” အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ေပးခဲ့တဲ့ လူမင္းကို ေက်းဇူးတင္ေၾကာင္း ရင္ဖြင့္ေျပာျပခဲ့တဲ့ ထက္ထက္ထြန္း”

“က်ားက်ားႀကိဳက္ႀကိဳက္”႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ထက္ထက္ထြန္းကေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္ေနတဲ့ ေမာ္ဒယ္သ႐ုပ္ေဆာင္မင္းသမီးတစ္လက္ပါ။ ထက္ထက္ထြန္းဟာ “က်ားက်ားႀကိဳက္ႀကိဳက္”႐ုပ္ရွင္ဇာတ္ကားမွာဆိုရင္ ျမင့္ျမတ္၊မင္းေမာ္ကြန္း၊သုသု၊လင္းလင္း၊ခင္စန္းဝင္း၊ထက္ထက္တို႔နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ၿပီး ပရိသတ္ေတြအတြက္ အႀကိဳက္ေတြ႕ေစမယ့္ ဟာသဇာတ္ကားေလးျဖစ္တာေၾကာင့္ ႐ုံျပည့္႐ုံလွ်ံျဖစ္တဲ့ အထိေတာင္ ပရိသတ္အားေပးတာကို လက္ခံရရွိထားတာျဖစ္ပါတယ္။

ေနာက္ထပ္လည္း ထက္ထက္ထြန္းဟာ စက္တင္ဘာလ(၁၉)ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မယ့္ “ညစ္တြန္း”႐ုပ္ရွင္ဇာတ္ကားမွာ ဝါရင့္သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ လူမင္း၊ေျပတီဦး၊ခိုင္းသင္ၾကည္၊အိျႏၵာေက်ာ္ဇင္ တို႔နဲ႔အတူ က်ရာဇာတ္ေကာင္ကာ႐ိုက္တာေလးကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားမွာေတာ့ ထက္ထက္ထြန္းက ညႇိဳ႕အားျပင္းတဲ့ Dancer မေလး စႏၵီ အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားတယ္လို႔သိရပါတယ္။ “ညစ္တြန္း” ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ Premiere Showကိုေတာ့ စက္တင္ဘာလ(၁၅)ရက္ေန႔ က်င္းပခဲ့တာျဖစ္ပါတယ္။

အဲဒီေန႔ေလးကေတာ့ ထက္ထက္ထြန္းအတြက္ အိပ္မက္ေတြအေကာင္အထည္ေပၚလာတဲ့ ေန႔တစ္ေန႔ပါ။ သ႐ုပ္ေဆာင္အသစ္တစ္ေယာက္ျဖစ္ေပမယ့္ ဒီဇာတ္ကားမွာပါဝင္ခြင့္ရလို႔ အန္ကယ္ေလးလူမင္းကို ေက်းဇူးတင္လို႔ မဆုံးျဖစ္ေနရတယ္ဆိုတာကို “အိပ္မက္ေလး အရာထင္လာတဲ့ေန႔တစ္ေန႔ ပထမဆုံး႐ုပ္ရွင္ကားႀကီးျဖစ္တဲ့ “ညစ္တြန္း”႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ႀကိဳးစားဖို႔ အခြင့္အေရးေပးခဲ့တဲ့ “ဧဝရက္”႐ုပ္ရွင္ထုတ္လုပ္ေရးနဲ႔ အန္ကယ္ေလးကို ပထမဦးစြာ ေက်းဇူးတင္ေၾကာင္းေျပာရင္း ႐ိုေသစြာကန္ေတာ့ပါတယ္ရွင့္။ သ႐ုပ္ေဆာင္အသစ္အေနနဲ႔ အႏုပညာေလာကသားမ်ားကေရာ ပရိသတ္မ်ားကပါ အသိအမွတ္ျပဳခံရတဲ့ ပီတိကဘာနဲ႔မွမလဲႏိုင္ပါဘူး”လို႔ ရင္ဖြင့္ေျပာျပခဲ့တာျဖစ္ပါတယ္။ဆယ္လီကမာၻပရိသတ္ႀကီးေရ ညႇိဳ႕အားျပင္းတဲ့ Dancer မေလးအျဖစ္ ျမင္ေတြ႕ရမယ့္ ထက္ထက္ထြန္းရဲ႕ “ညစ္တြန္း”႐ုပ္ရွင္ဇာတ္ကားႀကီးကို သြားေရာက္အားေပးၾကမယ္မဟုတ္လား……။


