” ျမန္မာနိုင္ငံက ခ်စ္ပရိသတ္တစ္ေယာက္ကို ေဒါက္ဖိနပ္အသစ္ေလး တစ္ရံ လက္ေဆာင္ေပးမည့္ Sinon “

Cat Walk King လို႔ေတာင္တင္စားေခၚေ၀ၚရတဲ့သူ၊(၇)လက္မ ၀န္းက်င္ရိွတဲ့ ေဒါက္ဖိနပ္နဲ႔ အလွမယ္၊ေမာ္ဒယ္ေတြ ထိုင္ငိုရေလာက္ေအာင္ Cat Walk ကို လွပသပ္ရပ္စြာ ေလွ်ာက္နိုင္တဲ့သူကေတာ့ ဖိလစ္ပိုင္နိုင္ငံသား Sinon Loresca ပဲျဖစ္ပါတယ္။သူကေတာ့ ေယာက်္ားဆန္ ကိုယ္ခႏၶာအခ်ိဳးအစား နဲ႕ အမ်ိဳးသမီးေတြကေတာင္ ျပန္လည္ အားက်ရတဲ့ က်စ္လ်စ္ လွပတဲ့ တင္ပါး ကို ပိုင္ဆိုင္ထားတဲ့ LGBT တစ္ေယာက္အျဖစ္ရပ္တည္ကာ တကမာၻလံုးနီးပါးက အားေပးၾကတဲ့ ပရိသတ္ Followers ေပါင္း (၁၈) သန္းေက်ာ္ခန္႕ ရရိွထားပါေသးတယ္။

Sinon ကေတာ့ ျမန္မာနိုင္ငံကို ရွိဴးပြဲ တစ္ခုမွာလွ်ာက္လွမ္းဖို႕ အတြက္ ဖိတ္ေခၚထားတာေၾကာင့္ ေရာက္ရိွခဲ့ျပီး ျမန္မာနိုင္ငံရဲ႕ ေဒသ အလွအပ၊ ရိုးရာေတြကို သူရဲ႕Calk Walk Skill နဲ႕ အတူ ကမၻာကသိေအာင္ခ်ျပခဲ့ပါေသးတယ္။သူကေတာ့ အကူအညီလိုအပ္တဲ့ သူေတြကိုတတ္နိုင္သေလာက္ ကူညီမႈေတြျပဳလုပ္ခဲ့တဲ့အတြက္ ျမန္မာနိုင္ငံပရိသတ္ေတြရဲ႕ ခ်ီးက်ဴးအာေပးမႈေတြကို ရရိွခဲ့သူလည္းျဖစ္ပါတယ္။Sinon ကေတာ့ စက္တင္ဘာလ (၄)ရက္ေန႔က ဖိလစ္ပိုင္နိုင္ငံကို ျပန္သြားရတာျဖစ္ျပီး မျပန္ခ်င္ေသးတဲ့အေၾကာင္းကို ဗီဒီယိုရိုက္ကာေျပာေနရင္း မ်က္ရည္က်လာျပီး ျပန္လာခဲ့ပါ့မယ္လို႔ ကတိစကားလည္း ေျပာခဲ့ပါေသးတယ္။

လက္ရိွမွာ Sinon ကေတာ့ ျမန္မာနိုင္ငံက ခ်စ္ပရိသတ္တစ္ေယာက္ကို ေရြးခ်ယ္ျပီး ေဒါက္ဖိနပ္ အသစ္ေလးတစ္ရံေပးမည့္ အေၾကာင္းကို “Brand New High Heels and I’m ready to give to one of my fans in MYANMAR If you want it, SHARE it to your Wall and use the hashtag #SinonLorescaTheComeBackInMyanmar to avail this – GoodLuck loves” လို႔ သူရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွ ေဖာ္ျပထားတာကို CeleGabar ပရိသတ္ၾကီးအတြက္ မွ်ေ၀လိုက္ပါတယ္။

Source: Sinon Loresca
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” မြန်မာနိုင်ငံက ချစ်ပရိသတ်တစ်ယောက်ကို ဒေါက်ဖိနပ်အသစ်လေး တစ်ရံ လက်ဆောင်ပေးမည့် Sinon ”

Cat Walk King လို့တောင်တင်စားခေါ်ဝေါ်ရတဲ့သူ၊(၇)လက်မ ဝန်းကျင်ရှိတဲ့ ဒေါက်ဖိနပ်နဲ့ အလှမယ်၊မော်ဒယ်တွေ ထိုင်ငိုရလောက်အောင် Cat Walk ကို လှပသပ်ရပ်စွာ လျှောက်နိုင်တဲ့သူကတော့ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ပဲဖြစ်ပါတယ်။သူကတော့ ယောကျ်ားဆန် ကိုယ်ခန္ဓာအချိုးအစား နဲ့ အမျိုးသမီးတွေကတောင် ပြန်လည် အားကျရတဲ့ ကျစ်လျစ် လှပတဲ့ တင်ပါး ကို ပိုင်ဆိုင်ထားတဲ့ LGBT တစ်ယောက်အဖြစ်ရပ်တည်ကာ တကမ္ဘာလုံးနီးပါးက အားပေးကြတဲ့ ပရိသတ် Followers ပေါင်း (၁၈) သန်းကျော်ခန့် ရရှိထားပါသေးတယ်။

Sinon ကတော့ မြန်မာနိုင်ငံကို ရှိူးပွဲ တစ်ခုမှာလျှာက်လှမ်းဖို့ အတွက် ဖိတ်ခေါ်ထားတာကြောင့် ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒေသ အလှအပ၊ ရိုးရာတွေကို သူရဲ့Calk Walk Skill နဲ့ အတူ ကမ္ဘာကသိအောင်ချပြခဲ့ပါသေးတယ်။သူကတော့ အကူအညီလိုအပ်တဲ့ သူတွေကိုတတ်နိုင်သလောက် ကူညီမှုတွေပြုလုပ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံပရိသတ်တွေရဲ့ ချီးကျူးအာပေးမှုတွေကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။Sinon ကတော့ စက်တင်ဘာလ (၄)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံကို ပြန်သွားရတာဖြစ်ပြီး မပြန်ချင်သေးတဲ့အကြောင်းကို ဗီဒီယိုရိုက်ကာပြောနေရင်း မျက်ရည်ကျလာပြီး ပြန်လာခဲ့ပါ့မယ်လို့ ကတိစကားလည်း ပြောခဲ့ပါသေးတယ်။

လက်ရှိမှာ Sinon ကတော့ မြန်မာနိုင်ငံက ချစ်ပရိသတ်တစ်ယောက်ကို ရွေးချယ်ပြီး ဒေါက်ဖိနပ် အသစ်လေးတစ်ရံပေးမည့် အကြောင်းကို “Brand New High Heels and I’m ready to give to one of my fans in MYANMAR If you want it, SHARE it to your Wall and use the hashtag #SinonLorescaTheComeBackInMyanmar to avail this – GoodLuck loves” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားတာကို CeleGabar ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။

error: Content is protected !!