Miss Universe 2018 ရဲ႕ ၀တ္စံုနဲ႔တစ္ပံုစံတည္းတူတဲ့၀တ္စံုကို၀တ္ျပီးျပိဳင္ပြဲ၀င္ခဲ့တာေၾကာင့္ ေ၀ဖန္ခံေနရတဲ့အလွမယ္ႏွစ္ဦး

Miss Earth ျပိဳင္ပြဲဟာ ကမၻာေပၚမွာအၾကီးဆံုးအလွမယ္ျပိဳင္ပြဲေတြထဲကတစ္ခုျဖစ္ပါတယ္။ ျမန္မာႏိုင္ငံကိုယ္စားျပဳ၀င္ေရာက္ယွဥ္ျပိဳင္ဖို႔အတြက္ Miss Earth Myanmar 2019 ျပိဳင္ပြဲၾကီးကို လက္ရွိအခ်ိန္မွာက်င္းပေနတာျဖစ္ပါတယ္။ၾသဂုတ္လ(၂၆)ရက္ေန႔ညမွာေတာ့ preliminary competition ကို က်င္းပခဲ့ျပီး ယေန႔ညမွာေတာ့ ဖိုင္နယ္ပြဲၾကီးကိုက်င္းပမွာျဖစ္ပါတယ္။


preliminary competition မွာဆိုရင္ ျပိဳင္ပြဲ၀င္ေတြဟာ ေရကူး၀တ္စံုေတြ ညေနခင္း၀တ္စံုေတြကို ၀တ္ဆင္ျပီးယွဥ္ျပိဳင္ရမွာပါ။ညေနခင္း၀တ္စံုေတြ၀တ္ဆင္ယွဥ္ျပိဳင္ရာမွာေတာ့ ပရိသတ္ေတြၾကားမွာအေတာ္ေလးပြဲဆူသြားေစတဲ့ျဖစ္ရပ္တစ္ခုျဖစ္ခဲ့ပါတယ္။ Miss Earth ျပိဳင္ပြဲ၀င္ေတြအထဲက အလွမယ္ႏွစ္ဦးဟာ လက္ရွိသရဖူရရွိထားတဲ့ Miss Universe တစ္ေယာက္ျဖစ္တဲ့ ဖိလစ္ပိုင္အလွမယ္ Catriona Gray ရဲ႕ ညေနခင္း၀တ္စံုနဲ႔တစ္ပံုစံတည္းတူတာကို ၀တ္ဆင္ထားတာေၾကာင့္ပါပဲ။

Catriona Grayဟာ ကမၻာေပၚမွာအၾကီးဆံုးအလွမယ္ျပိဳင္ပြဲျဖစ္တဲ့ Miss Universe ျပိဳင္ပြဲမွာအႏိုင္ရရွိထားတဲ့အလွမယ္တစ္ေယာက္ပါ။သူမဟာ အလွမယ္ေတြထဲမွာ ထူးထူးျခားျခားၾကိဳးစားတဲ့သူျဖစ္ျပီး ကိုယ္ရည္ကိုယ္ေသြးေကာင္းမြန္တဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ အလွမယ္ေတာ္ေတာ္မ်ားမ်ားရဲ႕စံျပအလွမယ္အျဖစ္သတ္မွတ္ခံထားရသူပါ။သူမ၀တ္ဆင္ခဲ့တဲ့ အနီေရာင္ညေနခင္း၀တ္စံုဟာ Miss Universeဖိုင္နယ္ျပိဳင္ပြဲၾကီးမွာ ၀တ္ဆင္ခဲ့ျပီး မီးေတာင္ကိုစိတ္ကူးပံုေဖာ္ခ်ဳပ္လုပ္ထားတာေၾကာင့္ အလြန္နာမည္ၾကီးခဲ့ဖူးတဲ့၀တ္စံုတစ္ခုပါ။

