လြန္ခဲ့တဲ့ ေျခာက္ႏွစ္ေလာက္က ႏွစ္ေယာက္သားရဲ႕အမွတ္တရပုံရိပ္ေလးကို ျပန္ေဝမွ်လိုက္တဲ့ ညီထြဋ္ေခါင္နဲ႔ ဆုျမတ္ႏိုးဦး

အႏုပညာရွင္ေတြျဖစ္တဲ့ ေက်ာ္ေက်ာ္၊ ညီထြဋ္ေခါင္နဲ႔ ဆုျမတ္ႏိုးဦးတို႔သုံးေယာက္ဟာဆိုရင္ တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းကိုခင္မင္ၾကတဲ့ BFF ေတြပဲျဖစ္ပါတယ္။ သုံးေယာက္အတူတူ Facebook Page ေလး ေထာင္ထားၿပီး သုံးေယာက္လုံးရဲ႕ အႏုပညာလႈပ္ရွားမႈေတြအျပင္ အေပ်ာ္ပုံရိပ္ေလးေတြကိုလည္း အၿမဲလိုလိုတင္ေပးေလ့ရွိပါတယ္။ သုံးေယာက္သားကေတာ့ အၿမဲတမ္း ေပ်ာ္႐ႊင္ေနတာခ်ည္းပဲေနာ္။

ဒီတစ္ေခါက္မွာလည္း ညီထြဋ္ေခါင္နဲ႔ဆုျမတ္ႏိုးဦးတို႔ႏွစ္ေယာက္သား ၂၀၁၃ ခုႏွစ္က႐ိုက္ကူးခဲ့တဲ့ အမွတ္တရပုံရိပ္ေလးကို ျပန္လည္ ေဝမွ်လိုက္တာပဲျဖစ္ပါတယ္။ ႏွစ္ေယာက္လုံးငယ္႐ုပ္ေလးေတြနဲ႔ Selfie ပုံရိပ္ေလးေတြက မပီဝိုးတဝါးနဲ႔တစ္မ်ိဳးေလးခ်စ္စရာေကာင္း ေနပါတယ္။ အႏုပညာအလုပ္ေတြ ကို အတူတူလုပ္ကိုင္ခဲ့ၾကၿပီး ယေန႔အခ်ိန္ထိ အခင္မင္ဆုံးသူငယ္ခ်င္းေတြအျဖစ္ရွိေနတာေတာ့ တကယ့္ကိုအားက်စရာပါ။

ျမတ္ႏိုးနဲ႔ ညီထြဋ္ေခါင္တို႔ႏွစ္ေယာက္ရဲ႕ပုံရိပ္ေဟာင္းေလးကို ” ၂၀၁၃ တုန္းကဗရမ္းဗတာ၂ေယာက္ရဲ႕ပုံ ” ဆိုၿပီး ေဝမွ်ထားတာ ပဲျဖစ္ပါတယ္။ ခုႏွစ္ေတာ္ေတာ္ၾကာၾကာ အခင္မင္မပ်က္ပဲေပါင္းသင္းလာခဲ့တဲ့ သူငယ္ခ်င္းေတြဟာ အေတာ္ေလးကို အဖိုးတန္လြန္း ပါတယ္။ မိတ္ေဆြတုေတြေပါတဲ့ေခတ္မွာ ဒီလိုသူငယ္ခ်င္းေတြဟာ ဘာနဲ႔မွလဲလို႔မရတဲ့ ရတနာေလးေတြပါ။ ပရိသတ္ႀကီးမွာေရာ ဒီလိုခ်စ္ဖို႔ေကာင္းတဲ့ သူငယ္ခ်င္းေတြရွိလား။

Photo – ဗရမ္းဗတာ ဘီအက္ဖ္အက္ဖ္မ်ား
Happy – CeleGabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က နှစ်ယောက်သားရဲ့အမှတ်တရပုံရိပ်လေးကို ပြန်ဝေမျှလိုက်တဲ့ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦး ”

 

အနုပညာရှင်တွေဖြစ်တဲ့ ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့သုံးယောက်ဟာဆိုရင် တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုခင်မင်ကြတဲ့ BFF တွေပဲဖြစ်ပါတယ်။ သုံးယောက်အတူတူ Facebook Page လေး ထောင်ထားပြီး သုံးယောက်လုံးရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် အပျော်ပုံရိပ်လေးတွေကိုလည်း အမြဲလိုလိုတင်ပေးလေ့ရှိပါတယ်။ သုံးယောက်သားကတော့ အမြဲတမ်း ပျော်ရွှင်နေတာချည်းပဲနော်။

ဒီတစ်ခေါက်မှာလည်း ညီထွဋ်ခေါင်နဲ့ဆုမြတ်နိုးဦးတို့နှစ်ယောက်သား ၂၀၁၃ ခုနှစ်ကရိုက်ကူးခဲ့တဲ့ အမှတ်တရပုံရိပ်လေးကို ပြန်လည်ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးငယ်ရုပ်လေးတွေနဲ့ Selfie ပုံရိပ်လေးတွေက မပီဝိုးတဝါးနဲ့တစ်မျိုးလေးချစ်စရာကောင်းနေပါတယ်။ အနုပညာအလုပ်တွေ ကို အတူတူလုပ်ကိုင်ခဲ့ကြပြီး ယနေ့အချိန်ထိ အခင်မင်ဆုံးသူငယ်ချင်းတွေအဖြစ်ရှိနေတာတော့ တကယ့်ကိုအားကျစရာပါ။

မြတ်နိုးနဲ့ ညီထွဋ်ခေါင်တို့နှစ်ယောက်ရဲ့ပုံရိပ်ဟောင်းလေးကို ” ၂၀၁၃ တုန်းကဗရမ်းဗတာ၂ယောက်ရဲ့ပုံ ” ဆိုပြီး ဝေမျှထားတာပဲဖြစ်ပါတယ်။ ခုနှစ်တော်တော်ကြာကြာ အခင်မင်မပျက်ပဲပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းတွေဟာ အတော်လေးကိုအဖိုးတန်လွန်းပါတယ်။ မိတ်ဆွေတုတွေပေါတဲ့ခေတ်မှာ ဒီလိုသူငယ်ချင်းတွေဟာ ဘာနဲ့မှလဲလို့မရတဲ့ ရတနာလေးတွေပါ။ ပရိသတ်ကြီးမှာရော ဒီလိုချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေရှိလား။

Photo – ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ
Happy – CeleGabar

error: Content is protected !!