“ေတာ္ကူးဆရာေတာ္ဘုရားႀကီးကို ဆြမ္းကပ္ လွဴဒါန္းခြင့္ရခဲ့တဲ့ ပိုပို”

ပိုပိုကေတာ႕ အနုပညာေလာကမွာ ေအာင္ျမင္ေၾကာ္ၾကားမႈရရွိေနတဲ႕ လူငယ္အဆိုေတာ္တစ္ေယာက္ပဲျဖစ္ပါတယ္။သူမ၀ါသနာပါတဲ႕ သီခ်င္းေတြကို သီဆိုျပီး အဆိုေတာ္တစ္ေယာက္ျဖစ္ေအာင္ ၾကိဳးစားခဲ႕တာေၾကာင္႔လည္း အနုပညာေလာကမွာ ေအာင္ျမင္တဲ႕ အဆိုေတာ္တစ္ေယာက္အေနနဲ႕ ေနရာတစ္ခုရရွိထားတာပါ။ေယာက္်ားေလး မိန္းကေလးမေရြးနွစ္သက္အားေပးၾကတဲ႕ အဆိုေတာ္တစ္ေယာက္ျဖစ္ေနတာလည္းအမွန္ပါပဲ။

ပိုပိုက သီခ်င္းေကာင္းေလးေတြကို ကိုယ္တိုင္ေရးျပီး ပိုင္ပိုင္နိုင္နိုင္နဲ႕ သီဆိုေလ႔ရွိနိုင္တာျဖစ္သလို သူမကိုယ္တိုင္ေရးစပ္သီဆိုတဲ႕ သီခ်င္းအပုဒ္တိုင္းလိုလိုက ပရိသတ္ေတြရင္ထဲကို ေရာက္ျပီး ပရိသတ္အၾကိဳက္နဲ႕ ထပ္တူၾကတဲ႕ သီခ်င္းေတြဆိုရမွာပါ။သူမ၀ါသနာပါတဲ႕ အနုပညာအလုပ္ေတြကိုလုပ္ကိုင္ျပီး ရွာေဖြစုေဆာင္းထားတဲ႕ ေခၽြးနည္းစာေလးနဲ႕ အလွဴအတန္းေတြကို အျမဲတမ္းလိုလို ျပဳလုပ္ေလ့ရွိပါေသးတယ္။

ဒီေန႔ စက္တင္ဘာလ (၁၇)ရက္ေန႕မွာေတာ့ ပိုပိုဟာ ေတာ္ကူးဆရာေတာ္ဘုရားၾကီးကို ဆြမ္း ဆပ္ကပ္လွဴဒါန္းခြင့္ရရွိခဲ့ျပီး ဒီလိုလွဴဒါန္းခြင့္ရရွိေအာင္ ကူညီေပးခဲ့တဲ့အေပၚ “ကုသိုလ္ တရားကို မွ်ေဝ တတ္တ့ဲ မိတ္ေဆြ ေကာင္းေတြ ရရွိတာဟာ မဂၤလာ တစ္ပါးပါ။ ေတာ္ကူးဆရာေတာ္ဘုရားႀကီးကို ဆြမ္းကပ္ လွဴခြင့္ရတ့ဲ အတြက္ မခိုင္ဇာကို ေက်းဇူးပါ။”လို႕ သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာကေန ေဖာ္ျပထားတာပဲျဖစ္ပါတယ္။CeleGabarပရိသတ္ၾကီးေရ ပိုပိုရဲ႕ မြန္ျမတ္လွတဲ့ အလွဴဒါနေလးအတြက္ ထပ္တူထပ္မွ်သာဓုေခၚဆိုလို႕ရေအာင္မွ်ေဝေပးလိုက္ပါတယ္။

Soure ; ဝတ္ရည္မိုး (Po Po)
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“တော်ကူးဆရာတော်ဘုရားကြီးကို ဆွမ်းကပ် လှူဒါန်းခွင့်ရခဲ့တဲ့ ပိုပို”

ပိုပိုကတော့ အနုပညာလောကမှာ အောင်မြင်ကြော်ကြားမှုရရှိနေတဲ့ လူငယ်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။သူမဝါသနာပါတဲ့ သီချင်းတွေကို သီဆိုပြီး အဆိုတော်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တာကြောင့်လည်း အနုပညာလောကမှာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ နေရာတစ်ခုရရှိထားတာပါ။ယောက်ျားလေး မိန်းကလေးမရွေးနှစ်သက်အားပေးကြတဲ့ အဆိုတော်တစ်ယောက်ဖြစ်နေတာလည်းအမှန်ပါပဲ။

ပိုပိုက သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေးပြီး ပိုင်ပိုင်နိုင်နိုင်နဲ့ သီဆိုလေ့ရှိနိုင်တာဖြစ်သလို သူမကိုယ်တိုင်ရေးစပ်သီဆိုတဲ့ သီချင်းအပုဒ်တိုင်းလိုလိုက ပရိသတ်တွေရင်ထဲကို ရောက်ပြီး ပရိသတ်အကြိုက်နဲ့ ထပ်တူကြတဲ့ သီချင်းတွေဆိုရမှာပါ။သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ပြီး ရှာဖွေစုဆောင်းထားတဲ့ ချွေးနည်းစာလေးနဲ့ အလှူအတန်းတွေကို အမြဲတမ်းလိုလို ပြုလုပ်လေ့ရှိပါသေးတယ်။

ဒီနေ့ စက်တင်ဘာလ (၁၇)ရက်နေ့မှာတော့ ပိုပိုဟာ တော်ကူးဆရာတော်ဘုရားကြီးကို ဆွမ်း ဆပ်ကပ်လှူဒါန်းခွင့်ရရှိခဲ့ပြီး ဒီလိုလှူဒါန်းခွင့်ရရှိအောင် ကူညီပေးခဲ့တဲ့အပေါ် “ကုသိုလ် တရားကို မျှဝေ တတ်တဲ့ မိတ်ဆွေ ကောင်းတွေ ရရှိတာဟာ မင်္ဂလာ တစ်ပါးပါ။ တော်ကူးဆရာတော်ဘုရားကြီးကို ဆွမ်းကပ် လှူခွင့်ရတဲ့ အတွက် မခိုင်ဇာကို ကျေးဇူးပါ။”လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးရေ ပိုပိုရဲ့ မွန်မြတ်လှတဲ့ အလှူဒါနလေးအတွက် ထပ်တူထပ်မျှသာဓုခေါ်ဆိုလို့ရအောင်မျှဝေပေးလိုက်ပါတယ်။

Soure ; ဝတ်ရည်မိုး (Po Po)
Chilli – CeleGabar

error: Content is protected !!