“အေဖ အေမတို႔ရဲ႕ ဆႏၵေလးအျပင္ ကိုယ္တိုင္ျဖစ္ခ်င္ေနတဲ့ ဆႏၵေလးလည္း ျပည့္သြားၿပီျဖစ္တဲ့ တိုင္႐ြန္”

တိုင္႐ြန္ကေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ သည္းသည္းလႈပ္အားေပးမႈကိုရရွိထားတဲ့ ေမာ္ဒယ္မင္းသားေခ်ာေလးတစ္ေယာက္ပဲျဖစ္ပါတယ္။MRTV-4 ကထုတ္လႊင့္ျပသခဲ့တဲ့ “မေန႔ကျဖစ္သည္ (၂)”႐ုပ္သံဇာတ္လမ္းတြဲမွာလည္း ဇာတ္႐ုပ္ကိုပီျပင္စြာသ႐ုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ အားေပးသူပရိသတ္ပိုမိုရရွိခဲ့ပါေသးတယ္။”သတိ အႏၲရာယ္ရွိသည္”႐ုပ္ရွင္ဇာတ္ကားႀကီးမွာ တက္သစ္စတစ္ဦးအေနနဲ႔ ခက္ခဲတဲ့ ဗီလိန္ကာ႐ိုက္တာကိုလည္း ပိုင္ပိုင္ႏိုင္ႏိုင္နဲ႔ ပါဝင္သ႐ုပ္ေဆာင္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

တိုင္႐ြန္ကေတာ့ ဝါသနာပါတဲ့ အႏုပညာအလုပ္ေတြကို တစိုက္မတ္မတ္နဲ႔ ႀကိဳးႀကိဳးစားစားလုပ္ကိုင္ေနၿပီး ရရွိလာတဲ့ အႏုပညာေၾကးေတြနဲ႔ မိဘႏွစ္ပါးကို ျပန္လည္ ျပဳစုေစာင့္ေရွာက္ေနတဲ့ သားအလိမၼာေလးတစ္ေယာက္လည္းျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ဇူလိုင္လ (၁၅)ရက္ေန႔ကလည္း တိုင္႐ြန္ဟာ မိဘႏွစ္ပါးအတြက္ ငယ္စဥ္ကတည္းက အိမ္ေလးတစ္လုံးဝယ္ေပးခ်င္ခဲ့တဲ့ အိပ္မက္ေလးကိုအေကာင္အထည္ေဖာ္ၿပီး Supriseလုပ္ကာ လက္ေဆာင္အေနနဲ႔ ေပးခဲ့ပါေသးတယ္။ဒီလိုမိဘေတြအတြက္ဝယ္ေပးျဖစ္ခဲ့တာနဲ႔ ပတ္သက္ၿပီးေတာ့လည္း တိုင္႐ြန္တစ္ေယာက္ အရမ္းႀကိဳက္တဲ့ ကားေလးကို ဝယ္ဖို႔ဆုထားတဲ့ ပိုက္ဆံေလးေတြကို မဝယ္ဘဲ မိဘေတြအတြက္ တိုက္ခန္းေလးကို လက္ေဆာင္အရင္ဝယ္ေပးခဲ့တာလို႔လည္း သိရပါတယ္။

ဒီေန႔မွာေတာ့ တိုင္႐ြန္ဟာ အရမ္လိုခ်င္ေနတဲ့ ကားေလးကိုလည္း ပိုင္ဆိုင္ႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ အရမ္းေပ်ာ္ေနရၿပီး “အေဖ အေမ ဆႏၵအိမ္ေလးလဲျပည့္သြားၿပီ။မယူျဖစ္လိုက္တဲ့ကားေလး အခု ကြၽန္ေတာ့္ ဆႏၵေလးလဲျပည့္သြားၿပီဗ်ာ။အလုပ္ေတြ ေပးတဲ့ အလုပ္ရွင္ေတြအားလုံးကိုလဲ ေက်းဇူးအထူးတင္ပါတယ္။ ပရိသတ္ေတြကိုလဲ ေက်းဇူးတင္ပါတယ္။”လို႔ သူ႔ရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။CeleGabarပရိသတ္ႀကီးေရ ဆႏၵေလးလည္း ျပည့္သြားၿပီျဖစ္တဲ့ တိုင္႐ြန္အတြက္ ဂုဏ္ျပဳစကားေလးေတြေျပာသြားေပးပါဦးေနာ္။

