“ပရိသတ္အားေပးၾကမ္းတာေၾကာင့္ (၂)ပြဲဆက္တိုက္ေဖ်ာ္ေျဖတာေတာင္ မေမာႏိုင္ဘူးဆိုတဲ့ ပိုးၾကာျဖဴခင္”

ပရိသတ္အားေပးမႈကို အခိုင္အမာရရွိထားသူတစ္ေယာက္ျဖစ္တဲ့ ပိုးၾကာျဖဴခင္ကေတာ့ MRTV ႐ုပ္သံဇာတ္လမ္းတြဲကေန ပရိသတ္အားေပးမႈကို စတင္ရရွိခဲ့တာျဖစ္ပါတယ္။ “မိုးေကာင္းကင္အိပ္မက္” ႐ုပ္သံဇာတ္လမ္းတြဲေလးကေန ဆိုင္းမိုင္ ကာ႐ိုက္တာေလးနဲ႔ ပရိသတ္အားေပးမႈကို အခိုင္အမာရရွိထားတဲ့ သ႐ုပ္ေဆာင္မင္းသမီးတစ္လက္လို႔လည္း ဆိုႏိုင္ပါတယ္။ ပိုးၾကာျဖဴခင္ဟာ လက္ရွိမွာေတာ့ သ႐ုပ္ေဆာင္အလုပ္ေတြအျပင္ အဆိုေတာ္တစ္ေယာက္အေနနဲ႔ သီခ်င္းေတြကိုပါ သီဆိုေနပါၿပီ။

ပိုးၾကာျဖဴခင္ရဲ႕ “You are my life” ဆိုတဲ့ သီခ်င္းေလးက မၾကာေသးခင္ကမွ ထြက္ရွိထားတဲ့သီခ်င္းျဖစ္ျပီး ဒီသီခ်င္းေလးကိုေတာ့ အဆိုေတာ္စိန္လင္းအတူ သီဆိုေဖ်ာ္ေျဖထားတာျဖစ္ပါတယ္။”You are my life” သီခ်င္းေလးကေတာ့ အဆိုေတာ္စိန္လင္းနဲ႕ ပိုးၾကာျဖဴခင္တို႕ရဲ႕ ပထမဆံုးဦးဆံုး တြဲဖက္သီဆိုထားတဲ႕ စံုတြဲသီခ်င္းေလးျဖစ္ျပီး ပရိသတ္ေတြရဲ႕ အၾကိဳက္နဲ႕ထပ္တူက်ခဲ့တာေၾကာင့္ ေအာင္ျမင္မႈေတြ မ်ားစြာရရွိခဲ့ပါတယ္။ လတ္တေလာမွာေတာ့ ပိုးၾကာျဖဴခင္ဟာ သီခ်င္းေတြကို ဆက္တိုက္သီဆိုမႈေတြျပဳလုပ္ေနရတာျဖစ္ပါတယ္။

လက္ရွိမွာလည္း ပိုးၾကာျဖဴခင္ကေတာ့ တစ္ရက္တည္းနဲ႕ ပြဲႏွစ္ပြဲကို သီဆိုေဖ်ာ္ေျဖခဲ့ရတယ္လို႕ သိရပါတယ္။ အဲဒီပြဲေတြကေတာ့ ပထမ တစ္ပြဲက ပန္းတေနာ္၊ ဒုတ္ိတယ တစ္ပြဲက ငါးသိုင္းေခ်ာင္း သီတာကုန္းေျမ ျဖစ္ျပီး (၂)ပြဲဆက္တိုက္ေဖ်ာ္ေျဖတာေတာင္ ထင္မထားေအာင္ကို အရမ္းအားေပးၾကတဲ့ ပရိသတ္ေတြေၾကာင့္ ည (၂) နာရီ ေက်ာ္တာေတာင္ ပိုးၾကာျဖဴခင္တစ္ေယာက္ကေတာ့ မေမာႏိုင္ဘဲ အျပံဳးမပ်က္ အေပ်ာ္လြန္ၿပီး ေဖ်ာ္ေျဖခဲ့ပါတယ္။ဆယ္လီကမၻာပရိသတ္ႀကီးေရ ပရိသတ္အားေပးမႈေၾကာင့္ (၂)ပြဲဆက္တိုက္ မေမာနိုင္ဘဲ ေဖ်ာ္ေျဖနိုင္ခဲ့တယ္ဆိုတဲ့ ပိုးၾကာျဖဴခင္အတြက္ မွတ္ခ်က္ေလး ေျပာျပခဲ့ပါဦး…..။


