


 


 

Source: Khay Sett Twin

NORA:CeleGabar

(Unicode ဖြင့်ဖတ်ရန်)

တော်ကီကောင်းကောင်းလေးနဲ့ စုံတွဲလေးတွေကို ဆေးအကြီးကြီး ထိုးလိုက်တဲ့ ခေးဆက်သွင်

လက်တလောမှာ ပရိသတ်တွေကြား နှင်းဆီဆိုတဲ့ ဇာတ်ကောင်ပုံစံလေးနဲ့ အရမ်းကို ရေပန်းစားနေသူလေးကတော့ မင်းသမီးချောလေး ခေးဆက်သွင်ပါ။ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကနေ တဆင့်အောင်မြင်မှုတွေကို စတင်ပိုင်ဆိုင်ခဲ့တဲ့ ယခုဆို ပရိသတ်အခိုင်အမာနဲ့ အနုပညာလောကမှာ ရပ်တည်နေတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။

ပရိသတ်တွေ အားပေးကြမ်းနေတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ နှင်းဆီ ဇာတ်လမ်းတွဲလေးမှာတော့ နှင်းဆီဆိုတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရင်ထဲမှာ နေရာယူထားသူလေးဖြစ်ပါတယ်။ လက်ရှိမှာတော့ နှင်းဆီဇာတ်လမ်းလေးက အဆုံးသတ်ခဲ့ပြီဖြစ်ပြီး ပရိသတ်တွေကို လွမ်းနေဖို့မျှော်လင့်မိတဲ့ အကြောင်းလေး ပြောထားပါသေးတယ်။

တက်သစ်စ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် သရုပ်ဆောင်တော်လွန်းတဲ့ ခေးဆက်သွင်က တော်ကီကောင်းကောင်းလေးတွေကိုလည်းပြောတတ်လို့ ပရိသတ်တွေက အရမ်းကိုကြွေနေရသူလေးပါ။ အခုလည်း ကောင်လေးတွေ Ro တတ်ဖို့ သင်ပေးရင်း စုံတွဲလေးတွေကို ဆေးထိုးထားတဲ့ မတ်မတ် ခေးဆက်သွင်ရဲ့ တော်ကီလေးတွေကို ကိုယ်တိုင်ဖတ်ရှူလိုက်ပါတော့….ချစ်ပရိသတ်ကြီးရေ။

error: Content is protected !!