39,785
Khin @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
“Lady Boy ရုပ်ရှင်ဇာတ်ကားမှ အတွင်းသားအလှတွေကိုဖော်ထုတ်ပြခဲ့တဲ့ အိချောပို”
အိချောပိုရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ သွင်ပြင်ဟန်ပန်တွေဟာ ပုရိသတွေကို ဟင်ခနဲဟာခနဲဖြစ်သွားစေတဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။အလှအပပိုင်းပဲ ပြည့်စုံတာ တင်မဟုတ်ပဲ အနုပညာဘက်မှာလည်း အနုပညာကျောင်းဆင်းဆိုတဲ့အတိုင်း ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အားမာန်အပြည့်နဲ့ သရုပ်ဆောင်တတ်တဲ့မင်းသမီးချောလေးဖြစ်ပါတယ်။ သရုပ်ဆောင်ဘက်မှာသာမကအဆိုဘက်ကိုလည်း ဝါသနာပါသူလေးဖြစ်ပါတယ်။သူမရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ အနုပညာလှုပ်ရှားမှုများကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြလေ့ရှိပါတယ်။
လတ်တလောမှာသူမပါဝင်ထားတဲ့ Lady Boy ဇာတ်ကားကတော့ ပရိသတ်တွေပါးစပ်ဖျားမှာရေပန်းစားနေတာပဲ ဖြစ်ပါတယ်။Lady Boy ဇာတ်ကားမှာ ထိုင်းနိုင်ငံရောက်မြန်မာမော်ဒယ်မင်းသမီးစင်သီယာအဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။LadyBoyဇာတ်ကားနဲ့ပတ်သတ်ပြီးအိချောပိုက “တစ်ကားလုံးကလေရီရတဲ့ အခန်းလေးတွေရော တစ်ချို့အခန်းလေးတွေကျတော့ အက်ရှင်ဘက်ပေါ့နော်။ဇာတ်လမ်းလေးကလည်းဆန်းတယ်။ပရိသတ်တွေကြိုက်မယ်ထင်ပါတယ်။ရေကူးဝတ်စုံ Two Pieceကတော့နိုင်ငံခြားမှာနေနေတဲ့မော်ဒယ်တစ်ယောက်အနေနဲ့ ကိုပေါက်ကလည်းပြောတယ်။ သမီးဒီအခန်းကတေယ့မဝတ်ပေးလို့မရဘူးဆိုလို့ ဝတ်လိုက်တာပါ။လိုအပ်တဲ့ကာရိုက်တာအရဝတ်ခဲ့တာပါ။ကားတိုင်းဝတ်ဖို့ကတော့ ဇာတ်ပေါ်ပဲမူတည်တာပေါ့။စူရိုက်ကူးချင်တဲ့ဇာတ်မျိုးဆိုရင်တော့ တစ်မျိုးပေါ့နော်။ကားတိုင်းဝတ်ဖို့ကတော့လိုမှမလိုတာနော်။အာ့ကားလေးရိုက်တုန်းကလေ ဘန်ကောက်ရယ်၊ရန်ကုန်ရယ်၊နေပြည်တော်ရယ်နောက် အခြားနေရာတွေလည်းရှိတယ်။Location တော်တော်ပျံ့တယ်။ပရိသတ်တွေကိုအမြင်တစ်ခုနဲ့တစ်ခုမရိုးအောင် ကာရိုက်တာတစ်ယောက်တစ်မျိူ းလည်းမတူတာမို့ပရိသတ်တွေကြိုက်မှာပါ” လို့ပြောပြခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရော အိချောပိုကိုအားပေးရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source : Exclusive on CeleGabar
Khin @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်