ေရကူးကန္ထဲကို ဒိုင္ဗင္ထိုးဆင္းျပီး ငါးေလးတစ္ေကာင္လို သြက္သြက္လက္လက္ေရကူးေနတဲ့ ဟန္နာယူရီရဲ႕ အသည္းယားခ်င္စရာ Video ေလး

Make up Artist တစ္ေယာက္ျဖစ္တဲ့ ဟန္နာယူရီတစ္ေယာက္ ကိုရီးယားမင္းသမီးေလးနဲ႔တူလြန္းလို႔ ပရိသတ္ေတြရဲ႕အသည္းေက်ာ္ ေလးျဖစ္လို႔ေနပါတယ္။ သူမရဲ႕ Professional Make Up လုပ္ငန္း အျပင္ ေမာ္ဒယ္အျဖစ္လည္း အႏုပညာလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းေနပါေသးတယ္။ ေအာင္ျမင္တဲ့ Make Up Artist တစ္ေယာက္ျဖစ္ၿပီး သူမရဲ႕ SFX Make Up ေတြဟာ တကယ့္ကို အသက္ဝင္လြန္းပါတယ္။

ဒီေန႔မွာေတာ့ ရိတစ္ေယာက္ သူမေရကူးေနတဲ့ Video ေလးကို လူမႈကြန္ယက္မွေဝမွ်ၿပီးေနာက္ ေနာက္ပိုင္းသူမအိမ္ေထာင္ျပဳတာ ျဖစ္ျဖစ္ တစ္ေယာက္တည္းေနတာျဖစ္ျဖစ္ ပင္လယ္နားနီးတဲ့ ေနရာမွာအိမ္ေလးတစ္အိမ္ေဆာက္ၿပီး ငါးေလးေတြနဲ႔အတူတူေရကူးၿပီး ဘဝကိုေအးေအးခ်မ္းခ်မ္း ျဖတ္သန္းခ်င္တယ္လို႔ဆိုပါတယ္။ ေရကူးေနစဥ္တစ္ေလွ်ာက္လုံးမွာလည္း ရိတစ္ေယာက္ ၿပဳံးၿပဳံးေလး ကူးေနတာကိုလည္းေတြ႕ရပါေသးတယ္။

သူမရဲ႕စိတ္ကူးအိပ္မက္ေလးကို ” အိမ္မက္တစ္ခုရွိတယ္ island girl ျဖစ္ခ်င္တာ Someday လက္ထပ္ၿပီးရင္ျဖစ္ျဖစ္ တစ္ေယာက္တည္း ျဖစ္ျဖစ္ ပင္လယ္နားမွာအိမ္ေလးတစ္လုံးနဲ႔ မနက္ညေနေတြလည္းပင္လယ္ထဲမွာ ငါးေလးေတြနဲ႔ေရကူး ေအးေအးခ်မ္းခ်မ္းသြားေနခ်င္ တယ္ ေရကူးရင္းၿပဳံးေနတာကကြၽန္မက ေရကူးတတ္ရင္အၿမဲၿပဳံးကူးေနမယ္လို႔ အရင္ထဲကဆုံးျဖတ္ထားတာ ကန္ထဲကေ႐ြငါးေတြေ ရကူးေနရင္းၿပဳံးေနတာၾကည့္ရင္းစိတ္ခ်မ္းသာလို႔ ” ဆိုၿပီး ေျပာျပလိုက္တာပဲ ျဖစ္ပါတယ္။

Video / Photo – Hanna Yu Ri
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” ရေကူးကန်ထဲကို ဒိုင်ဗင်ထိုးဆင်းပြီး ငါးလေးတစ်ကောင်လို သွက်သွက်လက်လက်ရေကူးနေတဲ့ ဟန်နာယူရီရဲ့ အသည်းယားချင်စရာ Video လေး ”

Make up Artist တစ်ယောက်ဖြစ်တဲ့ ဟန်နာယူရီတစ်ယောက် ကိုရီးယားမင်းသမီးလေးနဲ့တူလွန်းလို့ ပရိသတ်တွေရဲ့အသည်းကျော် လေးဖြစ်လို့နေပါတယ်။ သူမရဲ့ Professional Make Up လုပ်ငန်း အပြင် မော်ဒယ်အဖြစ်လည်း အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပါသေးတယ်။ အောင်မြင်တဲ့ Make Up Artist တစ်ယောက်ဖြစ်ပြီး သူမရဲ့ SFX Make Up တွေဟာ တကယ့်ကို အသက်ဝင်လွန်းပါတယ်။

ဒီနေ့မှာတော့ ရိတစ်ယောက် သူမရေကူးနေတဲ့ Video လေးကို လူမှုကွန်ယက်မှဝေမျှပြီးနောက် နောက်ပိုင်းသူမအိမ်ထောင်ပြု တာဖြစ်ဖြစ် တစ်ယောက်တည်းနေတာဖြစ်ဖြစ် ပင်လယ်နားနီးတဲ့ နေရာမှာအိမ်လေးတစ်အိမ်ဆောက်ပြီး ငါးလေးတွေနဲ့အတူတူ ရေကူးပြီး ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းချင်တယ်လို့ဆိုပါတယ်။ ရေကူးနေစဉ်တစ်လျှောက်လုံးမှာလည်း ရိတစ်ယောက် ပြုံးပြုံးလေး ကူးနေတာကိုလည်းတွေ့ရပါသေးတယ်။

သူမရဲ့စိတ်ကူးအိပ်မက်လေးကို ” အိမ်မက်တစ်ခုရှိတယ် island girl ဖြစ်ချင်တာ Someday လက်ထပ်ပြီးရင်ဖြစ်ဖြစ် တစ်ယောက်တည်းဖြစ်ဖြစ် ပင်လယ်နားမှာအိမ်လေးတစ်လုံးနဲ့ မနက်ညနေတွေလည်းပင်လယ်ထဲမှာ ငါးလေးတွေနဲ့ရေကူး အေးအေးချမ်းချမ်းသွားနေချင်တယ် ရေကူးရင်းပြုံးနေတာကကျွန်မက ရေကူးတတ်ရင်အမြဲပြုံးကူးနေမယ်လို့ အရင်ထဲက ဆုံးဖြတ်ထားတာ ကန်ထဲကရွေငါးတွေရေကူးနေရင်းပြုံးနေတာကြည့်ရင်းစိတ်ချမ်းသာလို့ ” ဆိုပြီး ပြောပြလိုက်တာပဲ ဖြစ်ပါတယ်။

Video / Photo – Hanna Yu Ri
Happy – Cele Gabar

error: Content is protected !!