” ႏွစ္စဥ္တစ္ႏွစ္စာလံုးဝင္ေငြရဲ႕ ဆယ္ပံုတစ္ပံုကို လိုအပ္တဲ့ေနရာေလးေတြမွာ တတ္ႏိုင္သေလာက္လွဴဒါန္းတယ္ဆိုတဲ့ ပန္းေရာင္ျခယ္ေလး “

ပန္းေရာင္ျခယ္ေလးကေတာ့ ႏုိင္ငံေက်ာ္ဝါရင့္အဆို႐ွင္ ဂေရဟမ္ရဲ႕သမီးေလးပဲ ျဖစ္ပါတယ္။ အသံပါဝါေကာင္းၿပီးခ်ိဳသာတဲ့အသံပိုင္႐ွင္ဂေရဟမ္ သမီးဆိုတဲ့အတိုင္း ပန္းေရာင္ျခယ္ဟာ အေဖ့ေျခရာကိုနင္းႏုိင္တဲ့သမီးေလးတစ္ဦးပဲ ျဖစ္ပါတယ္။ စူး႐ွတဲ့အသံေလးနဲ႔ ခ်စ္စရာေကာင္းတဲ့အျပံဳးအျပင္ ျမန္မာဆန္လွတဲ့ ဆံေကသာအ႐ွည္ႀကီးကို ထိန္းသိမ္းပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ မ်က္ႏွာေပါက္ေလးကေတာ့ထူးျခားေပၚလြင္တဲ့မ်က္ႏွာသြင္ျပင္ကိုပိုင္ဆိုင္ထားၿပီး အႏုပညာဘက္မွာလည္းထူးခြၽန္တဲ့သူတစ္ဦးပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြထဲ ျမန္မာႏုိင္ငံက လူငယ္ေယာက်ာ္းထုႀကီးက ဂေရဟမ္ကို ေယာကၡမလို ႔စၾကရတဲ့အထိ အားေပးဝန္းရံေပးၾကတဲ့သူေတြမ်ားလြန္းတာပဲ ျဖစ္ပါတယ္။

ပန္းေရာင္ျခယ္ေလးကေတာ့ အဆိုတစ္ခုတည္းကိုဝါသနာပါတာမဟုတ္ဘဲ သ႐ုပ္ေဆာင္ပိုင္းကိုလည္းဝါသနာပါသူေလးျဖစ္ပါတယ္။ ေၾကာ္ျငာမ်ားစြာ႐ုိက္ကူးကာ ပြဲေတြမ်ားစြာကိုတက္ေရာက္ၿပီး အႏုပညာလမ္းေၾကာင္းေပၚ ေအာင္ျမင္စြာေလ်ွာက္လွမ္းေနသူ တစ္ေယာက္လို႕ ဆိုရမွာပါ။ ပန္းေရာင္ျခယ္ေလးကေတာ့ ႏုိင္ငံျခားမွ ာႏွစ္အေတာ္ၾကာ မိသားစုလိုက္ေနထိုင္ခဲ့ေပမယ့္ ျမန္မာဆန္တဲ့ အေလ့အထေတြကို သင္ယူတတ္သူျဖစ္တာေၾကာင့္ လူႀကီးမိဘေတြအေပၚမွာလည္း ရိုင္းပ်ျခင္းမရွိဘဲ လိမၼာေရးျခားရွိတဲ့သူလို႕ ဆိုရမွာပါ။ဘိုမရုပ္ေလးလိုခ်စ္စရာေကာင္းၿပီး အသံစူးစူးခ်ိဳခ်ိဳေလးနဲ႕ ပုရိသေတြရဲ႕ ရင္ကို လႈပ္ခတ္ေစတဲ့ အမ်ိဳးသားေတြရဲ႕ အသည္းေက်ာ္ေလး ပန္းေရာင္ေလးကေတာ့ အလွဴအတန္းေတြလည္းဝါသနာပါသူလို႕ သိိရပါတယ္။

မိသားစုတစ္စုလံုး တစ္ႏွစ္စာလံုးဝင္ေငြရဲ႕ ဆယ္ပံု တစ္ပံုကို ဖယ္ထားကာ လိုအပ္တဲ့ေနရာေလးေတြမွာ တတ္ႏိုင္သေလာက္လွဴဒါန္းတတ္သူေလးပဲ ျဖစ္ပါတယ္။လက္ရွိမွာလည္း မင္းသမီးခိုင္ႏွင္းေဝ ဦးစီးတည္ေထာင္ထားတဲ့ ” ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ားေဂဟာ ” သို႕ သြားေရာက္ကာ လွဴဒါန္းခဲ့တယ္လို႕ သိရပါတယ္။သြားေရာက္လွဴဒါန္းခဲ့တဲ့အခ်ိန္မွာ ကေလးခ်စ္တတ္တဲ့ပန္းေရာင္ျခယ္ေလးကေတာ့ ျဖဴစင္လြန္းတဲ့ကေလးေတြကို ျမင္ေတြ႕ခဲ့ရလို႕ အရမ္းစိတ္ခ်မ္းသာမိတယ္လို႕ ေျပာျပခဲ့ပါတယ္။ ” ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ားေဂဟာ ” သို႕ေရာက္ရွိေနတဲ့ကေလးေတြဟာ ကံေကာင္းတယ္လို႕ဆိုရမွာျဖစ္ၿပီး ဝိုင္းဝန္းဂရုစိုက္ၿပီး ခ်စ္ေပးတဲ့သူေတြေပါမ်ားေနတာေၾကာင့္ ဝမ္းသာမိတယ္လို႕ ေျဖၾကားခဲ့ပါတယ္။CeleGabar ပရိ္သတ္ႀကီးလည္း အသက္ငယ္ငယ္နဲ့ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚေလွ်ာက္လွမ္းေနတဲ့ ပန္းေရာင္ျခယ္ေလးရဲ႕ ေစတနာ ေမတၱာတရားနဲ႕ ျဖဴစင္တဲ့ စိတ္ထားေလးေတြကိုခ်စ္ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source: Exclusive On CeleGabar
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” နှစ်စဉ်တစ်နှစ်စာလုံးဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို လိုအပ်တဲ့နေရာလေးတွေမှာ တတ်နိုင်သလောက်လှူဒါန်းတယ်ဆိုတဲ့ ပန်းရောင်ခြယ်လေး ”

