“သုံးပန္လွ”႐ုပ္ရွင္ဇာတ္ကားအတြက္ ပ်ဴ ၿမိဳ႕ေဟာင္းမွာ သြားေရာက္ေလ့လာမႈေတြျပဳလုပ္ေနတဲ့ ဦးေက်ာ္သူ’

ႏိုင္ငံေက်ာ္ဝါရင့္သ႐ုပ္ေဆာင္ေတြထဲက တစ္ေယာက္အပါအဝင္ျဖစ္တဲ့ ဦးေက်ာ္သူကေတာ့ သ႐ုပ္ေဆာင္ပိုင္းမွာသာမက ဇာတ္လမ္းဇာတ္အိမ္ကို အေကာင္းဆံုးျဖစ္ေအာင္ ပုံေဖာ္႐ိုက္ကူးတဲ့ ေနရာမွာလည္း ထူးခြၽန္ထက္ျမက္တဲ့ ဒါ႐ိုက္တာေကာင္းတစ္ေယာက္ပါ။ အဲဒါေၾကာင့္ “တစ္ျပည္သူမေ႐ႊထား”႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး သ႐ုပ္ေဆာင္ အကယ္ဒမီဆုကိုရရွိခဲ့ၿပီး “အေမ့ႏို႔ဖို”း ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး ဒါ႐ိုက္တာဆုကို သိမ္းပိုက္ယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ေနာက္ပိုင္းမွာေတာ့ ဦးေက်ာ္သူက အႏုပညာအလုပ္ေတြနဲ႔အတူ ပရဟိတအလုပ္ေတြကိုပါ တြဲဖက္လုပ္ကိုင္ခဲ့ပါတယ္။

လက္ရွိမွာလည္း သာသနာျပဳ အဘေအာင္မင္းေခါင္ ပူေဇာ္ပြဲအတြက္ကို ဦးေက်ာ္သူကိုယ္တိုင္ ဦးစီးေဆာင္ရြက္ေနတာျဖစ္ျပီး စက္ဘာလ(၁၅)ရက္ေန႕မွာ ယေန႔နံနက္မွာ ပရဟိတေစတီေတာ္ျမတ္ႀကီးအား ရွမ္းအိုးစည္တီးခတ္ကာ အဘေအာင္မင္းေခါင္(သုံးပတ္) ပတ္ကာ ပူေဇာ္ေစခဲ့တယ္လို႕သိရပါတယ္။လတ္တေလာမွာေတာ့ ဦးေက်ာ္သူဟာ “ပိေတာက္ကတဲ့ ဂီတ”႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားမွာေတာ့ ဦးေက်ာ္သူအပါအဝင္ စိုင္းစိုင္းခမ္းလႈိင္၊ပိုးမမွီသာ၊စိုးျမတ္သူဇာတို႔က ပါဝင္ပုံေဖာ္႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာလည္း “သုံးပန္လွ” ရာဇဝင္အေၾကာင္းေတြပါ ပါတဲ့႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ၿပီး သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ႀကိဳတင္ျပင္ဆင္၊ေလ့လာမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ ဦးေက်ာ္သူဟာ ဒီ”သုံးပန္လွ”႐ုပ္ရွင္ဇာတ္ကားမွာပါဝင္မယ့္ ဇာတ္ဝင္ခန္းအတြက္ ပ်ဴ ၿမိဳ႕ေဟာင္းမွာရွိတဲ့ “သုံးပန္လွမင္းသမီး” နန္း၊ ေရွးေဟာင္းသာသနာ့နယ္ေျမ နဲ႔ သုံးပန္လွမင္းသမီး(သခင္မ) ၏ ဂူသခၤ်ီဳင္း သို႔ သြားေရာက္ၿပီး ဂါရဝျပဳကာ ေမတၱာပို႔သ၊ အမွ်ေပးေဝမႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါေသးတယ္။ဆယ္လီကမာၻပရိသတ္ႀကိးေရ ဦးေက်ာ္သူကိုယ္တိုင္ပါဝင္သ႐ုပ္ေဆာင္မယ့္ “သုံးပန္လွ”ရုပ္ရွင္ဇာတ္ကားႀကီးကို စိတ္၀င္တစားနဲ႕ ေစာင့္ေမွ်ာ္ၾကည့္ၾကမယ္မဟုတ္လား…….။


