” စစ္ေဘးသင့္ ျပည္သူမ်ားအတြက္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)အထိ သြားေရာက္လွဴဒါန္းခဲ့တဲ့ ေက်ာ္သူ”

ျမန္​မာႏိုင္​ငံထိပ္​တန္​းအႏုပညာ႐ွင္​​ေတြထဲကတစ္​​ေယာက္​အပါအဝင္​ျဖစ္​တဲ့ ဦး​ေက်ာ္​သူက သ႐ုပ္​​ေဆာင္​ပိုင္​းမွာပီျပင္​လြန္​းတာ​ေၾကာင္​့ “တစ္​ျပည္​သူမ​ေရႊထား” “အ​ေမ့ႏို႔ဖိုး”႐ုပ္​႐ွင္​ဇာတ္​ကား​ေတြမွာ အ​ေကာင္​းဆံုး အကယ္​ဒမီဆု​ေတြကို သိမ္​းပိုက္​ထားႏိုင္​တာျဖစ္​ပါတယ္​။ ရုပ္ရွင္ဇာတ္ကားမ်ားကို လိုခ်င္​တဲ့ ပံုစံ​ေရာက္​​ေအာင္​ ပံု​ေဖာ္​႐ိုက္​ကူးတဲ့​ေနရာမွာလည္​း ထူးခၽြန္​တဲ့ ဒါ႐ိုက္​တာတစ္​​ေယာက္​ပါ။

လက္​႐ွိမွာ​ေတာ့ အႏုပညာအလုပ္​​ေတြထက္​ပရဟိတအလုပ္​​ေတြကို ဦးစား​ေပးလုပ္​ကိုင္​​ေနသူတစ္​​ေယာက္​ျဖစ္​ၿပီး​ေတာ့ ရန္​ကုန္​အခမဲ့နာ​ေရးကူညီမႈအသင္​းရဲ႕ ဒုတိယဥကၠ႒တစ္​​ေယာက္​အ​ေနနဲ႔ ပါဝင္​​ေဆာင္​ရြက္​​ေနတာျဖစ္​ပါတယ္​။လတ္​တ​ေလာမွာ​ေတာ့ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)စစ္ေဘးသင့္ တိုင္းရင္းသားျပည္သူမ်ားကို သြားေရာက္လွဴဒါန္းရန္ ျပင္ဆင္ေနတာလည္းျဖစ္ပါတယ္။

ေက်ာ္သူကေတာ့ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)စစ္ေဘးသင့္ တိုင္းရင္းသားျပည္သူမ်ားအတြက္ ရည္ရြယ္ကာ အိမ္ေထာင္စု(၃၀၀)စာ အစားအေသာက္နဲ႔ အ၀တ္အထည္မ်ားကို သြားေရာက္လွဴဒါန္းခဲ့တာကို ” ၂၀၁၉ ၾသဂုတ္(၂၉) နာေရးကူညီမႈအသင္း(ရန္ကုန္)မွ “အမ်ားျပည္သူအတြက္ အမ်ားျပည္သူေကာင္းမႈ” အျဖစ္ရည္ရြယ္ကာ ယခုအခါတြင္ ျဖစ္ပြားလ်က္ရွိေသာ သဘာ၀ေဘးအႏၱရယ္အမ်ိဳးမ်ိဳး ၊ စစ္ေဘးဒဏ္ အမ်ိဳးမ်ိဳးတို႔အတြက္ ျပည္သူမ်ား၏ လိုအပ္ခ်က္မ်ားကို စာနာသနားကာ ကူညီေဖးမလွ်က္ရွိပါသည္။ ယေန႔တြင္ နာေရးကူညီမႈအသင္း(ရန္ကုန္) ႏွင့္ ေက်ာ္သူပရဟိတကြန္ယက္ (အထက္ျမန္မာျပည္) သာသနာ့ပါလအသင္းတို႔ ပူးေပါင္းကာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) စစ္ေဘးေရွာင္တိုင္းရင္းသားျပည္သူမ်ားရွိရာသို႔ အိမ္ေထာင္စု (၃၀၀)စာ အစားအေသာက္ ႏွင့္ အ၀တ္အထည္မ်ား သြားေရာက္ လွဴဒါန္းခဲ့ၾကသည္။ ထိုကဲ့သို႔ လွဴဒါန္းရာတြင္ လားရိႈးျမိဳ႕ရွိ ေမတၱာစမ္းေရ ယာဥ္လိုင္းေပါင္းစံု လူမႈကူညီေရးအသင္း ၊ကမ္းလင့္လက္မ်ား အသင္း ၊ေမတၱာတံခြန္ အသင္း ႏွင့္ ႏွလံုးလွလူမႈကူညီေရးအသင္း တို႔က ပူးေပါင္းကာ လိုအပ္ေသာ အကူအညီမ်ားေပးခဲ့ၾကျပီး လားရိႈးျမိဳ႕ ေမတၱာစမ္းေရ ယာဥ္လိုင္းေပါင္းစံု လူမႈကူညီေရးအသင္းတြင္ လွဴဒါန္းေသာ ပစၥည္းမ်ားအား အေျချပဳထားရွိ၍ တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးသင့္ေဒသမ်ားရွိ တိုင္းရင္းသားမ်ားထံသို႔ လိုအပ္သလို ေပးပို႔လွဴဒါန္းသြားမည္ျဖစ္သည္။” လို႔ သူရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွာ ေဖာ္ျပထားကို CeleGabar ပရိသတ္ၾကီးအတြက္ မွ်ေ၀ေပးလိုက္ပါတယ္။

