” အဆိုေတာ္စိန္လင္းနဲ႕အတူ ေရေဘးသင့္ျပည္သူေတြကို ကိုယ္တိုင္သြားေရာက္လွဴဒါန္းေနတဲ့ မတ္မတ္ျမ”

ေဒါက္တာျမဝတ္ရည္ကေတာ့ မီးသတ္ေရွ႕ယာဥ္ရပ္နားမႈနဲ႕ စကားမ်ားၿပီး ျပႆနာတက္ခဲ့တာကို Live လႊင့္ရာကေန ပရိသတ္ေတြသတိထားမိလာကာ မိန္းမသားျဖစ္ေနေစကာမူ ကိုယ္ရဲ႕ အမွန္တရားကို အခ်က္က်က်ရဲဝံ့စြာ ေျပာဆိုရဲတဲ့ သူတစ္ေယာက္လည္းျဖစ္ပါတယ္။ သူမရဲ႕ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္ခ်က္အျပည့္ ရွိတဲ့အခ်က္ေတြအျပင္ အခက္အခဲႀကံဳေတြ႕ေနရတဲ့ သူေတြက အႀကံေပးစကား ေျပာဖို႕ ခြင့္ေတာင္းလာတဲ့အခါမွာလည္း အားေပးၿပီး အႀကံဥာဏ္မ်ား ေပးမႈေတြေၾကာင့္ သူမကိုခ်စ္တဲ့ We Love အမာခံပရိသတ္ေတြပါရရွိလာတဲ့ ဆယ္လီတစ္ဦးပဲ ျဖစ္ပါတယ္။

မၾကာေသးမီကလည္း Aroma Wedding Show ပြဲမွာပါဝင္ကာ ေမာ္ဒယ္လ္တစ္ေယာက္အေနနဲ႕ ရွိဳး ေလွ်ာက္ခဲ့တာပဲ ျဖစ္ပါတယ္။ အရြယ္နဲ႕မလိုက္ေအာင္ ႏုပ်ိဳေနတဲ့ သူမကိုခ်စ္တဲ့ပရိသတ္ေတြကလည္း ျမန္မာႏုိင္ငံက အြန္ေစာလို႕ေတာင္တင္စားေနတာပဲ ျဖစ္တဲ့အျပင္ သူမကိုခ်စ္တဲ့ပရိသတ္ေတြကေတာ့ ” မတ္မတ္ျမ” ခ်စ္စႏုိးနဲ႕ ေခၚေဝၚၾကၿပီး သူမရဲ႕ We Love ေတြနဲ့အတူ ရုပ္ရွင္ၾကည့္ျခင္း၊ အပန္းေျဖခရီးသြားျခင္းေတြ ျပဳလုပ္ေလ့ရွိသူဆိုလည္း မမွားပါဘူးေနာ္။


လက္ရွိမွာေတာ့ မတ္မတ္ျမဟာ အဆိုေတာ္စိန္လင္း ၊ပိုးၾကာျဖူခင္ တို႕နဲ႕အတူ ေရေဘးသင့္ျပည္သူေတြကို ကိုယ္တိုင္ကိုယ္က်သြားေရာက္လွဴဒါန္း ကူညီေနတာပဲ ျဖစ္ပါတယ္။” စိန္​လင္​း ၊ ပိုးၾကာျဖဴခင္​ ၊​ေဒါက္​တာ ျမဝတ္​ရည္​ ၊ မာရီကိုးလ္​ တို ႔မွ ခက္​ခဲ​ေသာ အရပ္​​ေဒသကို ​ေစတနာ စိတ္​ရင္​းျဖင္​့ အ​ေရာက္​ သြားၿပီး ​ေရ​ေဘးအလွဴ​ေလးကို ​ေဆာင္​ရြက္​ခဲ့ရတာ ဝမ္​းသာပီတိျဖစ္​မိပါတယ္​။ ၇ ရက္​သားသမီးမ်ား ရဲ႕ အလွဴ​ေငြမ်ားကို အ​ေရာက္​​ေပါက္​နည္​း​ေသး​ေသာအစြန္​အဖ်ားအထိ သြားၿပီး ကူညီ​ေပးႏိုင္ခဲ့လို ႔ ပိုၿပီး ကုသိုလ္​ ရ႐ွိခဲ့ပါတယ္​။ ” ဆိုၿပီး အဆိုေတာ္စိန္လင္းရဲ႕ လူမ႕ကြန္ရက္စာမ်က္ႏွာမွာ အလွဴပံုရိပ္ေလးေတြနဲ့အတူ ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း မတ္မတ္ျမရဲ႕ မြန္ျမတ္တဲ့အလွဴအတြက္ သာဓုေခၚခဲ့ပါဦးေနာ္။