Source: Kyaw Thu
ခ်စ္သဲေမ @ CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“သုံးပန်လှ”ရုပ်ရှင်ဇာတ်ကားအတွက် ပျူ မြို့ဟောင်းမှာ သွားရောက်လေ့လာမှုတွေပြုလုပ်နေတဲ့ ဦးကျော်သူ’

နိုင်ငံကျော်ဝါရင့်သရုပ်ဆောင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဦးကျော်သူကတော့ သရုပ်ဆောင်ပိုင်းမှာသာမက ဇာတ်လမ်းဇာတ်အိမ်ကို အကောင်းဆုံးဖြစ်အောင် ပုံဖော်ရိုက်ကူးတဲ့ နေရာမှာလည်း ထူးချွန်ထက်မြက်တဲ့ ဒါရိုက်တာကောင်းတစ်ယောက်ပါ။ အဲဒါကြောင့် “တစ်ပြည်သူမရွှေထား”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး သရုပ်ဆောင် အကယ်ဒမီဆုကိုရရှိခဲ့ပြီး “အမေ့နို့ဖို”း ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို သိမ်းပိုက်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ဦးကျော်သူက အနုပညာအလုပ်တွေနဲ့အတူ ပရဟိတအလုပ်တွေကိုပါ တွဲဖက်လုပ်ကိုင်ခဲ့ပါတယ်။

လက်ရှိမှာလည်း သာသနာပြု အဘအောင်မင်းခေါင် ပူဇော်ပွဲအတွက်ကို ဦးကျော်သူကိုယ်တိုင် ဦးစီးဆောင်ရွက်နေတာဖြစ်ပြီး စက်ဘာလ(၁၅)ရက်နေ့မှာ ယနေ့နံနက်မှာ ပရဟိတစေတီတော်မြတ်ကြီးအား ရှမ်းအိုးစည်တီးခတ်ကာ အဘအောင်မင်းခေါင်(သုံးပတ်) ပတ်ကာ ပူဇော်စေခဲ့တယ်လို့သိရပါတယ်။လတ်တလောမှာတော့ ဦးကျော်သူဟာ “ပိတောက်ကတဲ့ ဂီတ”ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဦးကျော်သူအပါအဝင် စိုင်းစိုင်းခမ်းလှိုင်၊ပိုးမမှီသာ၊စိုးမြတ်သူဇာတို့က ပါဝင်ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာလည်း “သုံးပန်လှ” ရာဇဝင်အကြောင်းတွေပါ ပါတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကြိုတင်ပြင်ဆင်၊လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဦးကျော်သူဟာ ဒီ”သုံးပန်လှ”ရုပ်ရှင်ဇာတ်ကားမှာပါဝင်မယ့် ဇာတ်ဝင်ခန်းအတွက် ပျူ မြို့ဟောင်းမှာရှိတဲ့ “သုံးပန်လှမင်းသမီး” နန်း၊ ရှေးဟောင်းသာသနာ့နယ်မြေ နဲ့ သုံးပန်လှမင်းသမီး(သခင်မ) ၏ ဂူသင်္ချီုင်း သို့ သွားရောက်ပြီး ဂါရဝပြုကာ မေတ္တာပို့သ၊ အမျှပေးဝေမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါသေးတယ်။ဆယ်လီကမ္ဘာပရိသတ်ကြိးရေ ဦးကျော်သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်မယ့် “သုံးပန်လှ”ရုပ်ရှင်ဇာတ်ကားကြီးကို စိတ်ဝင်တစားနဲ့ စောင့်မျှော်ကြည့်ကြမယ်မဟုတ်လား…….။
Source: Kyaw Thu
ချစ်သဲမေ @ CeleGabar

x
error: Content is protected !!