ့ သတင်းဟာ အခုရက်ပိုင်းမှာလူစိတ်ဝင်စားမှုအများဆုံးဖြစ်နေပါတယ်။ Goo Hye Sun ဟာ ရည်းစားတွေထားခဲ့ပြီး မင်းသား Ahn Jae-hyun နဲ့တွေ့မှပျော်ရွှင်ခဲ့ရတာဖြစ်သလို Ahn Jae-hyun ဟာ ချစ်သူကိုအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်လွန်းတာကြောင့် အခြားသူတွေမနာလိုလောက်အောင်ပါပဲ။ ဒီလိုအချစ်ကြီးကြသလို (၃) နှစ်တာလက်တွဲခဲ့တဲ့အိမ်ထောင်ရေးဟာ ကွာရှင်းပြတ်စဲမယ်ဆိုတဲ့ အသံတွေထွက်လာခဲ့ပါပြီ။


Goo Hye Sun ရဲ့ ရည်းစားဟောင်းတွေအကြောင်းရေးထားတဲ့ “Heart Shaped Tears” ဆိုတဲ့ စာအုပ်ကို ထုတ်ဝေပြီးနောက် အင်တာဗျူးတစ်ခုမှာ သူမရဲ့အမျိုးသား Ahn Jae-hyun ရဲ့အကြောင်းကို မေးခဲ့ပါတယ်။အဲ့ဒီတုန်းကဖြေခဲ့ဖူးတဲ့အဖြေဟာ အခုလိုမျိုးကွာရှင်းပြတ်စဲတဲ့ သတင်းတွေပေါ်ထွက်လာတဲ့အချိန်မှာ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။
အင်တာဗျူးမေးတဲ့သူက “သူမတို့နှစ်ဦးကြားမှာ ဘယ်သူကပိုပြီးတော့ သဲသဲလှုပ်ချစ်တတ်တာလဲ” ဆိုတဲ့ မေးခွန်းကိုမေးခဲ့ပါတယ်။ Goo Hye Sun ကတော့ “သဲသဲလှုပ်ချစ်တတ်တာကကျွန်မ ဖြစ်မယ်ထင်ပါတယ်။သူကတော့ကျွန်မကို ခဏတာအတွက်ချစ်ခဲ့တယ်လို့ထင်ပါတယ်။ အခုရက်ပိုင်း တွေမှာဆိုရင် ကျွန်မဘက်ကပဲတစ်ဖက်သတ်ချစ်နေသလိုခံစားရတယ်။အခုဆိုရင် ပိုတောင်မှချစ်လာပါသေးတယ်။ဒါပေမဲ့လည်း သူကချစ်သူကောင်းတစ်ယောက်ပါ။စတင်ချိန်းတွေ့ခဲ့ တုန်းကတော့ ချိန်းတဲ့နေရာကို ကျွန်မဘက်ကအရင်ရောက်နေတတ်တာမျိုးကို မုန်းခဲ့တယ်။အခုအချိန်မှာတေ့ာ သူ့ကိုအရင်ဖုန်းခေါ်ပြီး ဘယ်ရောက်နေလဲ ဘာလုပ်နေလဲမေးတတ်တဲ့သူဟာ ကျွန်မဖြစ်နေပါပြီ” လို့ဖြေခဲ့တာပါ။


Goo Hye Sun ရဲ့ဒီအဖြေဟာ ပရိသတ်တွေအတွက်မမျှော်လင့်ထားတဲ့ အဖြေမျိုးဖြစ်တာကြောင့် အတော်လေးအံ့သြခဲ့ကြပါတယ်။အဲ့ဒီအချိန်တုန်းကတော့ Goo Hye Sun အနေနဲ့ သူမတို့အိမ်ထောင်ရေးကိုအရွှန်းဖောက်ပြောဆိုခဲ့တယ်လို့ထင်ခဲ့ကြပေမဲ့ အဲ့ဒီအချိန်ကတည်းက အဆင်မပြေဖြစ်နေခဲ့ပြီး အခုလိုကွာရှင်းတဲ့အထိဖြစ်လာခဲ့တယ်လို့လည်း ယူဆနေကြတာဖြစ်ပါတယ်။တကယ်ပဲအဆင်မပြေဖြစ်ခဲ့ကြတာများလားနော်…

x
error: Content is protected !!