





Source: May Panche
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

“အမိုက်စားပုံရိပ်တွေ ပါဝင်တဲ့ မေပန်းချီရဲ့ ပထမဆုံး Cover MTV”

ပရိသတ်တွေကို အမိုက်စားပုံရိပ်လေးတွေနဲ့ ဖမ်းစားထားလေ့ရှိတဲ့ မော်ဒယ်သရုပ်ဆောင် မေပန်းချီဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးမှုရရှိထားသော အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။အနုပညာလောကတွေသာမက စီးပွားရေးတွေလဲ လုပ်ကိုင်နေကာ မိဘတွေကိုရှာဖွေ ကျွေးမွေးနေတဲ့ သမီးလိမ္မာလေးပါ။သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နိုင်တဲ့အထိ အောင်မြင်မှုရရှိထားပါသေးတယ်။

သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသချိန်မှာတော့ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့ပါသေးတယ်။မေပန်းချီကတော့ တစ်ချိန်က နိုင်ငံကျော်အဆိုတော် ရှင်ဖုန်း ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “တယ်လီဖုန်းလေး” သီချင်းလေးကို Cover ပြန်ဆိုကာ သူမရဲ့ အဆိုစွမ်းရည်ကိုချပြလိုက်ပါတယ်။

မေပန်းချီကတော့ Cover သီချင်းလေးရဲ့ MTV မှာတော့ သူမရဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့ ဖမ်းစားထားနိုင်ပြီး လက်ရှိမှာတော့ ကြည့်ရှုသူကတော့ (၅၀၀၀) ကျော်တဲ့အထိ တခဲနက် အားပေးမှုကိုရရှိနေတာလည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ မေပန်းချီရဲ့ Cover သီချင်းလေးနားထောင်ပြီးရင် မှတ်ချက်ပေးခဲ့နော်။

error: Content is protected !!