” သတင္းအမွားေတြေဝဖန္ေနသူေတြကို ျပန္လည္ေခ်ပလိုက္တဲ့ ေရႊအိမ္စည္ “

ေရႊအိမ္စည္ဟာ Miss Supranational Myanmar ( 2018 ) မွာ Winner ဆုကိုရရွိခဲ့တဲ့ အလွမယ္တစ္ဦးပဲ ျဖစ္ပါတယ္။ပရိသတ္ေတြအရမ္းစိတ္ဝင္တစားေစာင့္ၾကည့္ျခင္းကို ခံရၿပီး အိမ္စည့္ fanေတြကလဲ အလြန္အားေပးၾကမ္းၾကတယ္လို႕ဆိုရမွာပါ။ေယာက်ာ္းေလးေတြသာမက မိန္းကေလးခ်င္းကပါအားေပးခ်စ္ခင္ျခင္းခံရတဲ့ အလွမယ္တစ္ဦးျဖစ္ၿပီး အိမ္စည့္မ်က္ႏွာေပါက္ဟာ ႏုိင္ငံျခားသူမ်က္ႏွာေပါက္မ်ိဳးျဖစ္တဲ့အျပင္ ယံုၾကည္ရဲရင့္ကာ သြက္လက္လြန္းတဲ့ သူလည္းျဖစ္ပါတယ္။ငယ္ငယ္တည္းကႏုိင္ငံျခားမွာေနခဲ့တဲ့သူ ျဖစ္တာေၾကာင့္ လြတ္လြတ္လပ္လပ္ေပါ့ေပါ့ပါးပါးေနရတာ ႏွစ္သက္တဲ့သူလဲျဖစ္ပါတယ္။

အျမဲ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္ခ်က္အျပည့္နဲ႔ ေနတတ္ပီး ဘယ္အင္တာဗ်ဴးမဆို ပြင့္ပြင့္လင္းလင္းနဲ႕အရွိကိုအရွိတိုင္း ေျဖဆိုတတ္တဲ့ သူလဲျဖစ္ပါတယ္။မည့္သည့္အရာမဆို သူမရဲ့လူမွုကြန္ရက္ကေနသူမခ်စ္တဲ့ ပရိသတ္အေပၚ သူမရဲ႕ခံစားခ်က္မ်ားကို ရင္ဖြင့္ေျပာျပေလ့႐ွိသူပဲ ျဖစ္ပါတယ္။အလွမယ္ အျဖစ္ကေန သရုပ္ေဆာင္ဘက္ကို ကူးေျပာင္းလာသူျဖစ္တဲ့အျပင္ ယခုဆိုရင္ အိမ္စည္ဟာ ရုပ္ရွင္ကားႀကီးေတြပါ ရုိက္ကူးေနၿပီပဲ ျဖစ္ပါတယ္။မၾကာေသးမီကလည္း AR T ရဲ႕ Broken Paradise သီခ်င္း MTV ေလးမွာ ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ၿပီး ပရိသတ္ေတြအႀကိဳက္ေတြ႕ေစခဲ့တဲ့ သီခ်င္းတစ္ပုဒ္ပဲ ျဖစ္တဲ့အျပင္ အိမ္စည္ရဲ႕ အံ့ျသေစတဲ့ သရုပ္ေဆာင္ခ်က္ေတြကို ျမင္ေတြ႕ခဲ့ရတာပဲ ျဖစ္ပါတယ္။

အိမ္စည့္ကို ခ်စ္သူခင္သူေတြ အမ်ားအျပားရွိေသာ္လည္း ေဝဖန္တိုက္ခိုက္သူေတြလည္းအမ်ားအျပားရွိေနၾကတာပဲ ျဖစ္ပါတယ္။လက္ရွိမွာလည္း အိမ္စည္နဲ႕ပတ္သက္ၿပီး သတင္းအမွားေတြေဝဖန္ေနသူေတြကို ” ဘယ္သူကဘယ္လိုေႏွာက္ခ်လိုက္လဲမသိဘူးေရႊအိမ္စည္ အဖမ္းခံရတယ္ဆိုၿပီးအိမ္မွာ ေနမေကာင္းလို ႔ ေအးေအး အနားယူေနပါတယ္။ကၽြန္မရဲ႕ သာယာေနတဲ့ ဘဝႀကီးကိုမဖ်က္ဆီးၾကပါနဲ႕ ” ဆိုၿပီး ျပန္လည္ေျဖရွင္းခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ပြင့္ပြင့္လင္းလင္းနဲ႕ ယံုၾကည္ခ်က္အျပည့္ရွိတဲ့ အိမ္စည့္ကို ခ်စ္ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : Shwe Eain Si
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” သတင်းအမှားတွေဝေဖန်နေသူတွေကို ပြန်လည်ချေပလိုက်တဲ့ ရွှေအိမ်စည် ”

