



Source:Wai Yan Tun Min

NORA:CeleGabar

(Unicode ဖြင့်ဖတ်ရန်)

MRTပေါ်က ထိုင်းမလေးကြေညာတဲ့အတိုင်း ရထားပေါ်မှာ မျက်နှာပြောင်ပြီး လိုက်ပြောနေတဲ့ Joker

ဟာသတွေ အခွီတလိုင်းလေးတွေလုပ်ရင်း ပရိသတ်တွေကို ပျော်ရွှင်မှုတွေကို ဖန်းတီးပေးနိုင်တဲ့ ဟာသ သရုပ်ဆောင် အဆိုတော် Jokerကိုမသိတဲ့သူမရှိပါဘူးနော်။ သူမတူအောင်ပြောင်မြောက်တဲ့ ဟာသလေးတွေနဲ့ ချစ်ရတဲ့ပရိတ်သတ်တွေကို အူတက်ရယ်မောစေနိုင်သူတစ်ယောက်ဖြစ်တဲ့အတွက် ဂျိုကြီးဆိုပြီးတော့ တောင် ချစ်စနိုးနဲ့ခေါ်တာခံနေရသူပါပဲနော်။

အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်တွေပေးတဲ့နေရာတစ်နေရာကို ခိုင်ခိုင်မာမာရရှိထားပြီးတော့ ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ပါပဲ။ လက်တလောမှာတော့ သူဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိလို့နေခဲ့ပါတယ်နော်။

ရဲလေးတို့နဲ့အတူ ဘန်ကောက်ကိုရောက်ရှိနေခဲ့တာလည်းဖြစ်ပြီးတော့ အလုပ်ကိစ္စတွေလည်းလုပ် လည်ပတ်ရင်း အရမ်းပဲပျော်ရွှင်နေခဲ့ပါတဲ့နော်။ ရောက်တဲ့နေရာတိုင်း ဟာသလုပ်လိုက်ရမှာကျေနပ်တဲ့ ဂျိုကာဟာ အခုလည်း ပရိသတ်တွေကို အခွီတလိုင်းဗီဒီယိုလေးနဲ့ ရယ်မောစေခဲ့ပြန်ပါပြီနော်။ MRT ထဲက ထိုင်းမလေး ကြေညာတဲ့အတိုင်း တစ်သွေမတိမ်းလိုက်ဝါးချကာ ပြောရင်းမျက်နှာပြောင်ထားတဲ့ အခွီဗီဒီယိုဖိုင်လေးကို လူမှုစာမျက်နှာပေါ်မှာတင်ထားခဲ့တာပဲဖြစ်ပါတယ်နော်။ ကဲ…. ဒီတစ်ခါ ဂျိုကာတစ်ယောက် ဘယ်လိုတွေခွီရအောင် လုပ်ထားသေးဆိုတာကြည့်လိုက်ရအောင်နော်။

error: Content is protected !!