

 


 


 

 

Photo – May Myint Mo
Happy – Cele Gabar

(ယူနီကုဒ်ဖြင့်ဖတ်ရန်)

” ပဲရစ်ရဲ့ Seine River Cruise မှာ တိုင်းတပါးသားတွေရဲ့ အကြည့်တွေကို အလှတရားနဲ့ သိမ်းပိုက်လိုက်တဲ့ မေမြင့်မိုရ် ”

သရုပ်ဆောင်မေတစ်ယောက် ဥရောပအနှံ့ မိသားစုနဲ့အတူတူ ခရီးထွက်နေတာပဲဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ဒီခရီးစဉ်လေးမှာ ပဲရစ်မြို့ Seine River Cruise မှာ သူမရဲ့အမိုက်စားပုံရိပ်တွေ ကို ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ မောင်ဖြစ်သူနဲ့အတူတူ ဓာတ်ဖမ်းထားပြီး Seine River Cruise ရဲ့အလှတရားဟာ သူမကြောင့်ပဲ ပိုပြီးတောက်ပသွားသလိုပါပဲ။ တန်ဖိုးရှိတဲ့အချိန်လေးတွေကို မေကတော့ မိသားစုနဲ့အတူ ပျော်ပျော်ကြီးဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းတွဲတွေရိုက်ကူးရင်းနဲ့ ပရိသတ်အားပေးမှုအပြည့်အဝရရှိလာခဲ့ပြီး လက်ရှိအချိန်မှာတော့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ သူမကိုယ်တိုင်သာမက မောင်ဖြစ်သူကိုလည်း အနုပညာလမ်းကြောင်းပေါ်ကို လက်တွဲခေါ်ခဲ့တဲ့ အမကြီးအမိရာပီသသူလည်းဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ပဲ ပရိသတ်တွေကို စတင်ဖမ်းစားခဲ့ပြီး လက်ရှိအချိန်ထိလည်း ဒီအပြုံးလေးနဲ့ပဲ ဆက်လက်ဖမ်းစားနေဆဲပါပဲ။

မိသားစုလိုက် ဥရောပကိုထွက်ခဲ့တဲ့ ခရီးစဉ်လေးဟာ အရမ်းကိုကြည်နူးဖို့ကောင်းပြီး ကမ္ဘာအနှံ့က အလှအပတွေကိုလည်း အပြည့်အဝခံစားရတာကြောင့် မေတစ်ယောက်ပျော်မဆုံးပါပဲ။ ကျစ်လျစ်တဲ့ သူမခန္ဓာကိုယ်အလှကောက်ကြောင်းလေးတွေ အထင်းသားပေါ်လွင်နေတဲ့ ဝတ်စားဆင်ယင်မှုလေးနဲ့ အရမ်းကိုဆွဲဆောင်မှုပိုလွန်းနေတဲ့ မေမြင့်မိုရ်ရဲ့အလှတရားတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo – May Myint Mo
Happy – Cele Gabar

error: Content is protected !!