မီဒီယာေတြကိုသတိမထားမိေစဘဲ ထိုင္းႏိုင္ငံကေရေဘးဒုကၡသည္ေတြကိုလွဴဒါန္းလိုက္တဲ့ Lisa

Lisa ကေတာ့နာမည္ေက်ာ္ေတာင္ကိုရီးယားအဆိုေတာ္အဖြဲ႔ျဖစ္တဲ့ Blackpink အဖြဲ႔ရဲ႕အဖြဲ႔၀င္တစ္ေယာက္ျဖစ္ျပီး Kpop Idol တစ္ေယာက္လို႔ဆိုရမွာပါ။ထိုင္းလူမ်ိဳးတစ္ေယာက္ျဖစ္ျပီး ႏိုင္ငံတကာမွာပရိသတ္အခိုင္အမာရထားသူလည္းျဖစ္ပါတယ္။အသက္ငယ္ငယ္ေလးနဲ႔လ်ွမ္းလ်ွမ္းေတာက္ေအာင္ျမင္ေနတဲ့ Lisa ကုိထိုင္းလူမ်ိဳးေတြကအရမ္းခ်စ္ၾကသလို ကေလးေတြအတြက္လည္း စံျပတစ္ေယာက္ျဖစ္ေနတဲ့သူပါ။


Lisa ကေတာ့ ေမြးရပ္ေျမထိုင္းႏိုင္ငံကို ေမ့မထားဘဲ သတိတရရွိတဲ့သူတစ္ေယာက္ပါပဲ။အခုဆိုရင္ ထိုင္းႏိုင္ငံကေရေဘးဒုကၡသည္ေတြအတြက္ ေငြလွဴဒါန္းလိုက္ျပန္ပါတယ္။ မီဒီယာေတြသတိထားမိမွာကိုမလိုခ်င္တဲ့ Lisa ကေတာ့ ထိုင္းဘတ္(၁၀၀,၀၀၀) ကန္ေဒၚလာ(၃,၀၀၀)ေက်ာ္ကို တိတ္တိတ္ေလးလွဴဒါန္းခဲ့တာပါ။


ထိုင္းႏိုင္ငံအေရွ႕ေျမာက္ဘက္မွာရွိတဲ့ ဥပ္ပလရာဇဌာနီဆိုတဲ့ျမိဳ႕ၾကီးမွာ ေရၾကီးေနတာျဖစ္ျပီး ရြာေပါင္း(၇,၀၀၀)ေက်ာ္က အိမ္ေပါင္း(၄၀၀,၀၀၀)ခန္႔နစ္ျမဳပ္ေစခဲ့တာပါ။“Lisa ကေတာ့ အခုလိုေရၾကီးေနတာနဲ႔ပတ္သက္ျပီး အကူအညီလိုတဲ့သူေတြနည္းနည္းေလာက္ျဖစ္ျဖစ္ အကူအညီရဖို႔ေမ်ွာ္လင့္ျပီးလွဴဒါန္းခဲ့တာပါ” လို႕သူမရဲ႕ကိုယ္စားလွယ္ကဆိုပါတယ္။ Lisa ကေတာ့ ေလးစားစရာေကာင္းတဲ့ Idol ေလးပါပဲေနာ္…။
Source:Koreaboo
photo from koreaboo,google
Sweet – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

မီဒီယာတွေကိုသတိမထားမိစေဘဲ ထိုင်းနိုင်ငံကရေဘေးဒုက္ခသည်တွေကိုလှူဒါန်းလိုက်တဲ့ Lisa
Lisa ကတော့နာမည်ကျော်တောင်ကိုရီးယားအဆိုတော်အဖွဲ့ဖြစ်တဲ့ Blackpink အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Kpop Idol တစ်ယောက်လို့ဆိုရမှာပါ။ထိုင်းလူမျိုးတစ်ယောက်ဖြစ်ပြီး နိုင်ငံတကာမှာပရိသတ်အခိုင်အမာရထားသူလည်းဖြစ်ပါတယ်။အသက်ငယ်ငယ်လေးနဲ့လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ Lisa ကိုထိုင်းလူမျိုးတွေကအရမ်းချစ်ကြသလို ကလေးတွေအတွက်လည်း စံပြတစ်ယောက်ဖြစ်နေတဲ့သူပါ။


Lisa ကတော့ မွေးရပ်မြေထိုင်းနိုင်ငံကို မေ့မထားဘဲ သတိတရရှိတဲ့သူတစ်ယောက်ပါပဲ။အခုဆိုရင် ထိုင်းနိုင်ငံကရေဘေးဒုက္ခသည်တွေအတွက် ငွေလှူဒါန်းလိုက်ပြန်ပါတယ်။ မီဒီယာတွေသတိထားမိမှာကိုမလိုချင်တဲ့ Lisa ကတော့ ထိုင်းဘတ်(၁၀၀,၀၀၀) ကန်ဒေါ်လာ(၃,၀၀၀)ကျော်ကို တိတ်တိတ်လေးလှူဒါန်းခဲ့တာပါ။


ထိုင်းနိုင်ငံအရှေ့မြောက်ဘက်မှာရှိတဲ့ ဥပ်ပလရာဇဌာနီဆိုတဲ့မြို့ကြီးမှာ ရေကြီးနေတာဖြစ်ပြီး ရွာပေါင်း(၇,၀၀၀)ကျော်က အိမ်ပေါင်း(၄၀၀,၀၀၀)ခန့်နစ်မြုပ်စေခဲ့တာပါ။“Lisa ကတော့ အခုလိုရေကြီးနေတာနဲ့ပတ်သက်ပြီး အကူအညီလိုတဲ့သူတွေနည်းနည်းလောက်ဖြစ်ဖြစ် အကူအညီရဖို့မျှော်လင့်ပြီးလှူဒါန်းခဲ့တာပါ” လို့သူမရဲ့ကိုယ်စားလှယ်ကဆိုပါတယ်။ Lisa ကတော့ လေးစားစရာကောင်းတဲ့ Idol လေးပါပဲနော်…။

error: Content is protected !!