



Source : Chaw Yadanar
Chilli@CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

“ပရိသတ်တွေသဘောကျနေတဲ့ ချောရတနာနဲ့ သန္တာဗိုလ်တို့ညီအစ်မနှစ်ယောက်ရဲ့ အလန်းစား Tik Tok ဗီဒီယိုလေး”

အနုပညာလောကမှာ အောင်မြင်မှုတွေအပြည့်အဝရရှိပိုင်ဆိုင်ထားတဲ့ ချောရတနာနဲ့ သန္တာဗိုလ်တို့ ညီအစ်မနှစ်ယောက်ကို ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါ။လက်ရှိမှာချောရတနာကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ထောင်ထားပြီး ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်နဲ့ မီးမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

သန္တာဗိုလ်ကလည်း မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး လက်ရှိမှာတော့ မင်းသမီးတစ်ယောက်အနေနဲ့ပါ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုနဲ့ အောင်မြင်မှုကိုအပြည့်အဝရရှိနေတာလည်းဖြစ်ပါတယ်။သန္တာဗိုလ်က သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားပြီး တစ်ဦးကိုတစ်ဦး နားလည်မှုအပြည့်အဝနဲ့ ပျော်ရွှင်သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေက Idol Coupleအဖြစ်သတ်မှတ်ခြင်းကို ခံရတဲ့ အတွဲလေးတစ်တွဲလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ ချောရတနာနဲ့ သန္တာဗိုလ်တို့ ညီအမနှစ်ယောက်ဟာ အမိုက်စား၊ အလန်းစား Tik Tok ဗီဒီယိုလေးတစ်ခုကို ရိုက်ပြီး ချောရတနာက “ငါ့ကိုလျှော့မတွက်ပါနဲ့လို့ မပြောခဲ့ဘူးလား”ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးအတွက် ချောရတနာတို့ ညီမနှစ်ယောက်ရဲ့ အမိုက်စား Tik Tok လေးကို မျှဝေပေးလိုက်ပါတယ်။

Source : Chaw Yadanar
Chilli@CeleGabar

x
error: Content is protected !!