” ေန႕ေတြ ညေတြမွားေလာက္ေအာင္ ရိုက္ကူးခဲ့ရတဲ့ ရုပ္ရွင္ကားၾကီး ျပီးစီးသြားျပီဆိုတဲ့ ေမ”

ေမကေတာ့ ေမာ္ဒယ္သရုပ္ေဆာင္ အျဖစ္ အနုပညာေလာကတြင္ ရပ္တည္ေနသူျဖစ္ျပီး ပရိသတ္အခိုင္အမာရရိွထားတဲ့ အနုပညာရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။သူမက ေမာ္ဒယ္ သရုပ္ေဆာင္ပိုင္းသာမက အဆိုပိုင္းမွာပါ ပါရမီပါသူျဖစ္ျပီး “Marry Me” ဆိုတဲ့ သီခ်င္းအယ္လ္ဘမ္ထြက္ရိွထားပါေသးတယ္။ နိုင္ငံေက်ာ္မင္းသားၾကီး ေဒြးရဲ႕ “မင္းေလးကိုခ်စ္လို႔” သီခ်င္းကို ပံုစံေျပာင္းျပီ ျပန္ဆိုထားတဲ့ သီခ်င္းေလးကလည္း ပရိသတ္ေတြရဲ႕ တခဲနက္အားေပးမႈရရိွခဲ့ပါတယ္။

သူမကေတာ့ သရုပ္ေဆာင္ပိုင္းမွာလည္း ထူးခၽြန္ေၾကာင္းကိုေတာ့ “သတို႕သမီး” ဆိုတဲ့ ရုပ္ရွင္ကားၾကီးမွာ မတရားအသတ္ခံရျပီး အျငိဳအေတးၾကီးတဲ့ သရဲမေလး အျဖစ္ အေကာင္ဆံုးသရုပ္ေဆာင္နိုင္ခဲ့ျပီး ပရိသတ္ရဲ႕ ခ်ီးက်ဴး အားေပးမႈမ်ားစြာရရိွခဲ့ပါတယ္။မၾကာမီထြက္ရိွမည့္ သည္းထိတ္ရင္ဖို႔ ဇာတ္ကားၾကီး တစ္ကားျဖစ္တဲ့ “Memories Of Tomorrow” ရုပ္ရွင္ဇာတ္ကားၾကီးမွာ နိုင္ငံေက်ာ္သရုပ္ေဆာင္ အကယ္ဒမီေက်ာ္ေက်ာ္ဗိုလ္၊သရုပ္ေဆာင္ ႏွင့္ ေတးသံရွင္ စိုင္းဆုိင္လိႈင္း တို႔နဲ႔အတူ ပါ၀င္သရုပ္ေဆာင္ထားပါတယ္။

လက္ရိွမွာေတာ့ သရုပ္ေဆာင္ ေအာင္ရဲထိုက္၊ေအာင္ျမင့္ျမတ္ တို႔နဲ႔အတူ ရိုက္ကူးေနတဲ့ သည္းထိပ္ရင္ဖို ဒရာမာပံုစံ “ကတိ-Promise” ရုပ္ရွင္ဇာတ္ကားၾကီးကိုေတာ့ ေန႔ေရာညပါ မနားတမ္းရုိက္ကူးခဲ့တာ ရိုက္ကူးေရးျပီးစီးသြားေၾကာင္းကို “ေန႔ေတြ ညေတြ အမိႈင္းေလးမွားခဲ့ရတဲ့ “ကတိ” shooting ေလး ၿပီးသြားပါၿပီ.. Hardworking ျဖစ္တဲ့ “ကတိ” team နဲ႔ အလုပ္လုပ္ရတာ ပင္ပန္းေသာ္လည္း ေပ်ာ္ခဲ့ရပါ၏။ လြမ္းေနပါ့မယ္ Team တစ္ခုလံုးကို” လို႔ သူမရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွ ေဖာ္ျပထားတာပါတယ္။ ဒီဇာတ္ကားၾကီးမွာလည္း ပင္ပင္ပန္းပန္းၾကိဳးစားထားတဲ့ ပရိသတ္အခ်စ္ေတာ္ ေမရဲ႕ သရုပ္ေဆာင္ခ်က္ေတြကို ျမင္ေတြ႕ရမွာေၾကာင့္ ရင္ခုန္စရာပါပဲေနာ္။

Source: Candy May
DarDra-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” နေ့တွေ ညတွေမှားလောက်အောင် ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်ကားကြီး ပြီးစီးသွားပြီဆိုတဲ့ မေ”

မေကတော့ မော်ဒယ်သရုပ်ဆောင် အဖြစ် အနုပညာလောကတွင် ရပ်တည်နေသူဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။သူမက မော်ဒယ် သရုပ်ဆောင်ပိုင်းသာမက အဆိုပိုင်းမှာပါ ပါရမီပါသူဖြစ်ပြီး “Marry Me” ဆိုတဲ့ သီချင်းအယ်လ်ဘမ်ထွက်ရှိထားပါသေးတယ်။ နိုင်ငံကျော်မင်းသားကြီး ဒွေးရဲ့ “မင်းလေးကိုချစ်လို့” သီချင်းကို ပုံစံပြောင်းပြီ ပြန်ဆိုထားတဲ့ သီချင်းလေးကလည်း ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုရရှိခဲ့ပါတယ်။

သူမကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်ကြောင်းကိုတော့ “သတို့သမီး” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ မတရားအသတ်ခံရပြီး အငြိုအတေးကြီးတဲ့ သရဲမလေး အဖြစ် အကောင်ဆုံးသရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ်ရဲ့ ချီးကျူး အားပေးမှုများစွာရရှိခဲ့ပါတယ်။မကြာမီထွက်ရှိမည့် သည်းထိတ်ရင်ဖို့ ဇာတ်ကားကြီး တစ်ကားဖြစ်တဲ့ “Memories Of Tomorrow” ရုပ်ရှင်ဇာတ်ကားကြီးမှာ နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီကျော်ကျော်ဗိုလ်၊သရုပ်ဆောင် နှင့် တေးသံရှင် စိုင်းဆိုင်လှိုင်း တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင် အောင်ရဲထိုက်၊အောင်မြင့်မြတ် တို့နဲ့အတူ ရိုက်ကူးနေတဲ့ သည်းထိပ်ရင်ဖို ဒရာမာပုံစံ “ကတိ-Promise” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နေ့ရောညပါ မနားတမ်းရိုက်ကူးခဲ့တာ ရိုက်ကူးရေးပြီးစီးသွားကြောင်းကို “နေ့တွေ ညတွေ အမှိုင်းလေးမှားခဲ့ရတဲ့ “ကတိ” shooting လေး ပြီးသွားပါပြီ.. Hardworking ဖြစ်တဲ့ “ကတိ” team နဲ့ အလုပ်လုပ်ရတာ ပင်ပန်းသော်လည်း ပျော်ခဲ့ရပါ၏။ လွမ်းနေပါ့မယ် Team တစ်ခုလုံးကို” လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားတာပါတယ်။ ဒီဇာတ်ကားကြီးမှာလည်း ပင်ပင်ပန်းပန်းကြိုးစားထားတဲ့ ပရိသတ်အချစ်တော် မေရဲ့ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာကြောင့် ရင်ခုန်စရာပါပဲနော်။

error: Content is protected !!