” အသစ္ထြက္ရွိမယ့္ သီခ်င္းအယ္ဘမ္ေလးမွာ ထြန္းအိျႏၵာဗိုလ္ရဲ႕ နာမည္ႀကီးသီခ်င္းေလးတစ္ပုဒ္ကို ျပန္လည္သီဆိုခဲ့တဲ့ ပိုးမီ”

လက္ရွိလူငယ္ေတြရဲ႕ ပါးစပ္ဖ်ားမွာ ေရပန္းစားေနတဲ့ “အလိုက္တသိ”သီခ်င္းေလးကို သီဆိုထားသူတစ္ေယာက္ျဖစ္တဲ့ ပိုးမီကေတာ့ Myanmar Idol Season 2က ပရိသတ္အားေပးမႈကို စတင္ရရွိခဲ့တဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ပါတယ္။ အရင္တုန္းက ပိုးမီဟာ ရုပ္ရည္ပိုင္းနဲ႕ ပတ္သက္ျပီးေတာ့ ပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ ေ၀ဖန္ျပစ္တင္မႈေတြကို ခံစားခဲ့ရတဲ့ သူတစ္ေယာက္ပါ။ ဒါေပမယ့္ ပိုးမီဟာ မ်က္နွာခြဲစိတ္ျပဳျပင္ျပီးေနာက္ပိုင္းမွာ ပရိသတ္ေေတြ အံ့ၾသသြားရေလာက္ေအာင္ ေခ်ာေမာလွပေနရံုသာမက အနုပညာေလာကမွာလည္း ေတးစီးရီးအယ္ဘမ္ေတြကို ထြက္ရွိေအာင္ျမင္ေနျပီပဲျဖစ္ပါတယ္။

လက္ရွိမွာလည္း ပိုးမီဟာ ခ်စ္ရတဲ့ အခင္ဆံုးသူငယ္ခ်င္းေတြျဖစ္တဲ့ ေဂးေဂး၊မင္းရတုပိုင္၊ျဖဴေဖြး၊ေမမဒီ တို႕နဲ႕အတူ Friend (သူငယ္ခ်င္း) Group Audio CD Album ထြက္ဖို႕ ႀကိဳတင္ျပင္ဆင္မႈေတြျပဳလုပ္ေနတယ္လို႕ သိရပါတယ္။ ဒီAlbumေလးမွာေတာ့ ပိုးမီအပါအ၀င္ သူငယ္ခ်င္း (၅)ယာက္လံုးရဲ႕ ႀကိဳးစားအားထုတ္မႈ အျပည္နဲ႕ သီဆိုထားတဲ့ သီခ်င္းေတြကို ပရိသတ္ေတြအေနနဲ႕နားဆင္ရမွာျဖစ္ျပီးေတာ့ စက္တင္ဘာလ(၇)ရက္ေန႕မွာ ပရိသတ္အေရွ႕ အေရာက္ပို႕ေပးေတာ့မွာ ျဖစ္ပါတယ္။

Friend (သူငယ္ခ်င္း) Group Audio CD Album ေလးမွာေတာ့ ပိုးမီက နိုင္ငံေက်ာ္အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ ထြန္းအိျႏၵာဗိုလ္ရဲ႕ လူႀကိဳက္အမ်ားဆံုးသီခ်င္းေလးတစ္ပုဒ္ကို သီဆိုမွာျဖစ္ပါတယ္။ အဲဒီသီခ်င္းေလးကေတာ့ “ေသခန္းျပတ္ပဲ သူငယ္ခ်င္း” ဆိုတဲ့ သီခ်င္းေလး ျဖစ္တယ္လို႕ သိရပါတယ္။ ဆယ္လီကမၻာပရိသတ္ႀကီးေရ နိုင္ငံေက်ာ္အဆိုေတာ္တစ္ေယာက္ရဲ႕ သီခ်င္းကို ျပန္လည္သီဆိုထားတဲ့ ပိုးမီရဲ႕ သီခ်င္းေလးကို အျမည္းေလးနားေထာက္လို႕ ရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္……။

 

Source :Poe Mi
ခ်စ္သဲေမ @ CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

” အသစ်ထွက်ရှိမယ့် သီချင်းအယ်ဘမ်လေးမှာ ထွန်းအိန္ဒြာဗိုလ်ရဲ့ နာမည်ကြီးသီချင်းလေးတစ်ပုဒ်ကို ပြန်လည်သီဆိုခဲ့တဲ့ ပိုးမီ”

လက်ရှိလူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ “အလိုက်တသိ”သီချင်းလေးကို သီဆိုထားသူတစ်ယောက်ဖြစ်တဲ့ ပိုးမီကတော့ Myanmar Idol Season 2က ပရိသတ်အားပေးမှုကို စတင်ရရှိခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ အရင်တုန်းက ပိုးမီဟာ ရုပ်ရည်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တော်တော်များများရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ခံစားခဲ့ရတဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် ပိုးမီဟာ မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက်ပိုင်းမှာ ပရိသတ်ေတွေ အံ့သြသွားရလောက်အောင် ချောမောလှပနေရုံသာမက အနုပညာလောကမှာလည်း တေးစီးရီးအယ်ဘမ်တွေကို ထွက်ရှိအောင်မြင်နေပြီပဲဖြစ်ပါတယ်။

လက်ရှိမှာလည်း ပိုးမီဟာ ချစ်ရတဲ့ အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ဂေးဂေး၊မင်းရတုပိုင်၊ဖြူဖွေး၊မေမဒီ တို့နဲ့အတူ Friend (သူငယ်ချင်း) Group Audio CD Album ထွက်ဖို့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီAlbumလေးမှာတော့ ပိုးမီအပါအဝင် သူငယ်ချင်း (၅)ယာက်လုံးရဲ့ ကြိုးစားအားထုတ်မှု အပြည်နဲ့ သီဆိုထားတဲ့ သီချင်းတွေကို ပရိသတ်တွေအနေနဲ့နားဆင်ရမှာဖြစ်ပြီးတော့ စက်တင်ဘာလ(၇)ရက်နေ့မှာ ပရိသတ်အရှေ့ အရောက်ပို့ပေးတော့မှာ ဖြစ်ပါတယ်။

Friend (သူငယ်ချင်း) Group Audio CD Album လေးမှာတော့ ပိုးမီက နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ လူကြိုက်အများဆုံးသီချင်းလေးတစ်ပုဒ်ကို သီဆိုမှာဖြစ်ပါတယ်။ အဲဒီသီချင်းလေးကတော့ “သေခန်းပြတ်ပဲ သူငယ်ချင်း” ဆိုတဲ့ သီချင်းလေး ဖြစ်တယ်လို့ သိရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော်တစ်ယောက်ရဲ့ သီချင်းကို ပြန်လည်သီဆိုထားတဲ့ ပိုးမီရဲ့ သီချင်းလေးကို အမြည်းလေးနားထောက်လို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်……။
Source :Poe Mi
ချစ်သဲမေ @ CeleGabar

error: Content is protected !!