မိုးကုတ္ေျမမွ အေရာင္တလက္လက္ေတာက္ပလာခဲ့ေသာ ေက်ာက္ရိုင္းေလးတပြင့္ သို႕မဟုတ္ ထက္ထက္မိုးဦး

(၁၉၉၀-၂၀၀၀)ခုနွစ္မ်ားမွာ ရုပ္သံဇာတ္လမ္းတစ္ခုထုတ္လႊင့္ေနတိုင္း ၾကားျဖတ္၀င္လာတဲ့ ေၾကာ္ျငာတိုင္းမွာ ဖန္သားျပင္ပရိသတ္ေတြကို ရိုးအီနိုင္ျခင္းမရွိေအာင္” ရတနာစိန္ေက်ာက္ ဇယ္ေတာက္တမ္း ကစားၾကရေအာင္ ေလ….ပန္ ပန္ ပန္ … ” ဆိုတဲ့ စိန္ေရႊရတနာဆိုင္ေၾကာ္ျငာမွာလည္း သူမ၊ မင္းသားေခ်ာ ေဒြးနဲ႕ Veve အသီးခ်ိဳရည္ေၾကာ္ျငာမွာလဲ သူမ ၊ MIKKO ေကာ္ဖီေၾကာ္ျငာမွာလည္း သူမ စသျဖင့္ သူမ ေၾကာ္ျငာေပးခဲ့သမွ် အရာအားလံုးကို ပရိသတ္ေတြက လက္ခံသံုးစြဲခဲ့တဲ့အထိ လႊမ္းမိုးနိုင္သူ သူမဆိ္ုသူ ဟာ တစ္ခ်ိန္က မႈံေရႊရည္ ေခၚ ထက္ထက္မိုးဦးပဲ ျဖစ္ပါတယ္။

 

မႈံေရႊရည္လို႕ အသိနည္းၾကေသာ္လည္း မိုးကုတ္ေျမမွ ရန္ကုန္ အနုပညာရပ္၀န္းကို အေျခခ်လာခ်ိန္မွာ တက္သစ္စ မင္းသမီးေလး မႈံေရႊရည္ အျဖစ္ ၀င္ေရာက္လာခဲ့ျပီး တစ္နိုင္ငံလံုးရဲ႕ အခ်စ္ကို ရရွိျပီးေနာက္ ဟိုးေလးတေက်ာ္ေက်ာ္ ေအာင္ျမင္ခ်ိန္မွာေတာ့ သူမရဲ႕ အမည္ကို ထက္ထက္မိုးဦး လို႕ အသိမ်ားလာၾကပါတယ္။ ထက္ထက္ ေၾကာ္ျငာေပးခဲ့တဲ့ ထုတ္ကုန္နဲ႕ လူသံုးကုန္ပစၥည္းေတြတိုင္း လူသိမ်ားကာ ေအာင္ျမင္ခဲ့သလို မရိုးအီနိုင္ေလာက္ေအာင္ သူမရဲ႕တစ္ေခတ္ ျဖစ္သည္႕တိုင္ စန္းနဲ႕ ပါရမီကို ထိန္းထားနိုင္ခဲ့တာမို႕ ” ေၾကာ္ျငာမ်ားရဲ႕ဘုရင္မ ” လို႕ ေတာင္ ထက္ထက္ကို တင္စားေခၚေ၀ၚခဲ့ၾကပါတယ္။

 

ထက္ထက္ နဲ႕ ေၾကာ္ျငာေတာ္ေတာ္မ်ားမ်ားမွာ အတြဲမ်ားျပီး လိုက္ဖက္ညီခဲ့သူ မင္းသား တလက္ကေတာ့ အနုပညာေလာကတြင္ သာမက လူ႕ေလာက ကေန အေစာၾကီး ထြက္ခြာသြားခဲ့သူ မင္းသား ကိုသားၾကီး ေခၚ ေဒြးျဖစ္ျပီး ရုပ္ရွင္မွာေတာ့ အမ်ားဆံုး သရုပ္ေဆာင္ခဲ့ရသူကေတာ့ မင္းသား လြင္မိုး ျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက ျဖဴျဖဴေခ်ာေခ်ာ ၊ ပိန္ပိန္ပါးပါးေလးနဲ႕ လွပသူ ထက္ထက္ ရဲ႕ လူသိနည္းခဲ့တဲ့ ေနာက္ထပ္နာမည္ တစ္ခုကေတာ့ “တရုတ္မ” ျဖစ္ျပီး ဒီနာမည္ေျပာင္ ေလးကိုေတာ့ ထက္ထက္ကို ညီမရင္းတစ္ေယာက္လို ဆူဆံုးမတတ္သလို ငိုတဲ့ထိအစအေနာက္လည္းသန္တဲ့ လြင္မိုးက ေပးခဲ့တာပါ။