Source : Tyron Bejay
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“အဖေ အမေတို့ရဲ့ ဆန္ဒလေးအပြင် ကိုယ်တိုင်ဖြစ်ချင်နေတဲ့ ဆန္ဒလေးလည်း ပြည့်သွားပြီဖြစ်တဲ့ တိုင်ရွန်”

တိုင်ရွန်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးမှုကိုရရှိထားတဲ့ မော်ဒယ်မင်းသားချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။MRTV-4 ကထုတ်လွှင့်ပြသခဲ့တဲ့ “မနေ့ကဖြစ်သည် (၂)”ရုပ်သံဇာတ်လမ်းတွဲမှာလည်း ဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အားပေးသူပရိသတ်ပိုမိုရရှိခဲ့ပါသေးတယ်။”သတိ အန္တရာယ်ရှိသည်”ရုပ်ရှင်ဇာတ်ကားကြီးမှာ တက်သစ်စတစ်ဦးအနေနဲ့ ခက်ခဲတဲ့ ဗီလိန်ကာရိုက်တာကိုလည်း ပိုင်ပိုင်နိုင်နိုင်နဲ့ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

တိုင်ရွန်ကတော့ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်နဲ့ ကြိုးကြိုးစားစားလုပ်ကိုင်နေပြီး ရရှိလာတဲ့ အနုပညာကြေးတွေနဲ့ မိဘနှစ်ပါးကို ပြန်လည် ပြုစုစောင့်ရှောက်နေတဲ့ သားအလိမ္မာလေးတစ်ယောက်လည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ (၁၅)ရက်နေ့ကလည်း တိုင်ရွန်ဟာ မိဘနှစ်ပါးအတွက် ငယ်စဉ်ကတည်းက အိမ်လေးတစ်လုံးဝယ်ပေးချင်ခဲ့တဲ့ အိပ်မက်လေးကိုအကောင်အထည်ဖော်ပြီး Supriseလုပ်ကာ လက်ဆောင်အနေနဲ့ ပေးခဲ့ပါသေးတယ်။ဒီလိုမိဘတွေအတွက်ဝယ်ပေးဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း တိုင်ရွန်တစ်ယောက် အရမ်းကြိုက်တဲ့ ကားလေးကို ဝယ်ဖို့ဆုထားတဲ့ ပိုက်ဆံလေးတွေကို မဝယ်ဘဲ မိဘတွေအတွက် တိုက်ခန်းလေးကို လက်ဆောင်အရင်ဝယ်ပေးခဲ့တာလို့လည်း သိရပါတယ်။

ဒီနေ့မှာတော့ တိုင်ရွန်ဟာ အရမ်လိုချင်နေတဲ့ ကားလေးကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်တာကြောင့် အရမ်းပျော်နေရပြီး “အဖေ အမေ ဆန္ဒအိမ်လေးလဲပြည့်သွားပြီ။မယူဖြစ်လိုက်တဲ့ကားလေး အခု ကျွန်တော့် ဆန္ဒလေးလဲပြည့်သွားပြီဗျာ။အလုပ်တွေ ပေးတဲ့ အလုပ်ရှင်တွေအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ ပရိသတ်တွေကိုလဲ ကျေးဇူးတင်ပါတယ်။”လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးရေ ဆန္ဒလေးလည်း ပြည့်သွားပြီဖြစ်တဲ့ တိုင်ရွန်အတွက် ဂုဏ်ပြုစကားလေးတွေပြောသွားပေးပါဦးနော်။

Source : Tyron Bejay
Chilli – CeleGabar

error: Content is protected !!