



Source: Naw Martha Htoowah
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

“ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမီဒီယာကုမ္ပဏီကြီး KBS ရဲ့ Winner ဆုကို ရရှိသွားတဲ့ ကရင်တိုင်းရင်းသူလေး နော်မာသထူးဝါး”

“အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ အောင်မြင်မှုတွေ ရရှိလာတဲ့ ချစ်စရာကောင်းတဲ့ ကရင်မလေး နော်မာသထူးဝါးက ကိုရီးယားမှာ နေထိုင်တဲ့ မြန်မာ၊ ကရင်လူမျိုး လေးဖြစ်ပြီး သီချင်းဆိုကောင်းတဲ့ အဆိုတော်ပေါက်စလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင် ထူးချွန်လွန်းတဲ့ သီချင်းဆိုပါရမီကြောင့် မြန်မာနိုင်ငံမှာသာမက ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးရုပ်သံလိုင်း KBS နဲ့လည်း အစီအစဉ်မှာလည်း ပါဝင်နိုင်တဲ့အထိ အောင်မြင်မှုရရှိပါတယ်။

နော်မာသထူးဝါးက ကိုရီးယားနိုင်ငံ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း ပါဝင်ဖျော်ဖြေ တင်ဆက်သွားဖို့ ရှိပြီး လက်ရှိမှာတော့ ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ MAMF ( Migrant’s Arirang Multicultural Festival) 2019 နိုင်ငံတကာ သီချင်းဆိုပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် final အဆင့်သို့ ပါဝင်ခွင့်ရရှိခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ KBS ရုပ်သံလိုင်းမှ ဖျော်ဖြေတင်ဆက်တဲ့ KBS ကလေး အစီအစဉ်မှာ ပါဝင်တင်ဆက်ရင်း Winner ဆုကြီးကို ဆွတ်ခူးနိုင်တာကို “KBS ကလေးအစီစဉ် ဒီနေ့အတွက် ဒီဆုကိုအားလုံးအတွက်ပါရှင့်” သူမရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးရေ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ KBS ရုပ်သံလိုင်းမှာ ပါဝင်ဖျော်ဖြေခွင့်ရခဲ့တဲ့ နော်မာသထူးဝါးအတွက် ဂုဏ်ပြုစကားလေး ပြောသွားဦးနော်။

error: Content is protected !!