“က်ားက်ားႀကိဳက္ႀကိဳက္ ရုပ္ရွင္ဇာတ္ကားႀကီးကိုၾကည့္ၿပီးေနာက္မွာ ဇာတ္ဝင္ေတး ကမ္းစပ္ သီခ်င္းနဲ ႔ ပဲကေနမိတယ္ဆိုတဲ့ မေအးေသာင္း “

ေအးဝတ္ရည္ေသာင္းကေတာ့ ျမန္မာဆန္ဆန္ေလးနဲ ႔ ပုရိသေတြအသည္းကိုလႈပ္ႏႈိး ႏိုင္သူပါ။အသက္(၁၂)ႏွစ္တည္းက အႏုပညာေလာကထဲဝင္လာၿပီး ေမာ္ဒယ္အလုပ္ကိုလုပ္ကိုင္လာတဲ့ေအးေသာင္းကေတာ့ အသက္နဲ႔ပတ္သက္ၿပီး႐ိုက္ခတ္မႈေတြရွိခဲ့ေပမယ့္လည္း လက္ရွိမွာေအာင္ျမင္တဲ့အႏုပညာရွင္တစ္ေယာက္လို႔ ဆိုရမွာပါ။ႏွစ္အေတာ္ၾကာအႏုပညာအလုပ္နဲ႔ေဝးကြာခဲ့ေပမယ့္ ျမန္မာဆန္တဲ့ ပုံရိပ္ေလးေတြနဲ႔အတူ ပရိသတ္ေတြနဲ႔ျပန္လည္ထိေတြ႕လာၿပီး သူမပထမဆုံးျပန္လည္႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားကေတာ့ “မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားႀကီး ျဖစ္ၿပီး ပရိသတ္ေတြ ကပင္ အကယ္ဒမီဆုအတြက္ ေမွ်ာ္မွန္းေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။

အႏုပညာပြဲတက္ေတြအျပင္ ဇာတ္ကားေတြကိုလည္းဆက္တိုက္႐ိုက္ကူးလာတဲ့အျပင္ နန္းဆန္တဲ့ အလွပုံရိပ္ေလးေတြကိုလည္း ပရိသတ္နဲ႔ ထိေတြ႕မႈရွိေစရန္ သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေဝမွ်ေပးေလ့ရွိတာပဲ ျဖစ္ပါတယ္။
မၾကာေသးမီက ျမန္မာႏိုင္ငံရဲ႕ ေရွးခတ္အလွအပနဲ႔ယဥ္ေက်းမႈေတြ စုစည္းတည္ရွိေနတဲ့ ပုဂံကို ကမာၻ႔အေမြအႏွစ္စာရင္းဝင္ ျဖစ္ေရးအတြက္ အင္တိုက္အားတိုက္ ပါဝင္ေဆာင္႐ြက္ခဲ့သူတစ္ဦးပဲ ျဖစ္ပါတယ္။လက္ရွိ ျဖစ္ပြားလ်က္ရွိတဲ့ ေရေဘးသင့္ေနရာေတြကို ကိုယ္တိုင္သြားကာ လွဴဒါန္းခဲ့ၿပီးေနာက္ ခရီးပန္းကာ ေဆးရံုတက္ခဲ့ရေသးတာပဲ ျဖစ္ပါတယ္။

ေပါ့ေပါ့ပါးပါးေပ်ာ္ေပ်ာ္ ေနတတ္တဲ့ မေအးေသာင္းကေတာ့ သူငယ္ခ်င္းေတြနဲ႕အတူ အခ်ိန္ေတြကုန္ဆံုးေလ့ရွိသူျဖစ္ၿပီး လက္ရွိမွာလည္း “က်ားက်ားႀကိဳက္ႀကိဳက္” ရုပ္ရွင္ဇာတ္ကားႀကီးကို သြားၿပဘ့္ခဲ့တာနဲ့ ပတ္သက္ၿပီး “မေန႔ညကသြားၾကည့္ခဲ့တာ ဘယ္လိုေတြခ်စ္ဖို ႔ေကာင္းၿပီး ရီရသလဲဆိုတာ တေနကုန္အလုပ္လုပ္လာတဲ့ ကိုယ္ေတာင္ ပင္ပန္းတာေတြေမ့သြားတယ္။မႀကီးစန္း သုသု လင္းကေလး နဲ႔ ထက္ တို ႔ဆိုေတာ့ပြဲသိမ္း။ လူေတြကိုႀကိဳက္လို႔ကို သြားအားေပးတာ။(၂၉ )ရက္ေန႔ျပၿပီတဲ့ေနာ္။မင္းသား မင္းသမီးေတြ Modelေတြ သတို႔သား သတို႔သမီးေတြ ဘြဲေတြ အလွဓာတ္ပံုေတြ Miss ေတြနဲ႔ ေနာက္ကြယ္ကေန အလွေတြျပည့္စံုေအာင္ အၿမဲဖန္တီးေပးၾကတဲ့ ကၽြန္မတို ႔ရဲ႕ခ်စ္ေသာ Make Up Artist ေတြကို အားေပးၾကပါအံုးရွင့္။ၾကည့္ၿပီးျပန္လာေတာ့ ကမ္းစပ္ တို႔ဟာ ကမ္းစပ္ နဲ႔ ပဲကေနမိတာ” ဆိုၿပီး ေျပာထားတာပဲျဖစ္ပါတယ္။CeleGabarပရိသတ္ႀကီးလည္း “က်ားက်ားႀကိဳက္ႀကိဳက္” ရုပ္ရွင္ဇာတ္ကားႀကီးကို သြားၾကည့္ဖို႕ အဆင္သင့္ပဲလားဆိုတာမွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source :Aye Thaung
Shwe Poe@Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

“ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ပြီးနောက်မှာ ဇာတ်ဝင်တေး ကမ်းစပ် သီချင်းနဲ့ ပဲကနေမိတယ်ဆိုတဲ့ မအေးသောင်း ”

အေးဝတ်ရည်သောင်းကတော့ မြန်မာဆန်ဆန်လေးနဲ့ ပုရိသတွေအသည်းကိုလှုပ်နှိုး နိုင်သူပါ။အသက်(၁၂)နှစ်တည်းက အနုပညာလောကထဲဝင်လာပြီး မော်ဒယ်အလုပ်ကိုလုပ်ကိုင်လာတဲ့အေးသောင်းကတော့ အသက်နဲ့ပတ်သက်ပြီးရိုက်ခတ်မှုတွေရှိခဲ့ပေမယ့်လည်း လက်ရှိမှာအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်လို့ ဆိုရမှာပါ။နှစ်အတော်ကြာအနုပညာအလုပ်နဲ့ဝေးကွာခဲ့ပေမယ့် မြန်မာဆန်တဲ့ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေနဲ့ပြန်လည်ထိတွေ့လာပြီး သူမပထမဆုံးပြန်လည်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပြီး ပရိသတ်တွေ ကပင် အကယ်ဒမီဆုအတွက် မျှော်မှန်းပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

အနုပညာပွဲတက်တွေအပြင် ဇာတ်ကားတွေကိုလည်းဆက်တိုက်ရိုက်ကူးလာတဲ့အပြင် နန်းဆန်တဲ့ အလှပုံရိပ်လေးတွေကိုလည်း ပရိသတ်နဲ့ ထိတွေ့မှုရှိစေရန် သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။
မကြာသေးမီက မြန်မာနိုင်ငံရဲ့ ရှေးခတ်အလှအပနဲ့ယဉ်ကျေးမှုတွေ စုစည်းတည်ရှိနေတဲ့ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။လက်ရှိ ဖြစ်ပွားလျက်ရှိတဲ့ ရေဘေးသင့်နေရာတွေကို ကိုယ်တိုင်သွားကာ လှူဒါန်းခဲ့ပြီးနောက် ခရီးပန်းကာ ဆေးရုံတက်ခဲ့ရသေးတာပဲ ဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါးပျော်ပျော် နေတတ်တဲ့ မအေးသောင်းကတော့ သူငယ်ချင်းတွေနဲ့အတူ အချိန်တွေကုန်ဆုံးလေ့ရှိသူဖြစ်ပြီး လက်ရှိမှာလည်း “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇာတ်ကားကြီးကို သွားပြဘ့်ခဲ့တာနဲ့ ပတ်သက်ပြီး “မနေ့ညကသွားကြည့်ခဲ့တာ ဘယ်လိုတွေချစ်ဖို့ကောင်းပြီး ရီရသလဲဆိုတာ တနေကုန်အလုပ်လုပ်လာတဲ့ ကိုယ်တောင် ပင်ပန်းတာတွေမေ့သွားတယ်။မကြီးစန်း သုသု လင်းကလေး နဲ့ ထက် တို့ဆိုတော့ပွဲသိမ်း။ လူတွေကိုကြိုက်လို့ကို သွားအားပေးတာ။(၂၉ )ရက်နေ့ပြပြီတဲ့နော်။မင်းသား မင်းသမီးတွေ Modelတွေ သတို့သား သတို့သမီးတွေ ဘွဲတွေ အလှဓာတ်ပုံတွေ Miss တွေနဲ့ နောက်ကွယ်ကနေ အလှတွေပြည့်စုံအောင် အမြဲဖန်တီးပေးကြတဲ့ ကျွန်မတို့ရဲ့ချစ်သော Make Up Artist တွေကို အားပေးကြပါအုံးရှင့်။ကြည့်ပြီးပြန်လာတော့ ကမ်းစပ် တို့ဟာ ကမ်းစပ် နဲ့ ပဲကနေမိတာ” ဆိုပြီး ပြောထားတာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးလည်း “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇာတ်ကားကြီးကို သွားကြည့်ဖို့ အဆင်သင့်ပဲလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Source :Aye Thaung
Shwe Poe@Cele Gabar

error: Content is protected !!