Source: Htet Htet Htun
ခ်စ္သဲေမ @ CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

” အိပ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့တဲ့ လူမင်းကို ကျေးဇူးတင်ကြောင်း ရင်ဖွင့်ပြောပြခဲ့တဲ့ ထက်ထက်ထွန်း”

“ကျားကျားကြိုက်ကြိုက်”ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ထက်ထက်ထွန်းကတော့ အနုပညာလောကမှာ အောင်မြင်နေတဲ့ မော်ဒယ်သရုပ်ဆောင်မင်းသမီးတစ်လက်ပါ။ ထက်ထက်ထွန်းဟာ “ကျားကျားကြိုက်ကြိုက်”ရုပ်ရှင်ဇာတ်ကားမှာဆိုရင် မြင့်မြတ်၊မင်းမော်ကွန်း၊သုသု၊လင်းလင်း၊ခင်စန်းဝင်း၊ထက်ထက်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တွေအတွက် အကြိုက်တွေ့စေမယ့် ဟာသဇာတ်ကားလေးဖြစ်တာကြောင့် ရုံပြည့်ရုံလျှံဖြစ်တဲ့ အထိတောင် ပရိသတ်အားပေးတာကို လက်ခံရရှိထားတာဖြစ်ပါတယ်။

နောက်ထပ်လည်း ထက်ထက်ထွန်းဟာ စက်တင်ဘာလ(၁၉)ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “ညစ်တွန်း”ရုပ်ရှင်ဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ လူမင်း၊ပြေတီဦး၊ခိုင်းသင်ကြည်၊အိန္ဒြာကျော်ဇင် တို့နဲ့အတူ ကျရာဇာတ်ကောင်ကာရိုက်တာလေးကို ပီပြင်အောင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ထက်ထက်ထွန်းက ညှို့အားပြင်းတဲ့ Dancer မလေး စန္ဒီ အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ “ညစ်တွန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Premiere Showကိုတော့ စက်တင်ဘာလ(၁၅)ရက်နေ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့လေးကတော့ ထက်ထက်ထွန်းအတွက် အိပ်မက်တွေအကောင်အထည်ပေါ်လာတဲ့ နေ့တစ်နေ့ပါ။ သရုပ်ဆောင်အသစ်တစ်ယောက်ဖြစ်ပေမယ့် ဒီဇာတ်ကားမှာပါဝင်ခွင့်ရလို့ အန်ကယ်လေးလူမင်းကို ကျေးဇူးတင်လို့ မဆုံးဖြစ်နေရတယ်ဆိုတာကို “အိပ်မက်လေး အရာထင်လာတဲ့နေ့တစ်နေ့ ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်တဲ့ “ညစ်တွန်း”ရုပ်ရှင်ဇာတ်ကားကြီးမှာ ကြိုးစားဖို့ အခွင့်အရေးပေးခဲ့တဲ့ “ဧဝရက်”ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အန်ကယ်လေးကို ပထမဦးစွာ ကျေးဇူးတင်ကြောင်းပြောရင်း ရိုသေစွာကန်တော့ပါတယ်ရှင့်။ သရုပ်ဆောင်အသစ်အနေနဲ့ အနုပညာလောကသားများကရော ပရိသတ်များကပါ အသိအမှတ်ပြုခံရတဲ့ ပီတိကဘာနဲ့မှမလဲနိုင်ပါဘူး”လို့ ရင်ဖွင့်ပြောပြခဲ့တာဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ညှို့အားပြင်းတဲ့ Dancer မလေးအဖြစ် မြင်တွေ့ရမယ့် ထက်ထက်ထွန်းရဲ့ “ညစ်တွန်း”ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်အားပေးကြမယ်မဟုတ်လား……။
Source: Htet Htet Htun
ချစ်သဲမေ @ CeleGabar

error: Content is protected !!