မရွိသေလာက္ ရွားပါးျပီး လူတစ္ရပ္ေက်ာ္တဲ့ ဆံပင္ရွည္ၾကီးနဲ႕ ပရိသတ္မ်ားစိတ္၀င္စားျခင္း ခံေနရတဲ့ ျမန္မာမိန္းမလွေလး

” မိန္းမတို႕ ဘုန္း ဆံထံုး ” ဆိုတဲ့ ေရွးေခတ္စာဆိုမ်ား မိန္႕ဆိုခဲ့သလို မိန္းကေလးတစ္ေယာက္ရဲ႕ ေကာင္းျခင္း အဖ်ာဖ်ာကို ေလ႕လာၾကည္ရွဴၾကတဲ့အခါမွာ မိန္းမတို႕ရဲ႕ ဆံပင္သားကိုလည္း ေလ႕လာ အကဲခတ္ၾကျပန္ပါတယ္။ မိန္းကေလးတစ္ေယာက္ရဲ႕ အလွမွာ ဒုတိယမ်က္နာျဖစ္တဲ့ ဆံပင္နဲ႕ပတ္သက္လို႕ ပိတုန္းေရာင္ ကဲ့သို႕ မည္းနက္ျပီး ထူးပိန္း ေျဖာင့္စင္းေသာ သ႑ာန္ရွိတဲ့ ဆံသားကို ပိုင္ဆိုင္ထားသူ မိန္းကေလးဟာ ေကာင္းျခင္းအလွဂုဏ္ တစ္ခုနဲ႕ ျပည္႕စံုတယ္လို႕ လည္း ဆိုနိုင္ပါတယ္။

 

 

 

ျမန္မာ ရိုးရာယဥ္ေက်းမႈအရ ေရွးေခတ္အခါက ျမန္မာမိန္းမ ေတြ သာမက အမ်ိဳးသားေတြပါ ဆံပင္ ရွည္ထားခဲ့ၾကသလို အမ်ိဳးသားမ်ား ဆံပင္ရွည္ထံုးဖြဲ႕မႈကို “ေသွ်ာင္” လို႕ ေခၚဆိုၾကျပီး ဒီေန႕ေခတ္မွာေတာ့ အမ်ိဳးသားမ်ားကို ေသွ်ာင္နဲ႕ ျမင္ေတြ႕ရျခင္း လံုး၀ မရွိေတာ့သလို ယေန႕ေခတ္အမ်ိဳးသမီးမ်ားကိုလည္း ခါး ထက္ေက်ာ္ျပီး ဆံပင္အရွည္ထားျခင္းကို အေတြ႕ရနည္းသြားၾကျပီ ျဖစ္ပါတယ္။

 

 

လက္ရွိမွာေတာ့ တစ္ေထာင္မွာတစ္ေယာက္ ေတာင္ မေတြ႕နိုင္တဲ့ ဆံေကသာနဲ႕ ျမန္မာမိန္းကေလးတစ္ေယာက္ လူမႈကြန္ရက္မွာ ပရိသတ္မ်ားရဲ႕ စိတ္၀င္စားျခင္းကို ခံေနရျပီး ေခတ္သစ္ရီပန္ဇယ္ေလး( ဆံပင္အရွည္ၾကီးနဲ႕ ကာတြန္းဇာတ္ေကာင္ မိန္းကေလး) လို႕ေတာင္ သူမကို တင္စားေခၚေ၀ၚေနၾကပါတယ္။ မ်က္နာေလးကပါ ၾကည္လင္လွပျပီး လူတစ္ရပ္ေက်ာ္ဆံေကသာ ပိုင္ရွင္ေလး ေမသူဇာလင္းဟာ ျမန္မာဆန္ဆန္ေလး ၀တ္ဆင္ေနထိုင္ကာ မိတ္ကပ္မလိမ္းပဲ ၾကည္လင္တဲ့မ်က္နာက်နဲ႕ ရွားရွားပါးပါး မိန္းမလွေလးလို႕ ဆိုရမွာပါ။ လက္ရွိမွာေတာ့ သူမဟာ မိုးကုတ္ျမိဳ႕ ၊ ရြာသာယာမွာ တာ၀န္ထမ္းေဆာင္ေနတဲ့ ေက်ာင္းဆရာမေလးတစ္ဦးျဖစ္ျပီး သူမရဲ႕ ဆံေကသာအလွနဲ႕ ျမန္မာဆန္ဆန္ အလွပံုရိပ္ေလးေတြေၾကာင့္ လူမႈကြန္ရက္စာမ်က္နာထက္မွာ လူသိမ်ားကာ စိတ္၀င္စားလို႕ ေနတာပဲ ျဖစ္ပါတယ္။