ကိုယ္ပိုင္ ပါရမီနဲ႕ စန္းအရ အနုပညာရပ္၀န္းမွာ ထက္ထက္တစ္ေယာက္ ေအာင္ျမင္စြာ လက္မ ေထာင္နိုင္ခဲ့ရေလာက္ အိမ္ေထာင္ေရး နဲ႕ အခ်စ္ေရးမွာေတာ့ ထက္ထက္တစ္ေယာက္ ကံမေကာင္းခဲ့ရွာပါဘူး။ဓေလ႕ထံုးတမ္းၾကီးလြန္းတဲ့ ျမန္မာနိုင္ငံရဲ႕ထိပ္တန္း မင္းသမီးတစ္ေယာက္ အျဖစ္ ျပည္သူလူထုကို သူမရဲ႕အနုပညာနဲ႕ ေဖ်ာ္ေျဖခဲ့သလို ဘုရားတည္ ၊ ေက်ာင္းေဆာက္ ၊ အလွဴအတန္းျပဳ စသျဖင့္ ေလာကီအက်ိဳး တတ္နိုင္သေလာက္ ထမ္းပိုးခဲ့တဲ့ မိန္းမသားတစ္ဦး အျဖစ္ အသိအမွတ္ျပဳသူ နည္းခဲ့ၾကတယ္ လို႕ ဆိုရမွာပါ။

 

ေကာင္းေသာသတင္း ထက္ အပုတ္အေလအလြင့္ကို ပိုနွစ္ျခိဳက္လာၾကတဲ့ အဆိုးျမင္၀ါဒီ လူေတြရဲ႕ ၾကား မင္းသမီးတစ္ေယာက္ျဖစ္ေနတာမို႕ စံျပအျဖစ္ အိမ္ေထာင္ေရးမွာ ထစ္ခ်ကံေကာင္းရျပီး ျမဲေနရမည္ လို႕မ်ား သတ္မွတ္ခဲ့ၾကသလား မသိေသာ္လည္း သူမကိုေတာ့ အိမ္ေထာင္(၃)ဆက္က်ဖူးသူ မင္းသမီးတစ္ေယာက္ အျဖစ္ လူတခ်ိဳ႕က ျပစ္တင္ရွံဴ႕ခ်ၾကပါတယ္။ ထက္ထက္မိုးဦး လို႕ နိုင္ငံကေ်ာ္တဲ့ မင္းသမီးတစ္ေယာက္ဆိုေပမဲ့လည္း လူသားပဲမို႕ အေသြးအသားနဲ႕ ခ်စ္တတ္သူ ၊ ခံစားတတ္သူ သူမကိုယ္တိုင္ကလည္း အိမ္ေထာင္ေရး ကံမေကာင္းတဲ့အျဖစ္ အျဖစ္မ်ိဳးနဲ႕ ၾကံဳခ်င္ပါ့မလား ကိုယ္ခ်င္းစာကာ ျပန္လည္ေတြးေပးစရာ ရွိ္ျပန္ပါတယ္။

 

