“ပရိသတ္ေတြဆီက မထင္မွတ္ထားေလာက္တဲ႕ လက္ေဆာင္ရလိုက္တဲ႕ တိုင္ရြန္”

တိုင္ရြန္ကေတာ႕ ႏႈတ္ခမ္းနီမေလးေတြရဲ႕ သည္းသည္းလႈပ္အားေပးမႈကိုရရွိထားတဲ႕ ေမာ္ဒယ္မင္းသားေခ်ာေလးတစ္ေယာက္ပဲျဖစ္ပါတယ္။MRTV-4 ကထုတ္လႊင္႕ျပသခဲ႕တဲ႕ “မေန႔ကျဖစ္သည္ (၂)”ရုပ္သံဇာတ္လမ္းတြဲမွာလည္း ဇာတ္ရုပ္ကိုပီျပင္စြာသရုပ္ေဆာင္နိုင္ခဲ႕တာေၾကာင္႕ အားေပးသူပရိသတ္ပိုမိုရရွိခဲ႕ပါေသးတယ္။”သတိ အႏၱရာယ္ရွိသည္”ရုပ္ရွင္ဇာတ္ကားၾကီးမွာ တက္သစ္စတစ္ဦးအေနနဲ႕ ခက္ခဲတဲ႕ ဗီလိန္ကာရိုက္တာကိုလည္း ပိုင္ပိုင္နိုင္နိုင္နဲ႕ ပါ၀င္သရုပ္ေဆာင္နိုင္ခဲ႕တာပဲျဖစ္ပါတယ္။

၀ါသနာပါတဲ႕ အနုပညာအလုပ္ေတြကို တစိုက္မတ္မတ္နဲ႕ ၾကိဳးၾကိဳးစားစားလုပ္ကိုင္တာေၾကာင္႕ အခ်ိန္တိုတိုအတြင္းမွာ ရုပ္ရွင္ဇာတ္ကားၾကီးေတြကိုပါ ပါ၀င္ရိုက္ကူးခြင္႕ရရွိခဲ႕တာလည္းျဖစ္ပါတယ္။တိုင္ရြန္ဟာလက္ရွိမွာ ပထမဆံုးအၾကိမ္ ေခါင္းေဆာင္မင္းသားတစ္ေယာက္အေနနဲ႕ ရုပ္ရွင္ဇာတ္ကားေတြကို စတင္ရိုက္ကူးေတာ႕မွာျဖစ္ျပီး ရုပ္ရွင္ဇာတ္ကားရဲ႕ နာမည္ကေတာ႕ “ဆရာမနိုင္နွစ္ေဆာင္ျပိဳင္”လို႕သိရပါတယ္။

ေအာင္ျမင္မႈေတြကို ပိုမိုရရွိလာတဲ႕ တိုင္ရြန္ကေတာ႕ ပရိသတ္ေတြရဲ႕ သူမတူေအာင္အားေပးျခင္းကို တစ္ေန႔ထက္တေန႕ပိုမိုရရွိလာတာျဖစ္ျပီးလတ္တေလာမွာလည္း ပရိသတ္ေတြက တိုင္ရြန္ရဲ႕ နာမည္ကို အေရျပားေပၚမွာTattooထိုးျပီးလက္ေဆာင္ေပးခဲ႕တာေတြလည္း ရွိေနတာပဲျဖစ္ပါတယ္။ဒီလို အားေပးၾကမ္းၾကတဲ႕အေပၚတိုင္ရြန္က “Like idol like fans ဘဲကြာ ခ်ခ် ခ်စ္တယ္။ဘယ္လိုဘဲျဖစ္ျဖစ္ အကို႕ကိုအားေပးပါတယ္ဆိုတဲ႕စကားနဲ႕တင္ ပီတိျဖစ္ၿပီးသားပါ။ အကုန္လုံးကိုခ်စ္ပါတယ္။”လို႕ သူရဲ႕ လူမႈကြန္ရက္စာမ်က္နွာကေနေဖာ္ျပထားျပီး “အားေပးရႀကိဳးနပ္ေအာင္ ႀကိဳးစားေနတယ္။”လို႕လည္း ေျပာထားပါေသးတယ္။CeleGabarပရိသတ္ၾကီးေတြထဲမွာေရာ တိုင္ရြန္ရဲ႕ ပရိသတ္ေတြရွိလား။

Source : Tyron Bejay
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“ပရိသတ်တွေဆီက မထင်မှတ်ထားလောက်တဲ့ လက်ဆောင်ရလိုက်တဲ့ တိုင်ရွန်”

တိုင်ရွန်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးမှုကိုရရှိထားတဲ့ မော်ဒယ်မင်းသားချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။MRTV-4 ကထုတ်လွှင့်ပြသခဲ့တဲ့ “မနေ့ကဖြစ်သည် (၂)”ရုပ်သံဇာတ်လမ်းတွဲမှာလည်း ဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အားပေးသူပရိသတ်ပိုမိုရရှိခဲ့ပါသေးတယ်။”သတိ အန္တရာယ်ရှိသည်”ရုပ်ရှင်ဇာတ်ကားကြီးမှာ တက်သစ်စတစ်ဦးအနေနဲ့ ခက်ခဲတဲ့ ဗီလိန်ကာရိုက်တာကိုလည်း ပိုင်ပိုင်နိုင်နိုင်နဲ့ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်နဲ့ ကြိုးကြိုးစားစားလုပ်ကိုင်တာကြောင့် အချိန်တိုတိုအတွင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ပါဝင်ရိုက်ကူးခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။တိုင်ရွန်ဟာလက်ရှိမှာ ပထမဆုံးအကြိမ် ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို စတင်ရိုက်ကူးတော့မှာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်ကတော့ “ဆရာမနိုင်နှစ်ဆောင်ပြိုင်”လို့သိရပါတယ်။

အောင်မြင်မှုတွေကို ပိုမိုရရှိလာတဲ့ တိုင်ရွန်ကတော့ ပရိသတ်တွေရဲ့ သူမတူအောင်အားပေးခြင်းကို တစ်နေ့ထက်တနေ့ပိုမိုရရှိလာတာဖြစ်ပြီးလတ်တလောမှာလည်း ပရိသတ်တွေက တိုင်ရွန်ရဲ့ နာမည်ကို အရေပြားပေါ်မှာTattooထိုးပြီးလက်ဆောင်ပေးခဲ့တာတွေလည်း ရှိနေတာပဲဖြစ်ပါတယ်။ဒီလို အားပေးကြမ်းကြတဲ့အပေါ်တိုင်ရွန်က “Like idol like fans ဘဲကွာ ချချ ချစ်တယ်။ဘယ်လိုဘဲဖြစ်ဖြစ် အကို့ကိုအားပေးပါတယ်ဆိုတဲ့စကားနဲ့တင် ပီတိဖြစ်ပြီးသားပါ။ အကုန်လုံးကိုချစ်ပါတယ်။”လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပြီး “အားပေးရကြိုးနပ်အောင် ကြိုးစားနေတယ်။”လို့လည်း ပြောထားပါသေးတယ်။CeleGabarပရိသတ်ကြီးတွေထဲမှာရော တိုင်ရွန်ရဲ့ ပရိသတ်တွေရှိလား။

Source : Tyron Bejay
Chilli – CeleGabar

error: Content is protected !!