 

 

Source:May Thuzar Linn
Khin Mi Mi- CeleGabar
ယူနီကုဒ္နဲ႕ ဖတ္ရန္

မရှိသလောက် ရှားပါးပြီး လူတစ်ရပ်ကျော်တဲ့ ဆံပင်ရှည်ကြီးနဲ့ ပရိသတ်များစိတ်ဝင်စားခြင်း ခံနေရတဲ့ မြန်မာမိန်းမလှလေး

” မိန်းမတို့ ဘုန်း ဆံထုံး ” ဆိုတဲ့ ရှေးခေတ်စာဆိုများ မိန့်ဆိုခဲ့သလို မိန်းကလေးတစ်ယောက်ရဲ့ ကောင်းခြင်း အဖျာဖျာကို လေ့လာကြည်ရှူကြတဲ့အခါမှာ မိန်းမတို့ရဲ့ ဆံပင်သားကိုလည်း လေ့လာ အကဲခတ်ကြပြန်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ အလှမှာ ဒုတိယမျက်နာဖြစ်တဲ့ ဆံပင်နဲ့ပတ်သက်လို့ ပိတုန်းရောင် ကဲ့သို့ မည်းနက်ပြီး ထူးပိန်း ဖြောင့်စင်းသော သဏ္ဍာန်ရှိတဲ့ ဆံသားကို ပိုင်ဆိုင်ထားသူ မိန်းကလေးဟာ ကောင်းခြင်းအလှဂုဏ် တစ်ခုနဲ့ ပြည့်စုံတယ်လို့ လည်း ဆိုနိုင်ပါတယ်။

မြန်မာ ရိုးရာယဉ်ကျေးမှုအရ ရှေးခေတ်အခါက မြန်မာမိန်းမ တွေ သာမက အမျိုးသားတွေပါ ဆံပင် ရှည်ထားခဲ့ကြသလို အမျိုးသားများ ဆံပင်ရှည်ထုံးဖွဲ့မှုကို “သျှောင်” လို့ ခေါ်ဆိုကြပြီး ဒီနေ့ခေတ်မှာတော့ အမျိုးသားများကို သျှောင်နဲ့ မြင်တွေ့ရခြင်း လုံး၀ မရှိတော့သလို ယနေ့ခေတ်အမျိုးသမီးများကိုလည်း ခါး ထက်ကျော်ပြီး ဆံပင်အရှည်ထားခြင်းကို အတွေ့ရနည်းသွားကြပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တစ်ထောင်မှာတစ်ယောက် တောင် မတွေ့နိုင်တဲ့ ဆံကေသာနဲ့ မြန်မာမိန်းကလေးတစ်ယောက် လူမှုကွန်ရက်မှာ ပရိသတ်များရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပြီး ခေတ်သစ်ရီပန်ဇယ်လေး( ဆံပင်အရှည်ကြီးနဲ့ ကာတွန်းဇာတ်ကောင် မိန်းကလေး) လို့တောင် သူမကို တင်စားခေါ်ဝေါ်နေကြပါတယ်။ မျက်နာလေးကပါ ကြည်လင်လှပပြီး လူတစ်ရပ်ကျော်ဆံကေသာ ပိုင်ရှင်လေး မေသူဇာလင်းဟာ မြန်မာဆန်ဆန်လေး ဝတ်ဆင်နေထိုင်ကာ မိတ်ကပ်မလိမ်းပဲ ကြည်လင်တဲ့မျက်နာကျနဲ့ ရှားရှားပါးပါး မိန်းမလှလေးလို့ ဆိုရမှာပါ။ လက်ရှိမှာတော့ သူမဟာ မိုးကုတ်မြို့ ၊ ရွာသာယာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာမလေးတစ်ဦးဖြစ်ပြီး သူမရဲ့ ဆံကေသာအလှနဲ့ မြန်မာဆန်ဆန် အလှပုံရိပ်လေးတွေကြောင့် လူမှုကွန်ရက်စာမျက်နာထက်မှာ လူသိများကာ စိတ်ဝင်စားလို့ နေတာပဲ ဖြစ်ပါတယ်။

Source:May Thuzar Linn
Khin Mi Mi- CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်

error: Content is protected !!