“႐ုပ္ရည္ကလြဲၿပီး က်န္တဲ့အရာေတြကို ေဝဖန္ေထာက္ျပေပးပါလို႔ ဆိုလာတဲ့ ျမတ္သူသူဇင္”

လတ္တေလာ MRTV -4႐ုပ္သံလိုင္းကထုတ္လႊင့္ျပသေနတဲ့ “တတိယေျမာက္ ဆုံမွတ္”ဇာတ္လမ္းတြဲ ႀကီး ကေတာ့ ပရိသတ္ေတြလက္မလႊတ္တမ္းေစာင့္ၾကည့္အားေပးေနၾကတဲ့ ဇာတ္လမ္းတြဲတစ္ခုလည္းျဖစ္ေနပါတယ္။ ပထမဆုံး စတင္ျပသတဲ့ေန႔မွာတင္ ပရိသတ္ေတြရဲ႕ အားေပးမႈကို အျပည့္အဝရရွိထားတာျဖစ္ၿပီး ပါဝင္တဲ့ သ႐ုပ္ေဆာင္ေတြကလည္း ဇာတ္႐ုပ္ေတြကို ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ထားႏိုင္ၾကပါတယ္။

“တတိယေျမာက္ဆုံမွတ္”ဇာတ္လမ္းတြဲႀကီးမွာ ေခါင္းေဆာင္မင္းသမီးအေနနဲ႔ပါဝင္တဲ့ မင္းသမီးေခ်ာေလး ျမတ္သူသူဇင္ဟာလည္း အႏုပညာနဲ႔ပတ္သက္လာရင္ ႀကိဳးစားတဲ့ မင္းသမီးေတြထဲမွာ တစ္ေယာက္အေနနဲ႔အပါအဝင္ပဲျဖစ္ပါတယ္။ဖိုက္တင္ဇာတ္လမ္းတြဲတစ္ခုျဖစ္တာေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိမႈေတြရွိေသာ္လည္း ဒဏ္ရာရဲ႕ နာက်င္မႈေတြကို မမႈဘဲ ဇာတ္႐ုပ္ပီျပင္ဖို႔ကိုသာ အဓိကထားသ႐ုပ္ေဆာင္ထားတာကိုလည္းေတြရပါတယ္။

ျမတ္သူသူဇင္က ဒီဇာတ္ကားႀကီးမွာ ဖိုက္တင္ဇာတ္႐ုပ္ကို သ႐ုပ္ေဆာင္ရတာေၾကာင့္ လွလွပပမေတြ႕ရတာနဲ႔ ပတ္သက္လို႔ “ဇာတ္ေကာင္အရ တခ်ိန္လုံး တိုက္ခိုက္ေနရေတာ့ လွလွပပလည္း မျပင္ရဘူး။တခါတေလဆို ဖိုက္တင္အခန္းခ်ၿပီးရင္ ေခါင္းေတာင္ၿဖီးခ်ိန္မရခဲ့ဘူး။ေနာက္တခုက ဖိုက္တင္ခ်ရတာေတြက သန႔္ရွင္းညီညာေနတဲ့ေနရာမွာပဲ ခ်ရတာ မဟုတ္ေတာ့ ဖုန္ေတြ ဗြက္ေတြကပ္ၿပီး တကိုယ္လုံးညစ္ပတ္ေနခဲ့တာ မ်က္နာကနဂိုထဲက ဆန္းဆန္းတင့္မို႔ အဖုေတြလည္း အရမ္းထြက္တယ္။ ဒီဇာတ္ေကာင္အတြက္ Stress ေတြမ်ားၿပီး လူလည္းတအားပင္ပန္းခဲ့ရတယ္။ အဲ့အတြက္ လွလွပပေလးျပင္ဆင္ၿပီး သ႐ုပ္ေဆာင္ခဲ့ရတာမ်ိဳးမဟုတ္လို႔ ႐ုပ္ဆိုးပန္းဆိုးျဖစ္ေနခဲ့တယ္ဆိုရင္ေတာင္ အႏုပညာအရည္အခ်င္းကိုပဲ ၾကည့္ၿပီးအားေပးပါေနာ္ ။မတူညီတဲ့ ဇာတ္ေကာင္အတြက္ အသည္းအသန္ႀကိဳးစားထားတာေလးကိုပဲ ၾကည့္ေပးၾကပါေနာ္။”လို႔ သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။”လိုအပ္ခ်က္ အားနည္းခ်က္က ႐ုပ္ရည္ကလြဲၿပီး က်န္တာေဝဖန္ေထာက္ျပေပးၾကပါေနာ္”လို႔လည္း သ႐ုပ္ေဆာင္မႈေတြကို ေဝဖန္ေပးဖို႔ေတာင္းဆိုထားပါေသးတယ္။

