



Source : Han Thi
Chilli@CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

“ပရိသတ်တစ်ဦးရဲ့ လက်ဆောင်လေးကြောင့် အပျော်ကြီးပျော်နေတဲ့ ဟန်တီ”

ဟန်တီကတော့ Miss World (2018) ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်တစ်ဦးပဲဖြစ်ပါတယ်။အလှမယ် ဟန်တီကတော့ ဇွန်လ (၉) ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ Seoul မြို့ Olympic Hall မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Model Award ဆုပေးပွဲ အခမ်းအနားကြီးမှာ Myanmar Model Star Award ဆုကြီးကိုလည်းထိုက်ထိုက်တန်တန်နဲ့ရရှိခဲ့ပါသေးတယ်။ဒီပွဲကြီးမှာလည်း ဟန်တီက ကျေးဇူးတင်စကားကို ကိုရီးယားဘာသာစကားနဲ့ ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်ပြောဆိုခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချီးကျူးခြင်းကို ခံခဲ့ရပါသေးတယ်။

ဟန်တီကတော့ အလှမယ်တစ်ဦးမဖြစ်ခင်ကတည်းကအဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတာဖြစ်တဲ့အပြင် အခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားတွေကိုပါ မင်းသမီးတစ်ယောက်အဖြစ် ပါဝင်ရိုက်ကူးနေပါသေးတယ်။မကြာသေးမီကလည်း ဟန်တီဟာ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာကျင်းပပြုလုပ်တဲ့ Incheon International single media festival (2019)ပွဲကြီးကို မော်ဒယ်မင်းသားချော ထွန်းကိုကိုနဲ့အတူ မြန်မာကိုယ်စားပြုအနေနဲ့တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ဟန်တီကတော့ ဒီနေ့မှာလည်း သူမရဲ့ ပရိသတ်တစ်ဦးက သူမရဲ့ ပုံလေးကိုလက်ဆောင်ပေးလာတဲ့ အကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကျေးဇူးတင်ကြောင်းဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးထဲမှာရော ဟန်တီရဲ့ ပရိသတ်တွေရှိရင် မှတ်ချက်လေးတွေရေးပေးခဲ့ပါဦးနော်။

Source : Han Thi
Chilli@CeleGabar

x
error: Content is protected !!