ရွှေအိမ်စည်ဟာ Miss Supranational Myanmar ( 2018 ) မှာ Winner ဆုကိုရရှိခဲ့တဲ့ အလှမယ်တစ်ဦးပဲ ဖြစ်ပါတယ်။ပရိသတ်တွေအရမ်းစိတ်ဝင်တစားစောင့်ကြည့်ခြင်းကို ခံရပြီး အိမ်စည့် fanတွေကလဲ အလွန်အားပေးကြမ်းကြတယ်လို့ဆိုရမှာပါ။ယောကျာ်းလေးတွေသာမက မိန်းကလေးချင်းကပါအားပေးချစ်ခင်ခြင်းခံရတဲ့ အလှမယ်တစ်ဦးဖြစ်ပြီး အိမ်စည့်မျက်နှာပေါက်ဟာ နိုင်ငံခြားသူမျက်နှာပေါက်မျိုးဖြစ်တဲ့အပြင် ယုံကြည်ရဲရင့်ကာ သွက်လက်လွန်းတဲ့ သူလည်းဖြစ်ပါတယ်။ငယ်ငယ်တည်းကနိုင်ငံခြားမှာနေခဲ့တဲ့သူ ဖြစ်တာကြောင့် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေရတာ နှစ်သက်တဲ့သူလဲဖြစ်ပါတယ်။

အမြဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်အပြည့်နဲ့ နေတတ်ပီး ဘယ်အင်တာဗျူးမဆို ပွင့်ပွင့်လင်းလင်းနဲ့အရှိကိုအရှိတိုင်း ဖြေဆိုတတ်တဲ့ သူလဲဖြစ်ပါတယ်။မည့်သည့်အရာမဆို သူမရဲ့လူမှုကွန်ရက်ကနေသူမချစ်တဲ့ ပရိသတ်အပေါ် သူမရဲ့ခံစားချက်များကို ရင်ဖွင့်ပြောပြလေ့ရှိသူပဲ ဖြစ်ပါတယ်။အလှမယ် အဖြစ်ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာသူဖြစ်တဲ့အပြင် ယခုဆိုရင် အိမ်စည်ဟာ ရုပ်ရှင်ကားကြီးတွေပါ ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။မကြာသေးမီကလည်း AR T ရဲ့ Broken Paradise သီချင်း MTV လေးမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တွေအကြိုက်တွေ့စေခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်တဲ့အပြင် အိမ်စည်ရဲ့ အံ့သြစေတဲ့ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

အိမ်စည့်ကို ချစ်သူခင်သူတွေ အများအပြားရှိသော်လည်း ဝေဖန်တိုက်ခိုက်သူတွေလည်းအများအပြားရှိနေကြတာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း အိမ်စည်နဲ့ပတ်သက်ပြီး သတင်းအမှားတွေဝေဖန်နေသူတွေကို ” ဘယ်သူကဘယ်လိုနှောက်ချလိုက်လဲမသိဘူးရွှေအိမ်စည် အဖမ်းခံရတယ်ဆိုပြီးအိမ်မှာ နေမကောင်းလို့ အေးအေး အနားယူနေပါတယ်။ကျွန်မရဲ့ သာယာနေတဲ့ ဘဝကြီးကိုမဖျက်ဆီးကြပါနဲ့ ” ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ပွင့်ပွင့်လင်းလင်းနဲ့ ယုံကြည်ချက်အပြည့်ရှိတဲ့ အိမ်စည့်ကို ချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Shwe Eain Si
Shwe Poe – CeleGabar

x
error: Content is protected !!