Source: Kyaw Thu
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” စစ်ဘေးသင့် ပြည်သူများအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)အထိ သွားရောက်လှူဒါန်းခဲ့တဲ့ ကျော်သူ”

မြန်မာနိုင်ငံထိပ်တန်းအနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်တဲ့ ဦးကျော်သူက သရုပ်ဆောင်ပိုင်းမှာပီပြင်လွန်းတာကြောင့် “တစ်ပြည်သူမရွှေထား” “အမေ့နို့ဖိုး”ရုပ်ရှင်ဇာတ်ကားတွေမှာ အကောင်းဆုံး အကယ်ဒမီဆုတွေကို သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားများကို လိုချင်တဲ့ ပုံစံရောက်အောင် ပုံဖော်ရိုက်ကူးတဲ့နေရာမှာလည်း ထူးချွန်တဲ့ ဒါရိုက်တာတစ်ယောက်ပါ။

လက်ရှိမှာတော့ အနုပညာအလုပ်တွေထက်ပရဟိတအလုပ်တွေကို ဦးစားပေးလုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပြီးတော့ ရန်ကုန်အခမဲ့နာရေးကူညီမှုအသင်းရဲ့ ဒုတိယဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။လတ်တလောမှာတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)စစ်ဘေးသင့် တိုင်းရင်းသားပြည်သူများကို သွားရောက်လှူဒါန်းရန် ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

ကျော်သူကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)စစ်ဘေးသင့် တိုင်းရင်းသားပြည်သူများအတွက် ရည်ရွယ်ကာ အိမ်ထောင်စု(၃၀၀)စာ အစားအသောက်နဲ့ အဝတ်အထည်များကို သွားရောက်လှူဒါန်းခဲ့တာကို ” ၂၀၁၉ သြဂုတ်(၂၉) နာရေးကူညီမှုအသင်း(ရန်ကုန်)မှ “အများပြည်သူအတွက် အများပြည်သူကောင်းမှု” အဖြစ်ရည်ရွယ်ကာ ယခုအခါတွင် ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရယ်အမျိုးမျိုး ၊ စစ်ဘေးဒဏ် အမျိုးမျိုးတို့အတွက် ပြည်သူများ၏ လိုအပ်ချက်များကို စာနာသနားကာ ကူညီဖေးမလျှက်ရှိပါသည်။ ယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် ကျော်သူပရဟိတကွန်ယက် (အထက်မြန်မာပြည်) သာသနာ့ပါလအသင်းတို့ ပူးပေါင်းကာ ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူများရှိရာသို့ အိမ်ထောင်စု (၃၀၀)စာ အစားအသောက် နှင့် အဝတ်အထည်များ သွားရောက် လှူဒါန်းခဲ့ကြသည်။ ထိုကဲ့သို့ လှူဒါန်းရာတွင် လားရှိုးမြို့ရှိ မေတ္တာစမ်းရေ ယာဉ်လိုင်းပေါင်းစုံ လူမှုကူညီရေးအသင်း ၊ကမ်းလင့်လက်များ အသင်း ၊မေတ္တာတံခွန် အသင်း နှင့် နှလုံးလှလူမှုကူညီရေးအသင်း တို့က ပူးပေါင်းကာ လိုအပ်သော အကူအညီများပေးခဲ့ကြပြီး လားရှိုးမြို့ မေတ္တာစမ်းရေ ယာဉ်လိုင်းပေါင်းစုံ လူမှုကူညီရေးအသင်းတွင် လှူဒါန်းသော ပစ္စည်းများအား အခြေပြုထားရှိ၍ တိုက်ပွဲများကြောင့် စစ်ဘေးသင့်ဒေသများရှိ တိုင်းရင်းသားများထံသို့ လိုအပ်သလို ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားကို CeleGabar ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

x
error: Content is protected !!