” မန္တလေးက ပရိသတ်တွေကို ယုံကြည်ပြီး One Man Show ကို မန္တလေးမှာ လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ G Fatt”
Source; G Fatt
ချစ်သဲမေ @CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်
” မန္တလေးက ပရိသတ်တွေကို ယုံကြည်ပြီ One Man Show ကို မန္တလေးမှာ လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ G Fatt”
G Fattကတော့ အနုပညာလောကမှာ ပရိသတ်အချစ်ကို သိမ်းပိုက်ထားနိုင်တဲ့ အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။သူရဲ့ သီချင်းတွေက လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ နေရာအပြည့်ယူနိုင်တဲ့ အဆိုတော်တစ်ယောက်ပါ။ သီချင်းတွေကို ခံစားချက်အပြည့်နဲ့ ရေးသားတတ်တဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ ကိုယ်ပိုင်သံစဉ်တွေကိုပဲ ပရိသတ်ရှေ့ချပြနိုင်အောင်ကြိုးစားနေသူတစ်ယောက်လို့ ဆိုလည်း မမှားပါဘူး။
ချစ်သူကောင်မလေးအပေါ်မှာလည်း အရမ်းချစ်တတ်တဲ့ သူတစ်ယောက်ဖြစ်ပြီး သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးစပ်ပေးနေတာပဲဖြစ်ပါတယ်။ ချစ်သူအပေါ်မှာ နားလည်မှုအပြည့်နဲ့ ချစ်တတ်တဲ့ စုံတွဲလေးဖြစ်ပြီးတော့ ချစ်သူသက်တမ်း(၂)နှစ်ကျော်လာခဲ့ပါပြီ။ပရိသတ်တွေအားကျရတဲ့ ဒိတ်ဒိတ်ကြဲအဆိုတော်နှစ်ယောက်ရဲ့ စုံတွဲလေးတစ်တွဲလည်းဖြစ်ပါတယ်။အဆိုတော်နှစ်ယောက်လုံးက ပရိသတ်တွေအတွက် သီချင်းအသစ်တွေကို ချပြနိုင်အောင် ကြိုးစားနေကြတာပါ။
လက်ရှိမှာလည်း G Fattက “ကျွန်တော် မန္တလေးမှာ One Man Show လာလုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီဇင်ဘာ (၁)ရက်နေ့ (သို့မဟုတ်) နိုဝင်ဘာ (၁၁)ရက်နေ့ လို့ ယာယီရွေးထားပါတယ်။ ဘယ်လ ဘယ်ရက်ဆို ပွဲလုပ်လို့အကောင်းဆုံးဖြစ်မလဲ ဆိုတာ အကြံပေးကြပါဦးခင်ဗျာ။ကျွန်တော် မန်းလေးနဲ့ မန္တလေးအနီးတစ်ဝိုက် က ပရိတ်သတ်တွေကို ယုံကြည်အားကိုးပြီး လာလုပ်ရတဲ့ပွဲမို့လို့ ။ကျွန်တော့်ပွဲကို အားလုံးဝန်းရံပေးကြဖို့ တောင်းဆိုလိုပါတယ်”ဆိုတာကို သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်…..။
Source; G Fatt
ချစ်သဲမေ @CeleGabar
x
error: Content is protected !!