” သမီးေလးေတြရဲ႕ အလွေၾကာင့္ ေယာကၡအေခၚခံေနရတဲ့ အႏုပညာရွင္မ်ား “

လက္ရွိမွာေတာ့ သမီးေလးေတြရဲ႕ အလွေၾကာင့္ အမ်ိဳးသားပရိသတ္ေတြက ေယာကၡမအေခၚခံေနရတဲ့ အႏုပညာရွင္ေတြရွိၾကတာပဲ ျဖစ္ပါတယ္။ေခ်ာေမာလွတဲ့ သမီးေလးေတြေၾကာင့္ မ်က္ႏွာပန္းလွတဲ့ အေဖေတြလို႕ေတာင္ ဆိုရမွာပါေနာ္။ေယာကၡမလို႕ ေခၚခံေနရတဲ့ အမ်ိဳးသားအႏုပညာရွင္ေတြ မ်ားစြာရွိေနၾကတဲ့ အထဲကမွ (၃)ေယာက္ကို ပရိသတ္ၿကီးနဲ႕ မိတ္ဆက္ေပးခ်င္ပါတယ္ေနာ္။သူတို႕ကေတာ့

(၁)မင္းေမာ္ကြန္း

မင္းေမာ္ကြန္းကေတာ့ အကယ္ဒမီမင္းသားတစ္ေယာက္ျဖစ္ၿပီး အဘက္ဘက္က အႏုပညာပါရမီျပည့္ဝတဲ့မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။ ဝာရင့္သရုပ္ေဆာင္ျဖစ္တဲ့ ဇင္ဝိုင္းရဲ႕ သားျဖစ္ၿပီး အနုပညာမ်ိဳးရုိးလို႕ေတာင္ဆိုရမွာပါ။သားသမီး(၃)ေယာက္နဲ႕ သာယာေပ်ာ္ရႊင္ဖြယ္ မိသားစုဘဝကိုပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။မင္းေမာ္ကြန္းရဲ႕ ပရိသတ္ေတြအေျပာမ်ားဆံုးအခ်က္ကေတာ့ သားသမီး (၃)ေယာက္ပိုင္ဆိုင္ထားေသာ္လည္း သားသားမီးမီးေတြနဲ႕ အရြယ္တူတယ္လို႕ ထင္ရေလာက္ေအာင္ႏုပ်ိဳေနမႈပဲ ျဖစ္ပါတယ္။ ထို႕အျပင္ ေနာက္တစ္ခ်က္ကေတာ့ ေခ်ာေမာလြန္းလွတဲ့
သမီးေခ်ာေလးေလေျပေသြးကို ပိုင္ဆိုင္ထားတာေၾကာင့္ အမ်ိဳးသားပရိသတ္ေတြရဲ႕ ေယာကၡမလို႕ ေခၚဆိုခံေနရတာပဲ ျဖစ္ပါတယ္။ေလေျပေသြးကေတာ့ အေဖရဲ႕ အႏုပညာအေမြကိုဆက္ခံမယ့္သူလို႕ဆိုရေလာက္ေအာင္ (၂၀၁၈) အကယ္ဒမီ ဆုေပးပြဲမွာ ေရႊႀကိဳအျဖစ္ပါဝင္ခဲ့ၿပီးေနာက္ မင္းမာ္ကြန္းသီဆိုထားတဲ့ “ခဏေလာက္ျပံဳးပါ ” သီခ်င္းမွာလည္း ပါဝင္သရုပ္ေဆာင္ခဲ့တာပဲ ျဖစ္ၿပီး ထိုMusic Video မွာလည္း မင္းေမာ္ကြန္းဟာ သူ႕ရဲ႕ သမီးေလးကို သဝန္တိုလြန္းလို႕ မင္းသားနဲ႕ မဟုတ္ဘဲ မင္းသမီးႏွင့္သာတြဲဖက္သရုပ္ေဆာင္ခိုင္းခဲ့တာပဲ ျဖစ္ပါတယ္။ သို႕ေပမယ့္လည္း ပရိသတ္ေတြကေတာ့ ေယာကၡမလို႕ ေခၚခံေနရဆဲပဲ ျဖစ္ပါတယ္။

