“ပရိသတ္ေတြသေဘာက်ေနတဲ့ ရဲေလးနဲ႔ သက္ထားသူဇာတို႔ရဲ႕ အခ်စ္သီခ်င္းေလး”

ပရိသတ္ေတြ စိတ္ဝင္စားေနတဲ့ အဆိုေတာ္ရဲေလးရဲ႕ “ခ်စ္ခ်စ္တုံး”သီခ်င္းအသစ္ေလးဟာ ဒီေန႔ စက္တင္ဘာလ (၁၈)ရက္ေန႔မွာေတာ့ထြက္ရွိလာၿပီပဲျဖစ္ပါတယ္။သီခ်င္းေလးမွာပါဝင္တဲ့ စာသားေလးေတြေၾကာင့္ သီခ်င္းမထြက္လာခင္ကတည္းက ပရိသတ္ေတြ စိတ္ဝင္တစားနဲ႔ ထြက္ရွိလာမဲ့ေန႔ေလးကို ေစာင့္ေမွ်ာ္ေနၾကတဲ့ သီခ်င္းတစ္ပုဒ္ျဖစ္သလို ဒီသီခ်င္းေလးမွာပါဝင္သ႐ုပ္ေဆာင္ထားတဲ့ အားကစားမယ္ေလး သက္ထားသူဇာရဲ႕ သ႐ုပ္ေဆာင္မႈေတြကိုလည္း ပရိသတ္ေတြက စိတ္ဝင္တစားရွိေနၾကတာပါ။

သက္ထားသူဇာကေတာ့ ကမာၻ႔အလယ္မွာ ျမန္မာဆိုၿပီး လက္မေထာင္လို႔ရေအာင္ စြမ္းေဆာင္ေပးေနတဲ့ ျမန္မာႏိုင္ငံလက္ေ႐ြးစင္ ႏိုင္ငံဂုဏ္ေဆာင္ ၾကက္ေတာင္အားကစားမယ္ေလးတစ္ေယာက္ပဲျဖစ္ပါတယ္။ၾကက္ေတာင္အားကစားမွာ သူမတူေအာင္ ထူးခြၽန္တဲ့သက္ထားသူဇာေလးက ပထမဆုံးအေနနဲ႔ သ႐ုပ္ေဆာင္အျဖစ္ပါဝင္တာျဖစ္တာေၾကာင့္ ပရိသတ္ေတြက ဒီသီခ်င္းေလးမွာ သက္ထားသူဇာတစ္ေယာက္ ဘယ္လိုေတြသ႐ုပ္ေဆာင္မလဲဆိုတာကို စိတ္ဝင္စားေနၾကတာပဲျဖစ္ပါတယ္။

သီခ်င္းေလးထဲမွာေတာ့ သက္ထားသူဇာဟာ စိတ္ေကာက္ေနတဲ့ ေကာင္မေလးတစ္ေယာက္အျဖစ္နဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ပထမဆုံးသ႐ုပ္ေဆာင္တာလို႔ေတာင္ မထင္မွတ္ရေလာက္ေအာင္ သ႐ုပ္ေဆာင္ေကာင္းလွတာေၾကာင့္ ပရိသတ္ ေတြရဲ႕ ခ်ီးက်ဴးမႈကို ခံေနရပါေသးတယ္။သီခ်င္းေလးကလည္း ရဲေလးကိုယ္တိုင္ကေရးစပ္သီဆိုထားတဲ့ အခ်စ္သီခ်င္းခ်ိဳခ်ိဳေလးျဖစ္တာေၾကာင့္ ပရိသတ္ေတြကအေတာ္ေလးကို သေဘာက်ႏွစ္သက္ေနတာျဖစ္ၿပီး ထြက္ရွိၿပီး နာရီပိုင္းအတြင္းမွာပဲ ၾကည့္ ရႈသူေသာင္းခ်ီရွိခဲ့တဲ့အထိေအာင္ျမင္မႈရရွိခဲ့ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း နားဆင္လို႔ရေအာင္ သီခ်င္းေလးကို မွ်ေဝေပးလိုက္ပါတယ္။

Soure ; YLJK Entertainment
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“ပရိသတ်တွေသဘောကျနေတဲ့ ရဲလေးနဲ့ သက်ထားသူဇာတို့ရဲ့ အချစ်သီချင်းလေး”

ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ အဆိုတော်ရဲလေးရဲ့ “ချစ်ချစ်တုံး”သီချင်းအသစ်လေးဟာ ဒီနေ့ စက်တင်ဘာလ (၁၈)ရက်နေ့မှာတော့ထွက်ရှိလာပြီပဲဖြစ်ပါတယ်။သီချင်းလေးမှာပါဝင်တဲ့ စာသားလေးတွေကြောင့် သီချင်းမထွက်လာခင်ကတည်းက ပရိသတ်တွေ စိတ်ဝင်တစားနဲ့ ထွက်ရှိလာမဲ့နေ့လေးကို စောင့်မျှော်နေကြတဲ့ သီချင်းတစ်ပုဒ်ဖြစ်သလို ဒီသီချင်းလေးမှာပါဝင်သရုပ်ဆောင်ထားတဲ့ အားကစားမယ်လေး သက်ထားသူဇာရဲ့ သရုပ်ဆောင်မှုတွေကိုလည်း ပရိသတ်တွေက စိတ်ဝင်တစားရှိနေကြတာပါ။

သက်ထားသူဇာကတော့ ကမ္ဘာ့အလယ်မှာ မြန်မာဆိုပြီး လက်မထောင်လို့ရအောင် စွမ်းဆောင်ပေးနေတဲ့ မြန်မာနိုင်ငံလက်ရွေးစင် နိုင်ငံဂုဏ်ဆောင် ကြက်တောင်အားကစားမယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ကြက်တောင်အားကစားမှာ သူမတူအောင် ထူးချွန်တဲ့သက်ထားသူဇာလေးက ပထမဆုံးအနေနဲ့ သရုပ်ဆောင်အဖြစ်ပါဝင်တာဖြစ်တာကြောင့် ပရိသတ်တွေက ဒီသီချင်းလေးမှာ သက်ထားသူဇာတစ်ယောက် ဘယ်လိုတွေသရုပ်ဆောင်မလဲဆိုတာကို စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။

သီချင်းလေးထဲမှာတော့ သက်ထားသူဇာဟာ စိတ်ကောက်နေတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားပြီး ပထမဆုံးသရုပ်ဆောင်တာလို့တောင် မထင်မှတ်ရလောက်အောင် သရုပ်ဆောင်ကောင်းလှတာကြောင့် ပရိသတ် တွေရဲ့ ချီးကျူးမှုကို ခံနေရပါသေးတယ်။သီချင်းလေးကလည်း ရဲလေးကိုယ်တိုင်ကရေးစပ်သီဆိုထားတဲ့ အချစ်သီချင်းချိုချိုလေးဖြစ်တာကြောင့် ပရိသတ်တွေကအတော်လေးကို သဘောကျနှစ်သက်နေတာဖြစ်ပြီး ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ကြည့် ရှုသူသောင်းချီရှိခဲ့တဲ့အထိအောင်မြင်မှုရရှိခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးလည်း နားဆင်လို့ရအောင် သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်။

Soure ; YLJK Entertainment
Chilli – CeleGabar

error: Content is protected !!