လူတိုင္းကေတာ့ ကိုယ္ပိုင္ မိသားစုေလးနဲ႕ တဘာ၀လံုး ေအးခ်မ္းစြာ ေနထိုင္ခ်င္ၾကသလို ထက္ထက္ ကိုယ္တိုင္လည္း အေၾကာင္းကံ မလွစြာနဲ႕ ယေန႕ခ်ိန္ထိ တစ္ေယာက္တည္း အလုပ္လုပ္ကာ ၾကိဳးစားေနရဆဲျဖစ္ပါတယ္။ သူမ ၀မ္းနဲ႕ ကိုယ္တိုင္ လြယ္ေမြးထားတဲ့ သမီးေလး စစ္လြန္း၀တီထက္ နဲ႕လည္း လက္ရွိမွာ ခြဲေနရျပီး ဘ၀မွာ သမီးေလးနဲ႕ ေနာက္ထပ္ ျပန္ဆံုရဖို႕အတြက္နဲ႕ ေနာက္ထပ္ကံေကာင္းျခင္း ေတြရရွိဖို႕ရာအျပင္ ပရိသတ္အျမင္ေတြ ပိုၾကည္လင္နိုင္ဖို႕ အတြက္ ထက္ထက္တစ္ေယာက္ အနုပညာနဲ႕ ဘုရား ၊တရားေကာင္းမႈကုသိုလ္ နွစ္မ်ိဳးတည္းကိုသာ အာရံုစိုက္စရာ ရွိသူျဖစ္ပါတယ္။

 

 

 

(၁၉၉၀-၂၀၀၅) ခုနွစ္ထိ ရုပ္ရွင္ဇာတ္ကားေပါင္း (၄၀) ေက်ာ္၀န္းက်င္ ရိုက္ကူးခဲ့ျပီး “ပန္းသခင္” နဲ႕ ” သမီးမိုက္” ရုပ္ရွင္ဇာတ္ကားၾကီး နွစ္ကားနဲ႕ အကယ္ဒမီ နွစ္ထပ္ကြမ္း မင္းသမီး တစ္ေယာက္ျဖစ္သူ ထက္ထက္ဟာ လက္ရွိမွာလည္း သူမ အသက္အရြယ္နဲ႕ လိုက္ဖက္တဲ့ အေမခန္း ၊ အေဒၚ ၊အမခန္းေတြမွာ သရုပ္ေဆာင္ျဖစ္ေနျပီး ထက္ထက္ကို ထာ၀ရ အားေပးၾကတဲ့ ပရိသတ္မ်ားကေတာ့ ေနာက္ထပ္ အကယ္ဒမီ ဆုကို တက္လွမ္းယူေစခ်င္ေနၾကသလို ထက္ထက္မိုးဦးေခတ္ ရယ္လို႕ တစ္ေခတ္တခါ မွာ ထိပ္တန္းေနရာ ယူနိုင္ခဲ့တဲ့ မိုးကုတ္ျမဳ႕မွ ပတၱျမားေက်ာက္ရိုင္းေလးတပြင့္ကို အမွတ္ရေစရန္ ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္..။

 

Source: Wikipedia
Khin Mi Mi- CeleGabar
ယူနီကုဒ္နဲ႕ ဖတ္ရန္

မိုးကုတ်မြေမှ အရောင်တလက်လက်တောက်ပလာခဲ့သော ကျောက်ရိုင်းလေးတပွင့် သို့မဟုတ် ထက်ထက်မိုးဦး

 

(၁၉၉၀-၂၀၀၀)ခုနှစ်များမှာ ရုပ်သံဇာတ်လမ်းတစ်ခုထုတ်လွှင့်နေတိုင်း ကြားဖြတ်ဝင်လာတဲ့ ကြော်ငြာတိုင်းမှာ ဖန်သားပြင်ပရိသတ်တွေကို ရိုးအီနိုင်ခြင်းမရှိအောင်” ရတနာစိန်ကျောက် ဇယ်တောက်တမ်း ကစားကြရအောင် လေ….ပန် ပန် ပန် … ” ဆိုတဲ့ စိန်ရွှေရတနာဆိုင်ကြော်ငြာမှာလည်း သူမ၊ မင်းသားချော ဒွေးနဲ့ Veve အသီးချိုရည်ကြော်ငြာမှာလဲ သူမ ၊ MIKKO ကော်ဖီကြော်ငြာမှာလည်း သူမ စသဖြင့် သူမ ကြော်ငြာပေးခဲ့သမျှ အရာအားလုံးကို ပရိသတ်တွေက လက်ခံသုံးစွဲခဲ့တဲ့အထိ လွှမ်းမိုးနိုင်သူ သူမဆိုသူ ဟာ တစ်ချိန်က မှုံရွှေရည် ခေါ် ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။