(၂) ဂေရဟမ္

ဂေရဟမ္ကေတာ့ ဝါရင့္အဆိုေတာ္တစ္ဦး ျဖစ္ၿပီး အသံခ်ိဳခ်ိဳေလးနဲ႕ သူ႕ရဲ႕ သီခ်င္းေတာ္ေတာ္မ်ားမ်ားကို ပရိသတ္ေတြ ဆယ္စုႏွစ္တစ္ခုအၾကာ အခ်ိန္ထိအားေပးျခင္းခံေနရတဲ့သူပဲ ျဖစ္ပါတယ္။စည္းစနစ္ႀကီးၿပီး ျမန္မာ့ယဥ္ေက်းမႈကို ထိန္းသိမ္းတတ္တဲ့ ဇနီးေခ်ာေလးကိုပိုင္ဆိုင္ထားၿပီး သမီးေခ်ာေလးႏွစ္ေယာက္နဲ႕အတူ သာယာေပ်ာ္ရႊင္တဲ့ မိသားစုဘဝကို ရရွိထားတဲ့သူပဲ ျဖစ္ပါတယ္။ ႏွစ္အေတာ္ၾကာ ႏုိင္ငံျခားမွာ မိသားစုလိုက္ေနထိုင္ခဲ့ေပမယ့္ သမီးေတြကို ျမန္မာဆန္တဲ့ အေလ့အထေတြကို အျမဲသင္ၾကားေပးတတ္တာေၾကာင့္ ပရိသတ္ေတြကလည္း သူ႕ရဲ႕ သမီးေလး ေတြကို ခ်စ္ခင္ေပးၾကတာပဲ ျဖစ္ပါတယ္။ သမီးအႀကီးေလးျဖစ္တဲ့ ပန္းေရာင္ျခယ္ကေတာ့ အေဖျဖစ္သူ ဂေရဟမ္ရဲ႕ အႏုပညာအေမြကို ဆက္ခံကာ အဆိုဘက္မွာပါရမီပါတဲ့ သူေလးပဲ ျဖစ္ပါတယ္။ ဘိုမရုပ္ေလးလိုခ်စ္စရာေကာင္းၿပီး အသံစူးစူးခ်ိဳခ်ိဳေလးနဲ႕ ပုရိသေတြရဲ႕ ရင္ကို လႈပ္ခတ္ေစတဲ့ အမ်ိဳးသားေတြရဲ႕ အသည္းေက်ာ္ေလးပဲ ျဖစ္ပါတယ္။ အေဖျဖစ္သူရဲ႕ အႏုပညာအေမြအျပင္ သရုပ္ေဆာင္ပိုင္းကိုပါ စိတ္ဝင္စားတဲ့ သူေလးလို႕သိရၿပီး အမ်ိဳးသားပရိသတ္ေတြရဲ႕ အားေပးၾကမ္းခ်က္က ဂေရဟမ္ကို ေယာကၡမလို႕ ေခၚဆိုကာ အားေပးေနၾကတာပဲ ျဖစ္ပါတယ္။ဂေရဟမ္ဟာဆိုရင္ အႏုပညာရွင္ေတြထဲမွာ ေယာကၡမလို႕ ေခၚျခင္းအခံရဆံုးသူပဲ ျဖစ္ပါတယ္။

(၃) ခင္လိႈင္

ခင္လိႈင္ကေတာ့ ဇာတ္ပို႕သရုပ္ေဆာင္တစ္ဦးအျဖစ္ ပရိသတ္ေတြအားေပးမႈအခိုင္အမာရရွိထားတာပဲ ျဖစ္ပါတယ္။ လူရႊင္ေတာ္ ဘဝကေန စြယ္စံုရ ဇာတ္ပို႕သရုပ္ေဆာင္အျဖစ္ ေအာင္ျမင္လာသူတစ္ဦးျဖစ္ၿပီး သူ႕ရဲ႕ ဇနီးကလည္း အႏုပညာအလုပ္ေတြလုပ္ရာမွာ ပါရမီျဖည့္ဖက္ေကာင္း အျဖစ္ ဝိုင္းဝန္းပံ့ပိုးေပးတာေၾကာင့္ ဇနီးေကာင္းတစ္ေယာက္ကိုပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။သားသမီး (၃)ေယာက္ပိုင္ဆိုင္ထားတဲ့အနက္ အငယ္ႏွစ္ေယာက္ဟာ ခင္လိႈင္ရဲ႕ အႏုပညာအေမြျဖစ္တဲ့ သရုပ္ေဆာင္ဘက္ကို ဝါသနာပါၾကတာပဲ ျဖစ္ပါတယ္။သားသမီးေတြအနက္ သမီးေလးတစ္ေယာက္ပဲ ပါဝင္တာျဖစ္ၿပီး ပရိသတ္ေတြအထူးမိတ္ဆက္စရာမလိုတဲ့ ပရိသတ္ေတြခ်စ္စႏုိးနဲ႕ ” သဲေလး ” လို႕ ေခၚၾကတဲ့ သရုပ္ေဆာင္သဇင္ထူးျမင့္ပဲ ျဖစ္ပါတယ္။ (၂၀၁၉) အကယ္ဒမီ ထူးခၽြန္ဆုေပးပြဲမွာ ပရိသတ္အားေပးခံရဆံုး ေရႊႀကိဳတစ္ေယာက္ ပဲ ျဖစ္ပါတယ္။ခ်စ္စရာေကာင္းၿပီး အျပစ္ကင္းလွတဲ့အၿပံဳးေလးေတြေၾကာင့္ အမ်ိဳးသားပရိသတ္ေတြ ရဲ႕ အားေပးမႈကို ရရွိထားၿပီး ေဖေဖခင္လိႈင္ကေတာ့ ေယာကၡမႀကီးလို႕ အေခၚခံေနရတာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရာ (၃)ေယာက္ထဲက ေယာကၡမႀကီးလို႕ ေခၚခ်င္တဲ့သူမ်ားရွိလား ဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” သမီးလေးတွေရဲ့ အလှကြောင့် ယောက္ခအခေါ်ခံနေရတဲ့ အနုပညာရှင်များ ”

