” ဒ႑ာရီမိုး ရုပ္ရွင္ကားၾကီး မွာပါတဲ့ ” ဒီလိႈင္း ” ဇာတ္ေကာင္ေနရာ ကို TikTok ေဆာ့ကစားခဲ့တဲ့ သုတေအာင္ “

သုတေအာင္ကေတာ့ “အလင္းထဲကလူ” ဇာတ္လမ္းတြဲမွာဝဏၰအျဖစ္နဲ႔ ပရိသတ္ေတြ စတင္သတိထားမိလာၿပီး သူ ႔ရဲ႕သ႐ုပ္ေဆာင္ခ်က္ေတြကို မိန္းကေလးပရိသတ္ေတြသာမက လူႀကီးေတြရဲ႕သေဘာက်အားေပးျခင္းခံရသူပါ။ ဖိုက္တင္characterနဲ႔သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပိုႏွစ္ၿခိဳက္လက္ခံလာၿပီး သ႐ုပ္ေဆာင္သစ္တစ္ေယာက္အေနနဲ႔ မ်က္ႏွာအေနအထား အၾကည့္ေတြကအစ သိပ္ကိုပီျပင္လြန္းတာေၾကာင့္ အံ့ၾသခ်ီက်ဴးခံေနရတာဆိုလည္းမမွားပါဘူးေနာ္။

MRTV -(4)မွာ ျပသခဲ့တဲ့ ” ၾကယ္ကေလးရဲ႕ေကာင္းကင္” ဇာတ္လမ္းတြဲ မွာလည္းပါဝင္ထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအေပၚမွာလည္း ေလးေလးစားစားဆက္ဆံေလ့ရွိတဲ့အျပင္ သူ ႔ရဲ႕ (၂၆)ႏွစ္ျပည့္ေမြးေန ႔ေလးကို ေမွာ္ဘီၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာေလးတစ္ခုရဲ႕ မိဘမဲ့ေက်ာင္းနဲ႔စာသင္ေက်ာင္းတို႔မွာ အလွဴဒါနေလးျပဳလုပ္ခဲ့တယ္လို ႔သိရပါတယ္။ အင္တာဗ်ဴးမွာလည္း႐ိုး႐ိုးသားသားနဲ ႔ပြင့္ပြင့္လင္းလင္းေျဖၾကားတတ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ပိုမိုရရွိေစတာလဲ ျဖစ္ပါတယ္။

သုတေအာင္ရဲ႕ We Love ေတြဆီက မၾကာမၾကာ လက္ေဆာင္ေတြရရွိေၾကာင္းကိုလည္း သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာမွာ ေဖာ္ျပၿပီး ေက်းဇူးတင္ေၾကာင္း အၿမဲေျပာတတ္သူေလးလို႕ ဆိုရမွာပါ။ သူ႕ကိုခ်စ္တဲ့ ပရိသတ္ေတြနဲ႕ အဆက္မျပတ္သြားေစဖို႕ TikTok ေလးေတြ အၿမဲေဆာ့ေလ့ရွိသူပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ပရိသတ္ေတြပါးစပ္ဖ်ားမွာ ေရပန္းစား နာမည္ၾကီးခဲ့တဲ့ ” ဒ႑ာရီမိုး ” ရုပ္ရွင္ကားၾကီး မွာပါတဲ့ ” ဒီလိႈင္း ” ဇာတ္ေကာင္ေနရာ ကို TikTok ေဆာ့ကစားခဲ့တာပဲ ျဖစ္ပါတယ္။သူ႕ရဲ႕ TikTok ေလးကိုၾကည့္ကာ မိန္းကေလးပရိသတ္ေတြကေတာ့ မိုးေႏွာင္း ျဖစ္ခ်င္ေနေၾကာင္း မွတ္ခ်က္ေတြေပးေနၾကတာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း သုတေအာင္ရဲ႕ မိုးေႏွာင္း ျဖစ္ခ်င္တဲ့သူေတြရွိရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : Thuta Aung
Shwe Poe – Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ဒဏ္ဍာရီမိုး ရုပ်ရှင်ကားကြီး မှာပါတဲ့ ” ဒီလှိုင်း ” ဇာတ်ကောင်နေရာ ကို TikTok ဆော့ကစားခဲ့တဲ့ သုတအောင် ”

သုတအောင်ရဲ့ မိုးနှောင်း ဖြစ်ချင်တဲ့သူတွေရှိလား……..!!!!!!!

သုတအောင်ကတော့ “အလင်းထဲကလူ” ဇာတ်လမ်းတွဲမှာဝဏ္ဏအဖြစ်နဲ့ ပရိသတ်တွေ စတင်သတိထားမိလာပြီး သူ့ရဲ့သရုပ်ဆောင်ချက်တွေကို မိန်းကလေးပရိသတ်တွေသာမက လူကြီးတွေရဲ့သဘောကျအားပေးခြင်းခံရသူပါ။ ဖိုက်တင်characterနဲ့သရုပ်ဆောင်ချက်တွေကြောင့် ပိုနှစ်ခြိုက်လက်ခံလာပြီး သရုပ်ဆောင်သစ်တစ်ယောက်အနေနဲ့ မျက်နှာအနေအထား အကြည့်တွေကအစ သိပ်ကိုပီပြင်လွန်းတာကြောင့် အံ့သြချီကျူးခံနေရတာဆိုလည်းမမှားပါဘူးနော်။

MRTV -(4)မှာ ပြသခဲ့တဲ့ ” ကြယ်ကလေးရဲ့ကောင်းကင်” ဇာတ်လမ်းတွဲ မှာလည်းပါဝင်ထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအပေါ်မှာလည်း လေးလေးစားစားဆက်ဆံလေ့ရှိတဲ့အပြင် သူ့ရဲ့ (၂၆)နှစ်ပြည့်မွေးနေ့လေးကို မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာလေးတစ်ခုရဲ့ မိဘမဲ့ကျောင်းနဲ့စာသင်ကျောင်းတို့မှာ အလှူဒါနလေးပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အင်တာဗျူးမှာလည်းရိုးရိုးသားသားနဲ့ပွင့်ပွင့်လင်းလင်းဖြေကြားတတ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ပိုမိုရရှိစေတာလဲ ဖြစ်ပါတယ်။

သုတအောင်ရဲ့ We Love တွေဆီက မကြာမကြာ လက်ဆောင်တွေရရှိကြောင်းကိုလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပြီး ကျေးဇူးတင်ကြောင်း အမြဲပြောတတ်သူလေးလို့ ဆိုရမှာပါ။ သူ့ကိုချစ်တဲ့ ပရိသတ်တွေနဲ့ အဆက်မပြတ်သွားစေဖို့ TikTok လေးတွေ အမြဲဆော့လေ့ရှိသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစား နာမည်ကြီးခဲ့တဲ့ ” ဒဏ္ဍာရီမိုး ” ရုပ်ရှင်ကားကြီး မှာပါတဲ့ ” ဒီလှိုင်း ” ဇာတ်ကောင်နေရာ ကို TikTok ဆော့ကစားခဲ့တာပဲ ဖြစ်ပါတယ်။သူ့ရဲ့ TikTok လေးကိုကြည့်ကာ မိန်းကလေးပရိသတ်တွေကတော့ မိုးနှောင်း ဖြစ်ချင်နေကြောင်း မှတ်ချက်တွေပေးနေကြတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း သုတအောင်ရဲ့ မိုးနှောင်း ဖြစ်ချင်တဲ့သူတွေရှိရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Thuta Aung
Shwe Poe – Cele Gabar

error: Content is protected !!