ကိုယ္အျမင္ကတ္တဲ့လူကို သာသာနဲ႔နာနာႏွက္ႏိုင္မယ့္နည္းကို ဟာသ Video ေလးနဲ႔ ခ်ျပလိုက္တဲ့ သုသု

သုသုတစ္ေယာက္ လက္ရွိမွာေတာ့ေက်ာက္ပန္းေတာင္းကိုေရာက္ရွိေနျပီး အလွဴေတြလည္း လုပ္ခဲ့ပါေသးတယ္။ အျမဲတမ္းပရိသတ္ေတြကိုေပ်ာ္ရေအာင္ Funny Video ေလးေတြရိုက္ကူးျပီး ေဝမွ်တတ္တဲ့သုသုတစ္ေယာက္ ဒီတစ္ေခါက္မွာလည္း အာလူးေၾကာ္ထုပ္ေနတဲ့ အမ်ိဳးသမီးေလး တစ္ေယာက္လို စေနာက္ျပီး Video ရိုက္ထားတာပဲျဖစ္ပါတယ္။ ခ်စ္ဖို႔ေကာင္းတဲ့သုသုကေတာ့ ရုပ္တည္နဲ႕အျမဲစေနာက္တတ္သူတစ္ေယာက္ပါ။

မိတ္ကပ္ဖန္တီးရွင္တစ္ေယာက္အျဖစ္နဲ႔ ပရိသတ္ေတြစတင္သတိထားမိလာရာကစျပီး လက္ရွိမွာေတာ့ အႏုပညာလမ္းေၾကာင္းေပၚမွာေလွ်ာက္လွမ္းေနတဲ့ သရုပ္ေဆာင္တစ္ဦးအျဖစ္ ရပ္တည္ေနျပီပဲျဖစ္ပါတယ္။ သူမရဲ႕ပထမဆံုးဇာတ္ကားမွာတင္ အၾကီးအက်ယ္ေအာင္ျမင္မႈေတြရခဲ့တာေၾကာင့္ ေနာက္ထပ္ဇာတ္ကားရိုက္ကူးဖို႕အတြက္ ထပ္မံကမ္းလွမ္းခံရျပီး လက္ရွိမွာလည္း အမ်ိဳးသားပံုစံအသြင္အျပင္နဲ႔ MTV တစ္ခု ရိုက္ကူးထားတာပဲ ျဖစ္ပါတယ္။

 

မတ္မတ္သုတို႔ကအခ်ိန္တိုင္းမွာ ေပ်ာ္ရႊင္ရယ္ေမာေနျပီး ဘဝကိုတစ္ေယာက္တည္းေအးေအးလူလူ ျဖတ္သန္းေနတာပဲျဖစ္ပါတယ္။ ခ်စ္ဖို႔ေကာင္းတဲ့အမူအရာေတြနဲ႔ ပရိသတ္ေတြကိုရယ္ေမာရေအာင္ ဖန္တီးေပးႏိုင္တဲ့ သူမရဲ႕ Lifestyle ကေတာ့ တကယ့္ကိုလြတ္လပ္ေပါ့ပါးျပီးအမုိက္စားပါပဲ။ Professional မိတ္ကပ္ဖန္တီးမႈပညာရပ္ကိုလဲ မလစ္ဟင္းပဲ အႏုပညာအလုပ္ေတြကိုၾကိဳးစားေနတဲ့အျပင္ ပရိသတ္ေတြကိုရယ္ေမာရေအာင္ ဟာသ Video ေလးေတြ တင္ဆက္ေပးတဲ့သုသုကေတာ့ တကယ့္ကိုခ်စ္စရာေကာင္းလြန္းသူေလးပါပဲ။

Photo – Nyi Nyi Maung
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” ကိုယ်အမြင်ကတ်တဲ့လူကို သာသာနဲ့နာနာနှက်နိုင်မယ့်နည်းကို ဟာသ Video လေးနဲ့ ချပြလိုက်တဲ့ သုသု ”

သုသုတစ်ယောက် လက်ရှိမှာတော့ကျောက်ပန်းတောင်းကိုရောက်ရှိနေပြီး အလှူတွေလည်း လုပ်ခဲ့ပါသေးတယ်။ အမြဲတမ်းပရိသတ်တွေကိုပျော်ရအောင် Funny Video လေးတွေရိုက်ကူးပြီး ဝေမျှတတ်တဲ့သုသုတစ်ယောက် ဒီတစ်ခေါက်မှာလည်း အာလူးကြော်ထုပ်နေတဲ့ အမျိုးသမီးလေး တစ်ယောက်လို စနောက်ပြီး Video ရိုက်ထားတာပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့သုသုကတော့ ရုပ်တည်နဲ့အမြဲစနောက်တတ်သူတစ်ယောက်ပါ။

မိတ်ကပ်ဖန်တီးရှင်တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေစတင်သတိထားမိလာရာကစပြီး လက်ရှိမှာတော့ အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေတဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေပြီပဲဖြစ်ပါတယ်။ သူမရဲ့ပထမဆုံးဇာတ်ကားမှာတင် အကြီးအကျယ်အောင်မြင်မှုတွေရခဲ့တာကြောင့် နောက်ထပ်ဇာတ်ကားရိုက်ကူးဖို့အတွက် ထပ်မံကမ်းလှမ်းခံရပြီး လက်ရှိမှာလည်း အမျိုးသားပုံစံအသွင်အပြင်နဲ့ MTV တစ်ခု ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

မတ်မတ်သုတို့ကအချိန်တိုင်းမှာ ပျော်ရွှင်ရယ်မောနေပြီး ဘဝကိုတစ်ယောက်တည်းအေးအေးလူလူ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့အမူအရာတွေနဲ့ ပရိသတ်တွေကိုရယ်မောရအောင် ဖန်တီးပေးနိုင်တဲ့ သူမရဲ့ Lifestyle ကတော့ တကယ့်ကိုလွတ်လပ်ပေါ့ပါးပြီးအမိုက်စားပါပဲ။ Professional မိတ်ကပ်ဖန်တီးမှုပညာရပ်ကိုလဲ မလစ်ဟင်းပဲ အနုပညာအလုပ်တွေကိုကြိုးစားနေတဲ့အပြင် ပရိသတ်တွေကိုရယ်မောရအောင် ဟာသ Video လေးတွေ တင်ဆက်ပေးတဲ့သုသုကတော့ တကယ့်ကိုချစ်စရာကောင်းလွန်းသူလေးပါပဲ။

Photo – Nyi Nyi Maung
Happy – Cele Gabar

error: Content is protected !!