လက်ရှိမှာတော့ သမီးလေးတွေရဲ့ အလှကြောင့် အမျိုးသားပရိသတ်တွေက ယောက္ခမအခေါ်ခံနေရတဲ့ အနုပညာရှင်တွေရှိကြတာပဲ ဖြစ်ပါတယ်။ချောမောလှတဲ့ သမီးလေးတွေကြောင့် မျက်နှာပန်းလှတဲ့ အဖေတွေလို့တောင် ဆိုရမှာပါနော်။ယောက္ခမလို့ ခေါ်ခံနေရတဲ့ အမျိုးသားအနုပညာရှင်တွေ များစွာရှိနေကြတဲ့ အထဲကမှ (၃)ယောက်ကို ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်။သူတို့ကတော့

(၁)မင်းမော်ကွန်း

မင်းမော်ကွန်းကတော့ အကယ်ဒမီမင်းသားတစ်ယောက်ဖြစ်ပြီး အဘက်ဘက်က အနုပညာပါရမီပြည့်ဝတဲ့မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ဝာရင့်သရုပ်ဆောင်ဖြစ်တဲ့ ဇင်ဝိုင်းရဲ့ သားဖြစ်ပြီး အနုပညာမျိုးရိုးလို့တောင်ဆိုရမှာပါ။သားသမီး(၃)ယောက်နဲ့ သာယာပျော်ရွှင်ဖွယ် မိသားစုဘဝကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။မင်းမော်ကွန်းရဲ့ ပရိသတ်တွေအပြောများဆုံးအချက်ကတော့ သားသမီး (၃)ယောက်ပိုင်ဆိုင်ထားသော်လည်း သားသားမီးမီးတွေနဲ့ အရွယ်တူတယ်လို့ ထင်ရလောက်အောင်နုပျိုနေမှုပဲ ဖြစ်ပါတယ်။ ထို့အပြင် နောက်တစ်ချက်ကတော့ ချောမောလွန်းလှတဲ့
သမီးချောလေးလေပြေသွေးကို ပိုင်ဆိုင်ထားတာကြောင့် အမျိုးသားပရိသတ်တွေရဲ့ ယောက္ခမလို့ ခေါ်ဆိုခံနေရတာပဲ ဖြစ်ပါတယ်။လေပြေသွေးကတော့ အဖေရဲ့ အနုပညာအမွေကိုဆက်ခံမယ့်သူလို့ဆိုရလောက်အောင် (၂၀၁၈) အကယ်ဒမီ ဆုပေးပွဲမှာ ရွှေကြိုအဖြစ်ပါဝင်ခဲ့ပြီးနောက် မင်းမာ်ကွန်းသီဆိုထားတဲ့ “ခဏလောက်ပြုံးပါ ” သီချင်းမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပြီး ထိုMusic Video မှာလည်း မင်းမော်ကွန်းဟာ သူ့ရဲ့ သမီးလေးကို သဝန်တိုလွန်းလို့ မင်းသားနဲ့ မဟုတ်ဘဲ မင်းသမီးနှင့်သာတွဲဖက်သရုပ်ဆောင်ခိုင်းခဲ့တာပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ပရိသတ်တွေကတော့ ယောက္ခမလို့ ခေါ်ခံနေရဆဲပဲ ဖြစ်ပါတယ်။

