“Model FC သာနိုင္သြားခဲ့ရင္ ပရိသတ္ေတြဆီက ေမႊးေမႊးေပးတာ လက္ခံမည့္ ေအာင္ေလး”

ေအာင္ေလးကေတာ့ ေမာ္ဒယ္တစ္ဦးအေနျဖင့္ အနုပညာေလာကထဲကို၀င္ေရာက္လာျပီးလက္ရိွမွာေတာ့ သရုပ္ေဆာင္တစ္ဦးအေနနဲ႕ ပါရပ္တည္ေနသူလည္းျဖစ္ပါတယ္။ သူကေတာ့ ေယာက်္ားပီသတဲ့ ခႏၶာကိုယ္ပိုင္ဆိုင္ထားျပီး နႈတ္ခမ္းနီမေလးေတြရဲ႕ သည္းသည္းလႈပ္အားေပးျခင္းခံထားရပါတယ္။ ပရိသတ္္္ေတြအေပၚမွာလည္း အျမဲတမ္း ပြင္းလင္းေဖာ္ေရြစြာဆက္ဆံတတ္ျပီး ဘာသာတရားကိုင္းရွိင္းတဲ့အနုပညာရွင္ေတြထဲက တစ္ဦးျဖစ္ပါတယ္။


” သတိ အႏၱရယ္ရိွသည္ ” ရုပ္ရွင္ဇာတ္ကားၾကီး မွာပါ၀င္သရုပ္ေဆာင္ထားျပီး သူရဲ႕ ပီပီျပင္ျပင္သရုပ္ေဆာင္မႈေၾကာင့္ ပရိ္သတ္ရဲ႕ ခ်စ္ခင္အားေပးမႈရရိွထားပါတယ္။ေအာင္ေလးကေတာ့ (၂၀၁၉) စက္တင္ဘာ (၇၊ ၈) ရက္ေန႔မ်ားတြင္ မႏၲေလးၿမိဳ႕ မႏၲလာသီရိေဘာလံုးကြင္းမွာ က်င္းပမည့္ အႏုပညာရွင္ေပါင္းစံု ေလးသင္းပတ္လည္ Royal Club Cup ေဘာလံုးၿပိဳင္ပြဲ ၾကီးမွာ Model FC ရဲ႕ အသင္းသားတစ္ေယာက္အေနျဖင့္ အေကာင္းဆံုးပါ၀င္ယွဥ္ျပိဳင္သြားမွာလည္း ျဖစ္ပါတယ္။

လက္ရိွမွာ ျပိဳင္ပြဲအတြက္ မႏၱေလးျမိဳ႕သို႕ သြားေရာက္ေနျပီျဖစ္ျပီး ထိုျပိဳင္ပြဲၾကီးမွာ နိုင္သြားခဲ့ရင္ ခ်စ္ပရိသတ္ေတြရဲ႕ အာဘြားေပးတာကို လက္ခံမယ္အေၾကာင္းကို “ခ်စ္ဆံုးေတြကိုကိုတို႔လာၿပီ အားေပးဖို႔အဆင္သင့္ပဲလား Model Fc ႏိုင္ရင္အာဘြားေပးခံမယ္ကြာ” လို႔ ေအာင္ေလးတစ္ေယာက္ကေတာ့ သူရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွာ ေစ်းဗန္းခင္းလိုက္တာကို CeleGabar ပရိသတ္ၾကီးအတြက္ မွ်ေ၀လိုက္ပါတယ္။

Source: Aung Lay
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

“Model FC သာနိုင်သွားခဲ့ရင် ပရိသတ်တွေဆီက မွှေးမွှေးပေးတာ လက်ခံမည့် အောင်လေး”

အောင်လေးကတော့ မော်ဒယ်တစ်ဦးအနေဖြင့် အနုပညာလောကထဲကိုဝင်ရောက်လာပြီးလက်ရှိမှာတော့ သရုပ်ဆောင်တစ်ဦးအနေနဲ့ ပါရပ်တည်နေသူလည်းဖြစ်ပါတယ်။ သူကတော့ ယောကျ်ားပီသတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားပြီး နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းခံထားရပါတယ်။ ပရိသတ်တွေအပေါ်မှာလည်း အမြဲတမ်း ပွင်းလင်းဖော်ရွေစွာဆက်ဆံတတ်ပြီး ဘာသာတရားကိုင်းရှိင်းတဲ့အနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။

” သတိ အန္တရယ်ရှိသည် ” ရုပ်ရှင်ဇာတ်ကားကြီး မှာပါဝင်သရုပ်ဆောင်ထားပြီး သူရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်မှုကြောင့် ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုရရှိထားပါတယ်။အောင်လေးကတော့ (၂၀၁၉) စက်တင်ဘာ (၇၊ ၈) ရက်နေ့များတွင် မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းမှာ ကျင်းပမည့် အနုပညာရှင်ပေါင်းစုံ လေးသင်းပတ်လည် Royal Club Cup ဘောလုံးပြိုင်ပွဲ ကြီးမှာ Model FC ရဲ့ အသင်းသားတစ်ယောက်အနေဖြင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ပြိုင်ပွဲအတွက် မန္တလေးမြို့သို့ သွားရောက်နေပြီဖြစ်ပြီး ထိုပြိုင်ပွဲကြီးမှာ နိုင်သွားခဲ့ရင် ချစ်ပရိသတ်တွေရဲ့ အာဘွားပေးတာကို လက်ခံမယ်အကြောင်းကို “ချစ်ဆုံးတွေကိုကိုတို့လာပြီ အားပေးဖို့အဆင်သင့်ပဲလား Model Fc နိုင်ရင်အာဘွားပေးခံမယ်ကွာ” လို့ အောင်လေးတစ်ယောက်ကတော့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဈေးဗန်းခင်းလိုက်တာကို CeleGabar ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။

error: Content is protected !!