Source: Poe Kyar Phyu Khin
ခ်စ္သဲေမ @ CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“ပရိသတ်အားပေးကြမ်းတာကြောင့် (၂)ပွဲဆက်တိုက်ဖျော်ဖြေတာတောင် မမောနိုင်ဘူးဆိုတဲ့ ပိုးကြာဖြူခင်”

ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ MRTV ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှုကို စတင်ရရှိခဲ့တာဖြစ်ပါတယ်။ “မိုးကောင်းကင်အိပ်မက်” ရုပ်သံဇာတ်လမ်းတွဲလေးကနေ ဆိုင်းမိုင် ကာရိုက်တာလေးနဲ့ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးတစ်လက်လို့လည်း ဆိုနိုင်ပါတယ်။ ပိုးကြာဖြူခင်ဟာ လက်ရှိမှာတော့ သရုပ်ဆောင်အလုပ်တွေအပြင် အဆိုတော်တစ်ယောက်အနေနဲ့ သီချင်းတွေကိုပါ သီဆိုနေပါပြီ။

ပိုးကြာဖြူခင်ရဲ့ “You are my life” ဆိုတဲ့ သီချင်းလေးက မကြာသေးခင်ကမှ ထွက်ရှိထားတဲ့သီချင်းဖြစ်ပြီး ဒီသီချင်းလေးကိုတော့ အဆိုတော်စိန်လင်းအတူ သီဆိုဖျော်ဖြေထားတာဖြစ်ပါတယ်။”You are my life” သီချင်းလေးကတော့ အဆိုတော်စိန်လင်းနဲ့ ပိုးကြာဖြူခင်တို့ရဲ့ ပထမဆုံးဦးဆုံး တွဲဖက်သီဆိုထားတဲ့ စုံတွဲသီချင်းလေးဖြစ်ပြီး ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျခဲ့တာကြောင့် အောင်မြင်မှုတွေ များစွာရရှိခဲ့ပါတယ်။ လတ်တလောမှာတော့ ပိုးကြာဖြူခင်ဟာ သီချင်းတွေကို ဆက်တိုက်သီဆိုမှုတွေပြုလုပ်နေရတာဖြစ်ပါတယ်။

လက်ရှိမှာလည်း ပိုးကြာဖြူခင်ကတော့ တစ်ရက်တည်းနဲ့ ပွဲနှစ်ပွဲကို သီဆိုဖျော်ဖြေခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီပွဲတွေကတော့ ပထမ တစ်ပွဲက ပန်းတနော်၊ ဒုတိတယ တစ်ပွဲက ငါးသိုင်းချောင်း သီတာကုန်းမြေ ဖြစ်ပြီး (၂)ပွဲဆက်တိုက်ဖျော်ဖြေတာတောင် ထင်မထားအောင်ကို အရမ်းအားပေးကြတဲ့ ပရိသတ်တွေကြောင့် ည (၂) နာရီ ကျော်တာတောင် ပိုးကြာဖြူခင်တစ်ယောက်ကတော့ မမောနိုင်ဘဲ အပြုံးမပျက် အပျော်လွန်ပြီး ဖျော်ဖြေခဲ့ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ပရိသတ်အားပေးမှုကြောင့် (၂)ပွဲဆက်တိုက် မမောနိုင်ဘဲ ဖျော်ဖြေနိုင်ခဲ့တယ်ဆိုတဲ့ ပိုးကြာဖြူခင်အတွက် မှတ်ချက်လေး ပြောပြခဲ့ပါဦး…..။
Source: Poe Kyar Phyu Khin
ချစ်သဲမေ @ CeleGabar

error: Content is protected !!