ပန္းေရာင္၀တ္စံုကေတာ့ 2019 ခုႏွစ္အတြက္ေရြးခ်ယ္လိုက္တဲ့ Miss Universe Philippines ကို သရဖူလႊဲတဲ့အခ်ိန္မွာ၀တ္ဆင္ခဲ့တဲ့ ၀တ္စံုျဖစ္ပါတယ္။ပရိသတ္ေတြကေတာ့ ႏိုင္ငံကိုယ္စားျပဳအလွမယ္တစ္ေယာက္ျဖစ္လာမဲ့သူဟာ ဒီလိုမ်ိဳးကူးခ်တာမသင့္ေတာ္ဘူးလို႔ေ၀ဖန္ေနၾကပါျပီ။Cele Gabar ရဲ႕ပရိသတ္ၾကီးေကာ ဘယ္လိုထင္ပါသလဲ…။
Screen shot From Miss Earth Myanmar Page
Sweet@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

Miss Universe 2019 ရဲ့ ဝတ်စုံနဲ့တစ်ပုံစံတည်းတူတဲ့ဝတ်စုံကိုဝတ်ပြီးပြိုင်ပွဲဝင်ခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့အလှမယ်နှစ်ဦး

Miss Earth ပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာအကြီးဆုံးအလှမယ်ပြိုင်ပွဲတွေထဲကတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် Miss Earth Myanmar 2019 ပြိုင်ပွဲကြီးကို လက်ရှိအချိန်မှာကျင်းပနေတာဖြစ်ပါတယ်။သြဂုတ်လ(၂၆)ရက်နေ့ညမှာတော့ preliminary competition ကို ကျင်းပခဲ့ပြီး ယနေ့ညမှာတော့ ဖိုင်နယ်ပွဲကြီးကိုကျင်းပမှာဖြစ်ပါတယ်။


preliminary competition မှာဆိုရင် ပြိုင်ပွဲဝင်တွေဟာ ရေကူးဝတ်စုံတွေ ညနေခင်းဝတ်စုံတွေကို ဝတ်ဆင်ပြီးယှဉ်ပြိုင်ရမှာပါ။ညနေခင်းဝတ်စုံတွေဝတ်ဆင်ယှဉ်ပြိုင်ရာမှာတော့ ပရိသတ်တွေကြားမှာအတော်လေးပွဲဆူသွားစေတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ Miss Earth ပြိုင်ပွဲဝင်တွေအထဲက အလှမယ်နှစ်ဦးဟာ လက်ရှိသရဖူရရှိထားတဲ့ Miss Universe တစ်ယောက်ဖြစ်တဲ့ ဖိလစ်ပိုင်အလှမယ် Catriona Gray ရဲ့ ညနေခင်းဝတ်စုံနဲ့တစ်ပုံစံတည်းတူတာကို ဝတ်ဆင်ထားတာကြောင့်ပါပဲ။

Catriona Grayဟာ ကမ္ဘာပေါ်မှာအကြီးဆုံးအလှမယ်ပြိုင်ပွဲဖြစ်တဲ့ Miss Universe ပြိုင်ပွဲမှာအနိုင်ရရှိထားတဲ့အလှမယ်တစ်ယောက်ပါ။သူမဟာ အလှမယ်တွေထဲမှာ ထူးထူးခြားခြားကြိုးစားတဲ့သူဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေးကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် အလှမယ်တော်တော်များများရဲ့စံပြအလှမယ်အဖြစ်သတ်မှတ်ခံထားရသူပါ။


သူမဝတ်ဆင်ခဲ့တဲ့ အနီရောင်ညနေခင်းဝတ်စုံဟာ Miss Universeဖိုင်နယ်ပြိုင်ပွဲကြီးမှာ ဝတ်ဆင်ခဲ့ပြီး မီးတောင်ကိုစိတ်ကူးပုံဖော်ချုပ်လုပ်ထားတာကြောင့် အလွန်နာမည်ကြီးခဲ့ဖူးတဲ့ဝတ်စုံတစ်ခုပါ။


ပန်းရောင်ဝတ်စုံကတော့ 2019 ခုနှစ်အတွက်ရွေးချယ်လိုက်တဲ့ Miss Universe Philippines ကို သရဖူလွှဲတဲ့အချိန်မှာဝတ်ဆင်ခဲ့တဲ့ ဝတ်စုံဖြစ်ပါတယ်။
ပရိသတ်တွေကတော့ နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်လာမဲ့သူဟာ ဒီလိုမျိုးကူးချတာမသင့်တော်ဘူးလို့ဝေဖန်နေကြပါပြီ။Cele Gabar ရဲ့ပရိသတ်ကြီးကော ဘယ်လိုထင်ပါသလဲ…။

error: Content is protected !!