” ခ်စ္သူအသစ္ရသြားၿပီျဖစ္တဲ့ ထြန္းထြန္း “

ထြန္းထြန္းကေတာ့ အထူးမိတ္ဆက္ေပးစရာမလိုတဲ့ ျပည္သူခ်စ္အႏုပညာရွင္ အဆိုေတာ္ သရုပ္ေဆာင္မင္းသား တစ္လက္ပဲ ျဖစ္ပါတယ္။တစ္ခတ္တစ္ခါက မိန္းကေလးပရိသတ္ေတြသာမက ေယာက်ာ္းေလးပရိသတ္ေတြပါ အားေပးျခင္းခံခဲ့ရတဲ့ ေယာက်ာ္းေလးအဆိုေတာ္အဖြဲ႕တစ္ဖြဲ့ျဖစ္တဲ့ ” Example ” အဖြဲ့ဝင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။သူ႕ရဲ႕ သီခ်င္းေတြကိုပရိသတ္ေတြၾကားမွာ ေရပန္းစားေအာင္ျမင္ခဲ့တဲ့အျပင္ သရုပ္ေဆာင္ဘက္မွာလည္း ” အုတ္ၾကားျမက္ေပါက္ “ရုပ္ရွင္ကားနဲ႕ အကယ္ဒမီဆုကို ဆြတ္ခူးခဲ့တာပဲ ျဖစ္ပါတယ္။

လတ္တေလာမွာလည္း ” ႏုိင္ငံႀကီးသား” ရုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ရဲအုပ္တစ္ေယာက္အျဖစ္ပါဝင္ ထားတာျဖစ္ၿပီး လတ္တေလာျဖစ္ပြားေနတဲ့ မြန္ျပည္နယ္ ေရေဘးသင့္ျပည္သူမ်ားအတြက္ ၾသဂုတ္လ (၂၄)ရက္ေန႕မွာ က်င္းပမယ့္ ရံပံုေငြေဘာလံုးပြဲ မွာ ပါဝင္မယ့္ အနုပညာရွင္မ်ားထဲမွာလည္း ပါဝင္အားျဖည့္ထားတာပဲ ျဖစ္ပါတယ္။လက္ရွိမွာ ေတာ့ ထြန္းထြန္းရဲ႕ အခ်စ္ေရးကိုပရိသတ္ေတြ အထူးစိတ္ဝင္စားေနတာပဲ ျဖစ္ၿပီး ထြန္းထြန္းဟာ အရင္ခ်စ္သူေကာင္မေလးနဲ႕ျပတ္ၿပီးတဲ့ေနာက္မွာ တစ္ေယာက္ထဲ Single အျဖစ္နဲ႕ ေနထိုင္လာတာအခ်ိန္ၾကာျမင့္ခဲ့ၿပီလို႕ဆိုရမွာပါ။

Single လူပ်ိဳႀကီးတစ္ေယာက္အျဖစ္ အေနၾကာလာတဲ့ ထြန္းထြန္းကို သူ႕ရဲ႕ ခ်စ္ပရိသတ္ေတြက အိမ္ေထာင္ျပဳေစခ်င္ေနၿပီပဲ ျဖစ္သလို ပရိသတ္ႀကီးရဲ႕ ျဖစ္ေစခ်င္တဲ့ ဆႏၵကို ထြန္းထြန္းက ျဖည့္ဆည္းေပးလိုက္ၿပီလို႕ ဆိုရမွာပါ။ အေၾကာင္းအရင္းကေတာ့ ထြန္းထြန္းရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာ My Day မွာ ရုိမန္႕တစ္ Surprise ပန္းစည္းေလးနဲ႕အတူ သူ႕ရဲ႕ ခ်စ္သူပံုေလးကို တင္ထားခဲ့တာပဲ ျဖစ္ၿပီး ခ်စ္သူေကာင္မေလးရဲ႕ မ်က္ႏွာသြင္ျပင္ကိုအသဲပံုစေတကာနဲ႕ ကြယ္ထားခဲ့တာပဲ ျဖစ္ပါတယ္။ဘယ္သူဘယ္ဝါဆိုတာကို မေဖာ္ျပထားေပမယ့္ လူပ်ိဳႀကီး ထြန္းထြန္းကေတာ့ မဂၤလာသတင္း ႀကားရေတာ့မလားဆိုတာ ပရိသတ္ေတြကအထူးစိတ္ဝင္စားေနၾကတာပဲ ျဖစ္ပါတယ္။Cele Gabar ပရိသတ္ႀကီးလည္း ထြန္းထြန္းရဲ႕ ခ်စ္သူဟာ အႏုပညာေလာကထဲက ျဖစ္မလား အျပင္ေလာကက ျဖစ္မလားဆိုတာ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source :Htin Tun Aung
Shwe Poe @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ချစ်သူအသစ်ရသွားပြီဖြစ်တဲ့ ထွန်းထွန်း ”