ပန်းရောင်ခြယ်လေးကတော့ နိုင်ငံကျော်ဝါရင့်အဆိုရှင် ဂရေဟမ်ရဲ့သမီးလေးပဲ ဖြစ်ပါတယ်။ အသံပါဝါကောင်းပြီးချိုသာတဲ့အသံပိုင်ရှင်ဂရေဟမ် သမီးဆိုတဲ့အတိုင်း ပန်းရောင်ခြယ်ဟာ အဖေ့ခြေရာကိုနင်းနိုင်တဲ့သမီးလေးတစ်ဦးပဲ ဖြစ်ပါတယ်။ စူးရှတဲ့အသံလေးနဲ့ ချစ်စရာကောင်းတဲ့အပြုံးအပြင် မြန်မာဆန်လှတဲ့ ဆံကေသာအရှည်ကြီးကို ထိန်းသိမ်းပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မျက်နှာပေါက်လေးကတော့ထူးခြားပေါ်လွင်တဲ့မျက်နှာသွင်ပြင်ကိုပိုင်ဆိုင်ထားပြီး အနုပညာဘက်မှာလည်းထူးချွန်တဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေထဲ မြန်မာနိုင်ငံက လူငယ်ယောကျာ်းထုကြီးက ဂရေဟမ်ကို ယောက္ခမလို့စကြရတဲ့အထိ အားပေးဝန်းရံပေးကြတဲ့သူတွေများလွန်းတာပဲ ဖြစ်ပါတယ်။

ပန်းရောင်ခြယ်လေးကတော့ အဆိုတစ်ခုတည်းကိုဝါသနာပါတာမဟုတ်ဘဲ သရုပ်ဆောင်ပိုင်းကိုလည်းဝါသနာပါသူလေးဖြစ်ပါတယ်။ ကြော်ငြာများစွာရိုက်ကူးကာ ပွဲတွေများစွာကိုတက်ရောက်ပြီး အနုပညာလမ်းကြောင်းပေါ် အောင်မြင်စွာလျှောက်လှမ်းနေသူ တစ်ယောက်လို့ ဆိုရမှာပါ။ ပန်းရောင်ခြယ်လေးကတော့ နိုင်ငံခြားမှ ာနှစ်အတော်ကြာ မိသားစုလိုက်နေထိုင်ခဲ့ပေမယ့် မြန်မာဆန်တဲ့ အလေ့အထတွေကို သင်ယူတတ်သူဖြစ်တာကြောင့် လူကြီးမိဘတွေအပေါ်မှာလည်း ရိုင်းပျခြင်းမရှိဘဲ လိမ္မာရေးခြားရှိတဲ့သူလို့ ဆိုရမှာပါ။ဘိုမရုပ်လေးလိုချစ်စရာကောင်းပြီး အသံစူးစူးချိုချိုလေးနဲ့ ပုရိသတွေရဲ့ ရင်ကို လှုပ်ခတ်စေတဲ့ အမျိုးသားတွေရဲ့ အသည်းကျော်လေး ပန်းရောင်လေးကတော့ အလှူအတန်းတွေလည်းဝါသနာပါသူလို့ သိရပါတယ်။

မိသားစုတစ်စုလုံး တစ်နှစ်စာလုံးဝင်ငွေရဲ့ ဆယ်ပုံ တစ်ပုံကို ဖယ်ထားကာ လိုအပ်တဲ့နေရာလေးတွေမှာ တတ်နိုင်သလောက်လှူဒါန်းတတ်သူလေးပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း မင်းသမီးခိုင်နှင်းဝေ ဦးစီးတည်ထောင်ထားတဲ့ ” ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ ” သို့ သွားရောက်ကာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။သွားရောက်လှူဒါန်းခဲ့တဲ့အချိန်မှာ ကလေးချစ်တတ်တဲ့ပန်းရောင်ခြယ်လေးကတော့ ဖြူစင်လွန်းတဲ့ကလေးတွေကို မြင်တွေ့ခဲ့ရလို့ အရမ်းစိတ်ချမ်းသာမိတယ်လို့ ပြောပြခဲ့ပါတယ်။ ” ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ ” သို့ရောက်ရှိနေတဲ့ကလေးတွေဟာ ကံကောင်းတယ်လို့ဆိုရမှာဖြစ်ပြီး ဝိုင်းဝန်းဂရုစိုက်ပြီး ချစ်ပေးတဲ့သူတွေပေါများနေတာကြောင့် ဝမ်းသာမိတယ်လို့ ဖြေကြားခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးလည်း အသက်ငယ်ငယ်နဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေတဲ့ ပန်းရောင်ခြယ်လေးရဲ့ စေတနာ မေတ္တာတရားနဲ့ ဖြူစင်တဲ့ စိတ်ထားလေးတွေကိုချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: Exclusive On CeleGabar
Shwe Poe – CeleGabar

error: Content is protected !!