ကိုယ္ရခဲ့တဲ့ အႏုပညာေၾကးမ်ားစြာနဲ့ အေဖနဲ့ အေမကို ေမြးေန့မွာ ကန္ေတာ့ခဲ့တဲ့ ပုိင္တံခြန္

ေမာ္ဒယ္ေလာက ကေနတဆင့္ အႏုပညာေလာကထဲကို ေျခခ်ခဲ့တဲ့ ပိုင္တံခြန္က လက္ရွိမွာ ျမန္မာနုိင္ငံမွာသာမက အိမ္နီးခ်င္းနိုင္ငံေတြထိပါ ေအာင္မျင္မွုေတြကို မ်ားစြာပုိင္ဆိုင္ထားတဲ့ သူတစ္ေယာက္ပါ။ မကျာေသးခင္ကပင္ ထိုင္းမေလးေတြကျားမွာ ေရပနး္စားခဲ့တဲ့ ေမာ္ဒယ္မင္းသားေခ်ာ ပုိင္တံခြန္က ပရိသတ္ေတြသိတဲ့ အတုိင္းစိတ္ထားလည္း အလြန္းေကာင္းသူ တစ္ေယာက္ပါ။

မိဘေတြနဲ့ ေဝးရာမွာ ကိုယ္ခ်စ္တဲ့ အႏုပညာအလုပ္ကို ၾကိဳးစားလုပ္ေနရေပမယ့္ မိဘအေပၚ သိတတ္နားလည္တဲ့ သားတစ္ေယာက္အျဖစ္ ခ်ီးက်ဴးဖြယ္ေကာင္းတဲ့ လူငယ္တစ္ေယာက္ပါ။ ျဖဴစင္တဲ့စိတ္ထားေၾကာင့္ အမ်ားက ေလးစားျခင္းကိုခံရတဲ့ အျပင္ ယခုဆိုရင္ ပရိသတ္ေတြအခိုင္အမာနဲ့ အႏုပညာေလာကမွာ နာမည္တစ္လံုးကို အရယူႏုိင္ခဲ့ပါျပီ။

 

ပိုင္တံခြန္ဟာဆိုရင္ မျကာခင္အခ်ိန္အတြင္းမွာ အသက္ ၂၃ နွစ္ျပည့္ခဲ့ျပီး ျဖစ္ျပီး သူ့အတြက္ ေမြးေန့အလွဴေတြျကိဳလုပ္ေပးခဲ့ျကတဲ့ ပရိသတ္ေတြကို အတူမရွိေပးနိုင္တဲ့ အတြက္ ေတာင္းပန္ခဲ့ပါေသးတယ္။ အခုမွာေတာ့ မိဘကို အရမ္းသိတတ္တဲ့ သားအလိမၼာေလးျဖစ္တဲ့ ပုိင္တံခြန္ဟာ သူရွာထားတဲ့ အႏုပညာေျကးမ်ားစြာနဲ့ အသက္ ၂၃နွစ္ျပည့္ေမြးေန့မွာ အေဖနဲ့ အေမကို ကန္ေတာ့ေနတဲ့ ၾကည္ႏူးအားက်ဖြယ္ပံုရိပ္ေလးကို ျမင္ေတြ့ရမွာပါ။ “က်ေနာ့္ရဲ႕ ကံေကာင္းျခင္းက မိဘကို လုပ္ေကြၽးခြင့္ရတာပါပဲ” ဆိုျပီး ပုိင္တံခြန္ရဲ့ ဂုဏ္ယူဝင့္ၾကြားစြာေျပာခဲ့ပါေသးတယ္။ ခ်စ္ပရိသတ္ၾကီးလည္း ပိုင္တံခြန္ကို ကံေကာင္းေစဖို့ ဆုေတာင္းေပးလိုက္ၾကပါအံုးေနာ္။

Source: Paing Takhon

NORA:CeleGabar

(Unicode ျဖင့္ဖတ္ရန္)

ကိုယ်ရခဲ့တဲ့ အနုပညာကြေးများစွာနဲ့ အဖေနဲ့ အမေကို မွေးနေ့မှာ ကန်တော့ခဲ့တဲ့ ပိုင်တံခွန်

မော်ဒယ်လောက ကနေတဆင့် အနုပညာလောကထဲကို ခြေချခဲ့တဲ့ ပိုင်တံခွန်က လက်ရှိမှာ မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်းနိုင်ငံတွေထိပါ အောင်မြင်မှုတွေကို များစွာပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ။ မကြာသေးခင်ကပင် ထိုင်းမလေးတွေကြားမှာ ရေပန်းစားခဲ့တဲ့ မော်ဒယ်မင်းသားချော ပိုင်တံခွန်က ပရိသတ်တွေသိတဲ့ အတိုင်းစိတ်ထားလည်း အလွန်းကောင်းသူ တစ်ယောက်ပါ။

မိဘတွေနဲ့ ဝေးရာမှာ ကိုယ်ချစ်တဲ့ အနုပညာအလုပ်ကို ကြိုးစားလုပ်နေရပေမယ့် မိဘအပေါ် သိတတ်နားလည်တဲ့ သားတစ်ယောက်အဖြစ် ချီးကျူးဖွယ်ကောင်းတဲ့ လူငယ်တစ်ယောက်ပါ။ ဖြူစင်တဲ့စိတ်ထားကြောင့် အများက လေးစားခြင်းကိုခံရတဲ့ အပြင် ယခုဆိုရင် ပရိသတ်တွေအခိုင်အမာနဲ့ အနုပညာလောကမှာ နာမည်တစ်လုံးကို အရယူနိုင်ခဲ့ပါပြီ၊

ပိုင်တံခွန်ဟာဆိုရင် မကြာခင်အချိန်အတွင်းမှာ အသက် ၂၃ နှစ်ပြည့်ခဲ့ပြီး ဖြစ်ပြီး သူ့အတွက် မွေးနေ့အလှူတွေကြိုလုပ်ပေးခဲ့ကြတဲ့ ပရိသတ်တွေကို အတူမရှိပေးနိုင်တဲ့ အတွက် တောင်းပန်ခဲ့ပါသေးတယ်။ အခုမှာတော့ မိဘကို အရမ်းသိတတ်တဲ့ သားအလိမ္မာလေးဖြစ်တဲ့ ပိုင်တံခွန်ဟာ သူရှာထားတဲ့ အနုပညာကြေးများစွာနဲ့ အသက် ၂၃နှစ်ပြည့်မွေးနေ့မှာ အဖေနဲ့ အမေကို ကန်တော့နေတဲ့ ကြည်နူးအားကျဖွယ်ပုံရိပ်လေးကို မြင်တွေ့ရမှာပါ။ “ကျနော့်ရဲ့ ကံကောင်းခြင်းက မိဘကို လုပ်ကျွေးခွင့်ရတာပါပဲ” ဆိုပြီး ပိုင်တံခွန်ရဲ့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့ပါသေးတယ်။ ချစ်ပရိသတ်ကြီးလည်း ပိုင်တံခွန်ကို ကံကောင်းစေဖို့ ဆုတောင်းပေးလိုက်ကြပါအုံးနော်။

error: Content is protected !!