Source :Sein Lin
Shwe Poe @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” အဆိုတော်စိန်လင်းနဲ့အတူ ရေဘေးသင့်ပြည်သူတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းနေတဲ့ မတ်မတ်မြ”

ဒေါက်တာမြဝတ်ရည်ကတော့ မီးသတ်ရှေ့ယာဉ်ရပ်နားမှုနဲ့ စကားများပြီး ပြဿနာတက်ခဲ့တာကို Live လွှင့်ရာကနေ ပရိသတ်တွေသတိထားမိလာကာ မိန်းမသားဖြစ်နေစေကာမူ ကိုယ်ရဲ့ အမှန်တရားကို အချက်ကျကျရဲဝံ့စွာ ပြောဆိုရဲတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်အပြည့် ရှိတဲ့အချက်တွေအပြင် အခက်အခဲကြုံတွေ့နေရတဲ့ သူတွေက အကြံပေးစကား ပြောဖို့ ခွင့်တောင်းလာတဲ့အခါမှာလည်း အားပေးပြီး အကြံဉာဏ်များ ပေးမှုတွေကြောင့် သူမကိုချစ်တဲ့ We Love အမာခံပရိသတ်တွေပါရရှိလာတဲ့ ဆယ်လီတစ်ဦးပဲ ဖြစ်ပါတယ်။

မကြာသေးမီကလည်း Aroma Wedding Show ပွဲမှာပါဝင်ကာ မော်ဒယ်လ်တစ်ယောက်အနေနဲ့ ရှိုး လျှောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင် နုပျိုနေတဲ့ သူမကိုချစ်တဲ့ပရိသတ်တွေကလည်း မြန်မာနိုင်ငံက အွန်စောလို့တောင်တင်စားနေတာပဲ ဖြစ်တဲ့အပြင် သူမကိုချစ်တဲ့ပရိသတ်တွေကတော့ ” မတ်မတ်မြ” ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြပြီး သူမရဲ့ We Love တွေနဲ့အတူ ရုပ်ရှင်ကြည့်ခြင်း၊ အပန်းဖြေခရီးသွားခြင်းတွေ ပြုလုပ်လေ့ရှိသူဆိုလည်း မမှားပါဘူးနော်။

လက်ရှိမှာတော့ မတ်မတ်မြဟာ အဆိုတော်စိန်လင်း ၊ပိုးကြာဖြူခင် တို့နဲ့အတူ ရေဘေးသင့်ပြည်သူတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်း ကူညီနေတာပဲ ဖြစ်ပါတယ်။” စိန်လင်း ၊ ပိုးကြာဖြူခင် ၊ဒေါက်တာ မြဝတ်ရည် ၊ မာရီကိုးလ် တို့မှ ခက်ခဲသော အရပ်ဒေသကို စေတနာ စိတ်ရင်းဖြင့် အရောက် သွားပြီး ရေဘေးအလှူလေးကို ဆောင်ရွက်ခဲ့ရတာ ဝမ်းသာပီတိဖြစ်မိပါတယ်။ ၇ ရက်သားသမီးများ ရဲ့ အလှူငွေများကို အရောက်ပေါက်နည်းသေးသော
အစွန်အဖျားအထိ သွားပြီး ကူညီပေးနိုင်ခဲ့လို့ ပိုပြီး ကုသိုလ် ရရှိခဲ့ပါတယ်။ ” ဆိုပြီး အဆိုတော်စိန်လင်းရဲ့ လူမ့ကွန်ရက်စာမျက်နှာမှာ အလှူပုံရိပ်လေးတွေနဲ့အတူ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း မတ်မတ်မြရဲ့ မွန်မြတ်တဲ့အလှူအတွက် သာဓုခေါ်ခဲ့ပါဦးနော်။

Source :Sein Lin
Shwe Poe @CeleGabar

error: Content is protected !!