မှုံရွှေရည်လို့ အသိနည်းကြသော်လည်း မိုးကုတ်မြေမှ ရန်ကုန် အနုပညာရပ်ဝန်းကို အခြေချလာချိန်မှာ တက်သစ်စ မင်းသမီးလေး မှုံရွှေရည် အဖြစ် ဝင်ရောက်လာခဲ့ပြီး တစ်နိုင်ငံလုံးရဲ့ အချစ်ကို ရရှိပြီးနောက် ဟိုးလေးတကျော်ကျော် အောင်မြင်ချိန်မှာတော့ သူမရဲ့ အမည်ကို ထက်ထက်မိုးဦး လို့ အသိများလာကြပါတယ်။ ထက်ထက် ကြော်ငြာပေးခဲ့တဲ့ ထုတ်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေတိုင်း လူသိများကာ အောင်မြင်ခဲ့သလို မရိုးအီနိုင်လောက်အောင် သူမရဲ့တစ်ခေတ် ဖြစ်သည့်တိုင် စန်းနဲ့ ပါရမီကို ထိန်းထားနိုင်ခဲ့တာမို့ ” ကြော်ငြာများရဲ့ဘုရင်မ ” လို့ တောင် ထက်ထက်ကို တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

ထက်ထက် နဲ့ ကြော်ငြာတော်တော်များများမှာ အတွဲများပြီး လိုက်ဖက်ညီခဲ့သူ မင်းသား တလက်ကတော့ အနုပညာလောကတွင် သာမက လူ့လောက ကနေ အစောကြီး ထွက်ခွာသွားခဲ့သူ မင်းသား ကိုသားကြီး ခေါ် ဒွေးဖြစ်ပြီး ရုပ်ရှင်မှာတော့ အများဆုံး သရုပ်ဆောင်ခဲ့ရသူကတော့ မင်းသား လွင်မိုး ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဖြူဖြူချောချော ၊ ပိန်ပိန်ပါးပါးလေးနဲ့ လှပသူ ထက်ထက် ရဲ့ လူသိနည်းခဲ့တဲ့ နောက်ထပ်နာမည် တစ်ခုကတော့ “တရုတ်မ” ဖြစ်ပြီး ဒီနာမည်ပြောင် လေးကိုတော့ ထက်ထက်ကို ညီမရင်းတစ်ယောက်လို ဆူဆုံးမတတ်သလို ငိုတဲ့ထိအစအနောက်လည်းသန်တဲ့ လွင်မိုးက ပေးခဲ့တာပါ။

ကိုယ်ပိုင် ပါရမီနဲ့ စန်းအရ အနုပညာရပ်ဝန်းမှာ ထက်ထက်တစ်ယောက် အောင်မြင်စွာ လက်မ ထောင်နိုင်ခဲ့ရလောက် အိမ်ထောင်ရေး နဲ့ အချစ်ရေးမှာတော့ ထက်ထက်တစ်ယောက် ကံမကောင်းခဲ့ရှာပါဘူး။ဓလေ့ထုံးတမ်းကြီးလွန်းတဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်း မင်းသမီးတစ်ယောက် အဖြစ် ပြည်သူလူထုကို သူမရဲ့အနုပညာနဲ့ ဖျော်ဖြေခဲ့သလို ဘုရားတည် ၊ ကျောင်းဆောက် ၊ အလှူအတန်းပြု စသဖြင့် လောကီအကျိုး တတ်နိုင်သလောက် ထမ်းပိုးခဲ့တဲ့ မိန်းမသားတစ်ဦး အဖြစ် အသိအမှတ်ပြုသူ နည်းခဲ့ကြတယ် လို့ ဆိုရမှာပါ။

