ျမင္သူတိုင္းမရယ္ပဲမေနႏိုင္ေလာက္ေအာင္ျဖစ္ေစခဲ့တဲ့ ယုန္ေလးရဲ႕ဟာသပုံရိပ္ေလးနဲ႔ ေမြးေန႔ဆုေတာင္းေပးခဲ့တဲ့ ၿဖိဳးေလး

ေပ်ာ္စရာေကာင္းရဲ႕ ယုန္ေလးရဲ႕ေမြးေန႔ရက္ေလးမွာ ခ်စ္သူခင္သူအားလုံးက ေမြးေန႔ဆုေတာင္းေပးၿပီး ေမြးေန႔လက္ေဆာင္ေတြလည္းေပးကာ ေပ်ာ္စရာေကာင္းတဲ့အမွတ္တရေတြကို ဖန္တီးေနၾကတာပဲျဖစ္ ပါတယ္။ သူငယ္ခ်င္းေတြကိုလည္း အၿမဲတမ္းစေနာက္ေနၿပီး ကိုယ္တိုင္လည္း ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ယုန္ေလးကို Snare အဖြဲ႕က အဆိုေတာ္ၿဖိဳးေလးရဲ႕ ေမြးေန႔ဆုေတာင္းပုံရိပ္ေလးေၾကာင့္ အားလုံးက လည္း သေဘာတက်နဲ႔ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

ယုန္ေလးဆိုတဲ့နာမည္နဲ႔လိုက္ေအာင္ ေရွ႕သြားႏွစ္ေခ်ာင္းႀကီးေပးထားၿပီး နား႐ြက္လည္းထည့္ထားကာ Photoshop ျပဳလုပ္ထားတဲ့ ဒီပုံရိပ္ေလးဟာ မူရင္းဖန္တီးသူ ဘယ္သူဘယ္ဝါမွန္းေသခ်ာမသိေပမယ့္ အေတာ့္ကိုေသသပ္တဲ့လက္ရာေလးပဲမို႔ အားလုံးကလည္း သေဘာတက်ရွိေနၾကပါတယ္။ ဝါဆိုက လည္း ခင္မင္ရတဲ့ ကိုယုန္ေလးကို ေမြးေန႔ဆုေတာင္းစကားေလး ေျပာခဲ့ပါေသးတယ္။

သူငယ္ခ်င္းေတြကို အၿမဲတမ္းစေနာက္ေနတတ္တဲ့ ယုန္ေလးကေတာ့ ေမြးေန႔ေရာက္မွပဲ ေဆးပုံေတြတစ္ပုံႀကီးနဲ႔ ျပန္အစခံရေတာ့လည္း ၿပဳံးၿပဳံးေလးေနတတ္တဲ့ သေဘာေကာင္းသူ တစ္ေယာက္ပါ။ Gangster Movie ေတြ႐ိုက္ကူးထားၿပီး ေအာင္ျမင္တဲ့ဒါ႐ိုက္တာအျဖစ္နဲ႔လည္း ရပ္တည္ေနသူတစ္ေယာက္ပါ။ ပီျပင္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ ဇာတ္ကားတိုင္း ႐ိုးမသြားရေအာင္ ဖန္တီးႏိုင္သူတစ္ေယာက္လည္းျဖစ္ပါတယ္။ ခ်စ္သူ ခင္သူေတြေပါတဲ့ ဒါ႐ိုက္တာယုန္ေလး Happy Birthday ပါလို႔။

Photo – Phyo Lay
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” မြင်သူတိုင်းမရယ်ပဲမနေနိုင်လောက်အောင်ဖြစ်စေခဲ့တဲ့ ယုန်လေးရဲ့ဟာသပုံရိပ်လေးနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဖြိုးလေး ”

ပျော်စရာကောင်းရဲ့ ယုန်လေးရဲ့မွေးနေ့ရက်လေးမှာ ချစ်သူခင်သူအားလုံးက မွေးနေ့ဆုတောင်းပေးပြီး မွေးနေ့လက်ဆောင်တွေလည်းပေးကာ ပျော်စရာကောင်းတဲ့အမှတ်တရတွေကို ဖန်တီးနေကြတာပဲဖြစ် ပါတယ်။ သူငယ်ချင်းတွေကိုလည်း အမြဲတမ်းစနောက်နေပြီး ကိုယ်တိုင်လည်း ပျော်ပျော်နေတတ်တဲ့ ယုန်လေးကို Snare အဖွဲ့က အဆိုတော်ဖြိုးလေးရဲ့ မွေးနေ့ဆုတောင်းပုံရိပ်လေးကြောင့် အားလုံးက လည်း သဘောတကျနဲ့ မှတ်ချက်ပေးခဲ့ကြပါတယ်။

ယုန်လေးဆိုတဲ့နာမည်နဲ့လိုက်အောင် ရှေ့သွားနှစ်ချောင်းကြီးပေးထားပြီး နားရွက်လည်းထည့်ထားကာ Photoshop ပြုလုပ်ထားတဲ့ ဒီပုံရိပ်လေးဟာ မူရင်းဖန်တီးသူ ဘယ်သူဘယ်ဝါမှန်းသေချာမသိပေမယ့် အတော့်ကိုသေသပ်တဲ့လက်ရာလေးပဲမို့ အားလုံးကလည်း သဘောတကျရှိနေကြပါတယ်။ ဝါဆိုက လည်း ခင်မင်ရတဲ့ ကိုယုန်လေးကို မွေးနေ့ဆုတောင်းစကားလေး ပြောခဲ့ပါသေးတယ်။

သူငယ်ချင်းတွေကို အမြဲတမ်းစနောက်နေတတ်တဲ့ ယုန်လေးကတော့ မွေးနေ့ရောက်မှပဲ ဆေးပုံတွေတစ်ပုံကြီးနဲ့ ပြန်အစခံရတော့လည်း ပြုံးပြုံးလေးနေတတ်တဲ့ သဘောကောင်းသူ တစ်ယောက်ပါ။ Gangster Movie တွေရိုက်ကူးထားပြီး အောင်မြင်တဲ့ဒါရိုက်တာအဖြစ်နဲ့လည်း ရပ်တည်နေသူတစ်ယောက်ပါ။ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်ကားတိုင်း ရိုးမသွားရအောင် ဖန်တီးနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ချစ်သူ ခင်သူတွေပေါတဲ့ ဒါရိုက်တာယုန်လေး Happy Birthday ပါလို့။

Photo – Phyo Lay
Happy – Cele Gabar

error: Content is protected !!