ထွန်းထွန်းကတော့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ ပြည်သူချစ်အနုပညာရှင် အဆိုတော် သရုပ်ဆောင်မင်းသား တစ်လက်ပဲ ဖြစ်ပါတယ်။တစ်ခတ်တစ်ခါက မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေပါ အားပေးခြင်းခံခဲ့ရတဲ့ ယောကျာ်းလေးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ” Example ” အဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူ့ရဲ့ သီချင်းတွေကိုပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့အပြင် သရုပ်ဆောင်ဘက်မှာလည်း ” အုတ်ကြားမြက်ပေါက် “ရုပ်ရှင်ကားနဲ့ အကယ်ဒမီဆုကို ဆွတ်ခူးခဲ့တာပဲ ဖြစ်ပါတယ်။

လတ်တလောမှာလည်း ” နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ရဲအုပ်တစ်ယောက်အဖြစ်ပါဝင် ထားတာဖြစ်ပြီး လတ်တလောဖြစ်ပွားနေတဲ့ မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် သြဂုတ်လ (၂၄)ရက်နေ့မှာ ကျင်းပမယ့် ရံပုံငွေဘောလုံးပွဲ မှာ ပါဝင်မယ့် အနုပညာရှင်များထဲမှာလည်း ပါဝင်အားဖြည့်ထားတာပဲ ဖြစ်ပါတယ်။လက်ရှိမှာ တော့ ထွန်းထွန်းရဲ့ အချစ်ရေးကိုပရိသတ်တွေ အထူးစိတ်ဝင်စားနေတာပဲ ဖြစ်ပြီး ထွန်းထွန်းဟာ အရင်ချစ်သူကောင်မလေးနဲ့ပြတ်ပြီးတဲ့နောက်မှာ တစ်ယောက်ထဲ Single အဖြစ်နဲ့ နေထိုင်လာတာအချိန်ကြာမြင့်ခဲ့ပြီလို့ဆိုရမှာပါ။

Single လူပျိုကြီးတစ်ယောက်အဖြစ် အနေကြာလာတဲ့ ထွန်းထွန်းကို သူ့ရဲ့ ချစ်ပရိသတ်တွေက အိမ်ထောင်ပြုစေချင်နေပြီပဲ ဖြစ်သလို ပရိသတ်ကြီးရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒကို ထွန်းထွန်းက ဖြည့်ဆည်းပေးလိုက်ပြီလို့ ဆိုရမှာပါ။ အကြောင်းအရင်းကတော့ ထွန်းထွန်းရဲ့ လူမှုကွန်ရက်စာမျက်နှာ My Day မှာ ရိုမန့်တစ် Surprise ပန်းစည်းလေးနဲ့အတူ သူ့ရဲ့ ချစ်သူပုံလေးကို တင်ထားခဲ့တာပဲ ဖြစ်ပြီး ချစ်သူကောင်မလေးရဲ့ မျက်နှာသွင်ပြင်ကိုအသဲပုံစတေကာနဲ့ ကွယ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ဘယ်သူဘယ်ဝါဆိုတာကို မဖော်ပြထားပေမယ့် လူပျိုကြီး ထွန်းထွန်းကတော့ မင်္ဂလာသတင်း ကြားရတော့မလားဆိုတာ ပရိသတ်တွေကအထူးစိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။Cele Gabar ပရိသတ်ကြီးလည်း ထွန်းထွန်းရဲ့ ချစ်သူဟာ အနုပညာလောကထဲက ဖြစ်မလား အပြင်လောကက ဖြစ်မလားဆိုတာ မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Htin Tun Aung
Shwe Poe @CeleGabar

error: Content is protected !!