ကောင်းသောသတင်း ထက် အပုတ်အလေအလွင့်ကို ပိုနှစ်ခြိုက်လာကြတဲ့ အဆိုးမြင်ဝါဒီ လူတွေရဲ့ ကြား မင်းသမီးတစ်ယောက်ဖြစ်နေတာမို့ စံပြအဖြစ် အိမ်ထောင်ရေးမှာ ထစ်ချကံကောင်းရပြီး မြဲနေရမည် လို့များ သတ်မှတ်ခဲ့ကြသလား မသိသော်လည်း သူမကိုတော့ အိမ်ထောင်(၃)ဆက်ကျဖူးသူ မင်းသမီးတစ်ယောက် အဖြစ် လူတချို့က ပြစ်တင်ရှူံ့ချကြပါတယ်။ ထက်ထက်မိုးဦး လို့ နိုင်ငံကျော်တဲ့ မင်းသမီးတစ်ယောက်ဆိုပေမဲ့လည်း လူသားပဲမို့ အသွေးအသားနဲ့ ချစ်တတ်သူ ၊ ခံစားတတ်သူ သူမကိုယ်တိုင်ကလည်း အိမ်ထောင်ရေး ကံမကောင်းတဲ့အဖြစ် အဖြစ်မျိုးနဲ့ ကြုံချင်ပါ့မလား ကိုယ်ချင်းစာကာ ပြန်လည်တွေးပေးစရာ ရှိပြန်ပါတယ်။

လူတိုင်းကတော့ ကိုယ်ပိုင် မိသားစုလေးနဲ့ တဘာဝလုံး အေးချမ်းစွာ နေထိုင်ချင်ကြသလို ထက်ထက် ကိုယ်တိုင်လည်း အကြောင်းကံ မလှစွာနဲ့ ယနေ့ချိန်ထိ တစ်ယောက်တည်း အလုပ်လုပ်ကာ ကြိုးစားနေရဆဲဖြစ်ပါတယ်။ သူမ ဝမ်းနဲ့ ကိုယ်တိုင် လွယ်မွေးထားတဲ့ သမီးလေး စစ်လွန်းဝတီထက် နဲ့လည်း လက်ရှိမှာ ခွဲနေရပြီး ဘဝမှာ သမီးလေးနဲ့ နောက်ထပ် ပြန်ဆုံရဖို့အတွက်နဲ့ နောက်ထပ်ကံကောင်းခြင်း တွေရရှိဖို့ရာအပြင် ပရိသတ်အမြင်တွေ ပိုကြည်လင်နိုင်ဖို့ အတွက် ထက်ထက်တစ်ယောက် အနုပညာနဲ့ ဘုရား ၊တရားကောင်းမှုကုသိုလ် နှစ်မျိုးတည်းကိုသာ အာရုံစိုက်စရာ ရှိသူဖြစ်ပါတယ်။

(၁၉၉၀-၂၀၀၅) ခုနှစ်ထိ ရုပ်ရှင်ဇာတ်ကားပေါင်း (၄၀) ကျော်ဝန်းကျင် ရိုက်ကူးခဲ့ပြီး “ပန်းသခင်” နဲ့ ” သမီးမိုက်” ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကားနဲ့ အကယ်ဒမီ နှစ်ထပ်ကွမ်း မင်းသမီး တစ်ယောက်ဖြစ်သူ ထက်ထက်ဟာ လက်ရှိမှာလည်း သူမ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အမေခန်း ၊ အဒေါ် ၊အမခန်းတွေမှာ သရုပ်ဆောင်ဖြစ်နေပြီး ထက်ထက်ကို ထာဝရ အားပေးကြတဲ့ ပရိသတ်များကတော့ နောက်ထပ် အကယ်ဒမီ ဆုကို တက်လှမ်းယူစေချင်နေကြသလို ထက်ထက်မိုးဦးခေတ် ရယ်လို့ တစ်ခေတ်တခါ မှာ ထိပ်တန်းနေရာ ယူနိုင်ခဲ့တဲ့ မိုးကုတ်မြု့မှ ပတ္တမြားကျောက်ရိုင်းလေးတပွင့်ကို အမှတ်ရစေရန် ဖော်ပြပေးလိုက်ရပါတယ်နော်..။

Source: Wikipedia
Khin Mi Mi- CeleGabar

error: Content is protected !!