Source ; Myat Thu Thu Zin
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“ရုပ်ရည်ကလွဲပြီး ကျန်တဲ့အရာတွေကို ဝေဖန်ထောက်ပြပေးပါလို့ ဆိုလာတဲ့ မြတ်သူသူဇင်”

လတ်တလော MRTV -4ရုပ်သံလိုင်းကထုတ်လွှင့်ပြသနေတဲ့ “တတိယမြောက် ဆုံမှတ်”ဇာတ်လမ်းတွဲ ကြီး ကတော့ ပရိသတ်တွေလက်မလွှတ်တမ်းစောင့်ကြည့်အားပေးနေကြတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်နေပါတယ်။ ပထမဆုံး စတင်ပြသတဲ့နေ့မှာတင် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတာဖြစ်ပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း ဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်ကြပါတယ်။

“တတိယမြောက်ဆုံမှတ်”ဇာတ်လမ်းတွဲကြီးမှာ ခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်တဲ့ မင်းသမီးချောလေး မြတ်သူသူဇင်ဟာလည်း အနုပညာနဲ့ပတ်သက်လာရင် ကြိုးစားတဲ့ မင်းသမီးတွေထဲမှာ တစ်ယောက်အနေနဲ့အပါအဝင်ပဲဖြစ်ပါတယ်။ဖိုက်တင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုတွေရှိသော်လည်း ဒဏ်ရာရဲ့ နာကျင်မှုတွေကို မမှုဘဲ ဇာတ်ရုပ်ပီပြင်ဖို့ကိုသာ အဓိကထားသရုပ်ဆောင်ထားတာကိုလည်းတွေရပါတယ်။

မြတ်သူသူဇင်က ဒီဇာတ်ကားကြီးမှာ ဖိုက်တင်ဇာတ်ရုပ်ကို သရုပ်ဆောင်ရတာကြောင့် လှလှပပမတွေ့ရတာနဲ့ ပတ်သက်လို့ “ဇာတ်ကောင်အရ တချိန်လုံး တိုက်ခိုက်နေရတော့ လှလှပပလည်း မပြင်ရဘူး။တခါတလေဆို ဖိုက်တင်အခန်းချပြီးရင် ခေါင်းတောင်ဖြီးချိန်မရခဲ့ဘူး။နောက်တခုက ဖိုက်တင်ချရတာတွေက သန့်ရှင်းညီညာနေတဲ့နေရာမှာပဲ ချရတာ မဟုတ်တော့ ဖုန်တွေ ဗွက်တွေကပ်ပြီး တကိုယ်လုံးညစ်ပတ်နေခဲ့တာ မျက်နာကနဂိုထဲက ဆန်းဆန်းတင့်မို့ အဖုတွေလည်း အရမ်းထွက်တယ်။ ဒီဇာတ်ကောင်အတွက် Stress တွေများပြီး လူလည်းတအားပင်ပန်းခဲ့ရတယ်။ အဲ့အတွက် လှလှပပလေးပြင်ဆင်ပြီး သရုပ်ဆောင်ခဲ့ရတာမျိုးမဟုတ်လို့ ရုပ်ဆိုးပန်းဆိုးဖြစ်နေခဲ့တယ်ဆိုရင်တောင် အနုပညာအရည်အချင်းကိုပဲ ကြည့်ပြီးအားပေးပါနော် ။မတူညီတဲ့ ဇာတ်ကောင်အတွက် အသည်းအသန်ကြိုးစားထားတာလေးကိုပဲ ကြည့်ပေးကြပါနော်။”လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။”လိုအပ်ချက် အားနည်းချက်က ရုပ်ရည်ကလွဲပြီး ကျန်တာဝေဖန်ထောက်ပြပေးကြပါနော်”လို့လည်း သရုပ်ဆောင်မှုတွေကို ဝေဖန်ပေးဖို့တောင်းဆိုထားပါသေးတယ်။

Source ; Myat Thu Thu Zin
Chilli – CeleGabar

error: Content is protected !!