



Source: Ei Chaw Po
Shwe Poe@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

“ရေဘေးအတွက် ပရဟိတတွေ ကိုယ်တိုင်ပါဝင်ပြီးနောက် ခရီးပန်းကာ အပြင်းဖျားနေတဲ့ အိချောပို ”

အိချောပိုကတော့ သူမရဲ့သရုပ်ဆောင်ချက်တွေနဲ့ ခပ်မိုက်မိုက်ဘော်ဒီတွေကြောင့် ပရိသတ်တွေကချစ်ကြတဲ့အပြင် ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တာပဲ ဖြစ်ပြီး စူစူလို့ ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတာပဲ ဖြစ်ပါတယ်။သူမရဲ့ဇာတ်ကားတွေကို အမျိုးသားပရိသတ်တွေကပိုမို အကြိုက်တွေ့အားပေးလေ့ရှိပြီး စူစူကတော့အဆိုပိုင်းမှာလည်း ထူးချွန်သူလေး ဖြစ်ပါတယ်။

ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်းတွေလည်းမကြာခဏပြုလုပ်တတ်တဲ့ သူမကတော့ အဘက်ဘက်ထူးချွန်တဲ့သူတစ်ယောက်ပါပဲနော်။သူမရဲ့ပွဲတက်စတိုင်တွေကလည်း ပရိသတ်တွေ အတွက် ဆွဲဆောင်မှုရှိလွန်းတဲ့အပြင် ပွင့်လင်းလွန်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ချစ်သူခင်သူတွေပေါများနေတာပဲ ဖြစ်ပါတယ်။မကြာသေးမီကလည်း ကိုယ်တိုင်ပါဝင်ကာ ရေဘေးသင့်ပြည်သူများကို သွားရောက်ကူညီလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အိချောပိုဟာ ရေဘေးအတွက်တစ်အိမ်တက်တစ်အိမ်ဆင်း အပင်ပန်းပန်းခံကာ လှူဒါန်းခဲ့ပြီးနောက် ခရီးပန်းကာ အဖျားဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ယနေ့ချိန်ထိမသက်သာသေးတာကြောင့် ” အဖျားရယ် ဘယ်တော့များမှ ပျောက်မှာလဲကွယ် ” သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတဲ့အပြင် သူမရဲ့ My Day မှာလည်း အဖျားမပျောက်သေးလို့ ဆန်ပြုတ်သောက်နေရကြောင်းကို ပုံလေးတွေနဲ့တကွ တင်ထားတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း အိချောပိုလေး နေမြန်မြန်ကောင်းအောင် ဆုတောင်းပေးခဲ့ပါဦးနော်။

Source: Ei Chaw Po
Shwe Poe@CeleGabar

error: Content is protected !!