” ျဖစ္ခ်င္တာေတြ ျဖစ္ခြင့္ရဖို႔ ေတာင္းဆုေျခြလိုက္တဲ့ ေနျခည္ဦး”

“ပုရိသ” ရုပ္ရွင္ ဇာတ္ကားၾကီးမွာ နိုင္ငံေက်ာ္မင္းသမီးၾကီးနဲ႔ အျပိဳင္သရုပ္ေဆာင္ထားကာ ပရိသတ္ေတြရဲ႕ အားေပးမႈ အခိုင္အမာရရိွေနတဲ့ ေနျခည္ဦး ကေတာ့ ျမန္မာနိုင္ငံရဲ႕ ပထမဦးဆံုး Beauty Blogger အျဖစ္ စတင္ခဲ့ကာ အနုပညာေလာကထဲကို၀င္ေရာက္လာသူျဖစ္ျပီး ထူးျခားတဲ့ အနုပညာစြမ္းရည္ေၾကာင့္လည္း တစ္ခဏအတြင္း ေအာင္ျမင္မႈရရိွခဲ့သူလည္းျဖစ္ပါတယ္။သူမကေတာ့ သရုပ္ေဆာင္သစ္တစ္ေယာက္လို႔ မထင္ရေလာက္ေအာင္ သရုပ္ေဆာင္ပီျပင္လြန္းတာေၾကာင့္ ပရိသတ္ရဲ႕ ႏွစ္သက္အားေပးျခင္းခံေနရျပီး လတ္တေလာမွာေတာ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာပါ ဆက္တိုက္ဆိုသလို ပါ၀င္သရုပ္ေဆာင္ခြင့္ရရိွထားပါတယ္။

သူမရဲ႕ ပထမဆံုးရုပ္ရွင္ဇာတ္ကားၾကီးျဖစ္တဲ့ “ရန္သူ” ရုပ္ရွင္ဇာတ္ကားမွာလည္း ပရိသတ္ေတြရဲ႕ တခဲနက္အားေပးမႈကို ရရိွခဲ့ပါတယ္။တက္သစ္သရုပ္ေဆာင္တစ္ေယာက္ျဖစ္ေပမဲ့ ၀ါရင့္အနုပညာရွင္ေတြနဲ႔အျပိဳင္ အေကာင္းဆံုး သရုပ္ေဆာင္နိုင္မႈေၾကာင့္ “ဧည့္သည္” ရုပ္ရွင္ဇာတ္ကားၾကီးဟာဆိုရင္လည္း ရံုျပည္ရံုလွ်ံ အားေပးျခင္းခံခဲ့ရပါေသးတယ္။သူမကေတာ့ သူမရဲ႕အလွကို ယံုၾကည္မႈရိွသလို မိန္းကေလးေတြကိုလည္း ယံုၾကည္မႈရိွရိွနဲ႔လွေစဖို႔ နည္းလမ္းေကာင္းေတြကို ေ၀မွ်တတ္သူ Beauty Blogger ကာင္းတစ္ေယာက္လည္းျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ေနျခည္ဦးဟာ အခ်စ္ေရးျပႆနာေတြနဲ႔ ၾကံဳေတြ႕ေနရျပီး ခ်စ္သူနဲ႔လမ္းခြဲျပတ္စဲခဲ့ပါေသးတယ္။သူမရဲ႕ ခ်စ္တဲ့ ပရိသတ္ေတြကေတာ့ ေနျခည္ဦးတစ္ေယာက္အသည္းကြဲမွာကို စိတ္ပူေနၾကသလို သူမကေတာ့ အသည္းကြဲဖို႔ အခ်ိန္မရေလာက္ေအာင္ အလုပ္ရႈပ္ေနခဲ့ပါတယ္။သူမကေတာ့ ၾကံဳေတြ႕နရတဲ့ ကံအညံ့ေတြေျပေပ်ာက္ေအာင္ ဗိုလ္တစ္ေထာင္ဘုရားၾကီးမွာ “ျဖစ္ခ်င္တာေတြ ျဖစ္ခြင့္ရရပါေစ မယ္ေတာ္နဲ႕ အစ္မေတာ္” လို႔ သြားေရာက္ဆုေတာင္းခဲ့ပါတယ္။CeleGabar ပရိသတ္ၾကီးေရ ေနျခည္ဦးတစ္ေယာက္ ျဖစ္ခ်င္တာေတြက ဘာေတြျဖစ္ေနမလဲ။

Source: Nay Chi Oo
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရဖို့ တောင်းဆုခြွေလိုက်တဲ့ နေခြည်ဦး”

“ပုရိသ” ရုပ်ရှင် ဇာတ်ကားကြီးမှာ နိုင်ငံကျော်မင်းသမီးကြီးနဲ့ အပြိုင်သရုပ်ဆောင်ထားကာ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိနေတဲ့ နေခြည်ဦး ကတော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Beauty Blogger အဖြစ် စတင်ခဲ့ကာ အနုပညာလောကထဲကိုဝင်ရောက်လာသူဖြစ်ပြီး ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့်လည်း တစ်ခဏအတွင်း အောင်မြင်မှုရရှိခဲ့သူလည်းဖြစ်ပါတယ်။သူမကတော့ သရုပ်ဆောင်သစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိသတ်ရဲ့ နှစ်သက်အားပေးခြင်းခံနေရပြီး လတ်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ဆက်တိုက်ဆိုသလို ပါဝင်သရုပ်ဆောင်ခွင့်ရရှိထားပါတယ်။

သူမရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားမှာလည်း ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့ပါတယ်။တက်သစ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမဲ့ ဝါရင့်အနုပညာရှင်တွေနဲ့အပြိုင် အကောင်းဆုံး သရုပ်ဆောင်နိုင်မှုကြောင့် “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း ရုံပြည်ရုံလျှံ အားပေးခြင်းခံခဲ့ရပါသေးတယ်။သူမကတော့ သူမရဲ့အလှကို ယုံကြည်မှုရှိသလို မိန်းကလေးတွေကိုလည်း ယုံကြည်မှုရှိရှိနဲ့လှစေဖို့ နည်းလမ်းကောင်းတွေကို ဝေမျှတတ်သူ Beauty Blogger ကာင်းတစ်ယောက်လည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ နေခြည်ဦးဟာ အချစ်ရေးပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး ချစ်သူနဲ့လမ်းခွဲပြတ်စဲခဲ့ပါသေးတယ်။သူမရဲ့ ချစ်တဲ့ ပရိသတ်တွေကတော့ နေခြည်ဦးတစ်ယောက်အသည်းကွဲမှာကို စိတ်ပူနေကြသလို သူမကတော့ အသည်းကွဲဖို့ အချိန်မရလောက်အောင် အလုပ်ရှုပ်နေခဲ့ပါတယ်။သူမကတော့ ကြုံတွေ့နရတဲ့ ကံအညံ့တွေပြေပျောက်အောင် ဗိုလ်တစ်ထောင်ဘုရားကြီးမှာ “ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရရပါစေ မယ်တော်နဲ့ အစ်မတော်” လို့ သွားရောက်ဆုတောင်းခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရေ နေခြည်ဦးတစ်ယောက် ဖြစ်ချင်တာတွေက ဘာတွေဖြစ်နေမလဲ။

error: Content is protected !!