(၂) ဂရေဟမ်

ဂရေဟမ်ကတော့ ဝါရင့်အဆိုတော်တစ်ဦး ဖြစ်ပြီး အသံချိုချိုလေးနဲ့ သူ့ရဲ့ သီချင်းတော်တော်များများကို ပရိသတ်တွေ ဆယ်စုနှစ်တစ်ခုအကြာ အချိန်ထိအားပေးခြင်းခံနေရတဲ့သူပဲ ဖြစ်ပါတယ်။စည်းစနစ်ကြီးပြီး မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတတ်တဲ့ ဇနီးချောလေးကိုပိုင်ဆိုင်ထားပြီး သမီးချောလေးနှစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ရရှိထားတဲ့သူပဲ ဖြစ်ပါတယ်။ နှစ်အတော်ကြာ နိုင်ငံခြားမှာ မိသားစုလိုက်နေထိုင်ခဲ့ပေမယ့် သမီးတွေကို မြန်မာဆန်တဲ့ အလေ့အထတွေကို အမြဲသင်ကြားပေးတတ်တာကြောင့် ပရိသတ်တွေကလည်း သူ့ရဲ့ သမီးလေး တွေကို ချစ်ခင်ပေးကြတာပဲ ဖြစ်ပါတယ်။ သမီးအကြီးလေးဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ အဖေဖြစ်သူ ဂရေဟမ်ရဲ့ အနုပညာအမွေကို ဆက်ခံကာ အဆိုဘက်မှာပါရမီပါတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ဘိုမရုပ်လေးလိုချစ်စရာကောင်းပြီး အသံစူးစူးချိုချိုလေးနဲ့ ပုရိသတွေရဲ့ ရင်ကို လှုပ်ခတ်စေတဲ့ အမျိုးသားတွေရဲ့ အသည်းကျော်လေးပဲ ဖြစ်ပါတယ်။ အဖေဖြစ်သူရဲ့ အနုပညာအမွေအပြင် သရုပ်ဆောင်ပိုင်းကိုပါ စိတ်ဝင်စားတဲ့ သူလေးလို့သိရပြီး အမျိုးသားပရိသတ်တွေရဲ့ အားပေးကြမ်းချက်က ဂရေဟမ်ကို ယောက္ခမလို့ ခေါ်ဆိုကာ အားပေးနေကြတာပဲ ဖြစ်ပါတယ်။ဂရေဟမ်ဟာဆိုရင် အနုပညာရှင်တွေထဲမှာ ယောက္ခမလို့ ခေါ်ခြင်းအခံရဆုံးသူပဲ ဖြစ်ပါတယ်။

(၃) ခင်လှိုင်

ခင်လှိုင်ကတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေအားပေးမှုအခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ လူရွှင်တော် ဘဝကနေ စွယ်စုံရ ဇာတ်ပို့သရုပ်ဆောင်အဖြစ် အောင်မြင်လာသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ဇနီးကလည်း အနုပညာအလုပ်တွေလုပ်ရာမှာ ပါရမီဖြည့်ဖက်ကောင်း အဖြစ် ဝိုင်းဝန်းပံ့ပိုးပေးတာကြောင့် ဇနီးကောင်းတစ်ယောက်ကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။သားသမီး (၃)ယောက်ပိုင်ဆိုင်ထားတဲ့အနက် အငယ်နှစ်ယောက်ဟာ ခင်လှိုင်ရဲ့ အနုပညာအမွေဖြစ်တဲ့ သရုပ်ဆောင်ဘက်ကို ဝါသနာပါကြတာပဲ ဖြစ်ပါတယ်။သားသမီးတွေအနက် သမီးလေးတစ်ယောက်ပဲ ပါဝင်တာဖြစ်ပြီး ပရိသတ်တွေအထူးမိတ်ဆက်စရာမလိုတဲ့ ပရိသတ်တွေချစ်စနိုးနဲ့ ” သဲလေး ” လို့ ခေါ်ကြတဲ့ သရုပ်ဆောင်သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်။ (၂၀၁၉) အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ပရိသတ်အားပေးခံရဆုံး ရွှေကြိုတစ်ယောက် ပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းပြီး အပြစ်ကင်းလှတဲ့အပြုံးလေးတွေကြောင့် အမျိုးသားပရိသတ်တွေ ရဲ့ အားပေးမှုကို ရရှိထားပြီး ဖေဖေခင်လှိုင်ကတော့ ယောက္ခမကြီးလို့ အခေါ်ခံနေရတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရော (၃)ယောက်ထဲက ယောက္ခမကြီးလို့ ခေါ်ချင်တဲ့သူများရှိလား ဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Shwe Poe – CeleGabar

error: Content is protected !!