

Roy Leh Marnya


Lai Kinaree


Song Sanaeha

Source:thaiupdate
Sweet@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေအကြိုက်တွေ့ဦးမဲ့ ထိုင်းနိုင်ငံရဲ့ထိပ်တန်းသရုပ်ဆောင်တွေပါဝင်တဲ့ရုပ်သံဇာတ်လမ်းတွဲ(၃)ခု
ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ပရိသတ်ကိုဖမ်းစားထားနိုင်တဲ့ရုပ်သံဇာတ်လမ်းတွဲတွေ အများကြီးရှိပါတယ်။အဲ့ဒီအထဲကမှ မြန်မာပရိသတ်တွေအကြိုက်တွေ့ရတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ထိုင်းဇာတ်လမ်းတွဲတွေလည်း ပါဝင်ပါတယ်။ဇာတ်အိမ်ဆန်းဆန်းလေးတွေအပြင် ရုပ်ရည်ချောမောလှပတဲ့သရုပ်ဆောင်တွေကလည်း ပရိသတ်တွေကိုဖမ်းစားထားနိုင်တာပါ။ ပရိသတ်တွေရှေ့ကိုမကြာခင်ရောက်ရှိလာတော့မဲ့ ဒိတ်ဒိတ်ကြဲတွေသရုပ်ဆောင်ထားတဲ့ ထိုင်းဇာတ်လမ်းတွဲတွေရှိပါတယ်။ ထိုင်းဇာတ်လမ်းတွဲတွေကိုကြိုက်တဲ့ Cele Gabar ရဲ့ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Roy Leh Marnya


နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Bella Ranee နဲ့အတူ မင်းသားချော Pope Thanawat တို့ကို ဇာတ်လမ်းတွဲအသစ်မှာပြန်လည်မြင်တွေ့ရဦးမှာပါ။သူတို့နှစ်ဦးဟာ လူကြိုက်များခဲ့တဲ့ “Buppesunnivas” ဇာတ်ကားမှာလည်း အတူတူသရုပ်ဆောင်ခဲ့ပါတယ်။
Lai Kinaree


ပရိသတ်အချစ်တော်ထိပ်တန်းသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Nadech Kugimiya နဲ့ Yaya Urassaya တို့ကို အတူတူမြင်တွေ့ခွင့်ရဦးမှာပါ။ဒီဇာတ်ကားထဲမှာဝတ်ဆင်မဲ့ဝတ်စုံတွေအတွက် သိပ်မကြာခင်မှာအပြီးသတ်ပြင်ဆင်တော့မှာဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ သရုပ်ဆောင်အနေနဲ့အလုပ်အတူတူလုပ်ဖြစ်တာ ဒီတစ်ခါနဲ့ဆို(၈)ကြိမ်မြောက်ခဲ့ပါပြီ။
Song Sanaeha

မင်းသမီးချော Kimmy Kimberley ကို James Ma နဲ့အတူမြင်တွေ့ခွင့်ရမဲ့ဇာတ်လမ်းတွဲအသစ်လည်း ထွက်ရှိလာဦးမှာပါ။ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်တွေတောင်ထွက်ရှိလာခဲ့တာကြောင့် ပရိသတ်တွေဆီကို မကြာခင်ရောက်လာတော့မှာအသေအချာပါပဲ။

error: Content is protected !!