“သမီးႀကီးရဲ႕ ေမြးေန႔အႀကိဳအျဖစ္သံဃာေတာ္ေပါင္း ရာေက်ာ္ကိုပင့္ေဆာင္ကာ အလႉအတန္းေတြျပဳလုပ္ေနတဲ့ လူမင္း”

အႏုပညာေလာကမွာ ေအာင္ျမင္မႈသရဖူးကို ေဆာင္းထားႏိုင္သူတစ္ေယာက္ျဖစ္တဲ့ အန္ကယ္ေလးလူမင္းကေတာ့ ဝါရင့္သ႐ုပ္ေဆာင္ေတြထဲကတစ္ေယာက္အပါအဝင္ျဖစ္ၿပီး ပရိသတ္အားေပးမႈကို အခိုင္အမာရရွိထားသူတစ္ေယာက္ပါ။ သ႐ုပ္ေဆာင္ပိုင္းမွာပီျပင္လြန္းသူတစ္ေယာက္ျဖစ္တာေၾကာင့္ အေကာင္းဆုံးအကယ္ဒမီဆုေတြကို “ေ႐ႊမႈန္ႀကဲတဲ့ မိုးေကာင္းကင္ ” “က်န္စစ္သား”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ ထိုက္ထိုက္တန္တန္ သိမ္းပိုက္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။ သူကိုယ္တိုင္႐ိုက္ကူးပုံေဖာ္ထားတဲ့ “က်န္စစ္သား”ဆိုတဲ့႐ုပ္ရွင္ဇာတ္ကားဟာဆိုရင္လည္း မေလးရွား၊စကၤာပူ၊ၾသစေတးလ်၊တ႐ုတ္ႏိုင္ငံေတြမွာ ျပသႏိုင္တဲ့အထိ ေအာင္ျမင္မႈရရွိခဲ့တာလည္း ျဖစ္ပါတယ္။

လက္ရွိမွာလည္း လူမင္းကိုယ္တိုင္ပုံေဖာ္႐ိုက္ကူးထားၿပီး ကိုယ္တိုင္ပါဝင္သ႐ုပ္ေဆာင္ထားတဲ့”ညစ္တြန္း”႐ုပ္ရွင္ဇာတ္ကားကလည္း ႐ုံမတင္ခင္ကတည္းက ပရိသတ္ေတြ စိတ္ဝင္တစားနဲ႔ အားေပးမႈကို လက္ခံရရွိခဲ့ပါတယ္။ဒီဇာတ္ကားမွာေတာ့ အန္ကယ္ေလးကိုယ္တိုင္က စနစ္တက်နဲ႔ပုံေဖာ္႐ိုက္ကူးထားတာျဖစ္ၿပီး အန္ကယ္ေလးအပါအဝင္ ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ ေျပတီဦး၊ခိုင္သင္းၾကည္၊ အိျႏၵာေက်ာ္ဇင္၊ထက္ထက္ထြန္းတို႔က ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ပါတယ္။ အန္ကယ္ေလးဟာ အႏုပညာေလာမွာ ေအာင္ျမင္ေနတဲ့ သူတစ္ေယာက္ျဖစ္သလို ဘာသာေရးကိုင္းရႈိင္းသူတစ္ေယာက္လည္းျဖစ္ၿပီး ဝါတြင္းကာလမွာ အပတ္စဥ္ေသာၾကာေန႔တိုင္း မိသားစုဆြမ္းေလာင္းအလႉကို က်င္းပေလ့ရွိပါတယ္။

လက္ရွိမွာလည္း သမီးႀကီး ဧရာဝတီလူမင္းရဲ႕ ေမြးေန႔အႀကိဳအေနနဲ႔ မိဘႏွစ္ပါးက သံဃာေတာ္ေပါင္း ရာေက်ာ္ကို ပင့္ေဆာင္ကာ ဆြမ္းေလာင္းအလႉကို က်င္းပေနတာျဖစ္ပါတယ္။ လူမင္းတို႔မိဘႏွစ္ပါး ခုလိုအလႉအတန္းေတြျပဳလုပ္ေပးျခင္းရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ ကိုယ္ေတြမရွိေတာ့တဲ့အခ်ိန္မွာ သူတို႔ကိုယ္သူတို႔ ထိန္းေက်ာင္းႏိုင္ဖို႔က ဘာသာတရားက အေရးႀကီးတာမို႔ သူတို႔ကိုငယ္ငယ္တည္းက ေလ့က်င့္သင္ၾကားေပးျခင္းျဖစ္တယ္လို႔ ေျပာျပခဲ့ပါတယ္။ ကေလးေတြကိုယ္တိုင္ကလည္း ငယ္ငယ္တည္းက ဘုရားရွစ္ခိုး၊ပုတီးစိတ္တာေတြကို သင္ေပးထားတာေၾကာင့္ သူတို႔ကိုယ္တိုင္ကလည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္နဲ႔ စိတ္ဝင္စားမႈရွိတယ္တယ္လို႔လည္း လူမင္းက ခ်စ္စရာေကာင္းတဲ့ သားနဲ႔သမီးရဲ႕ ဘာသာေရးကိုင္းရႈိင္းမႈကို ေျပာျပထားခဲ့တာျဖစ္ပါတယ္။ဆယ္လီကမာၻပရိသတ္ႀကီးေရ သံဃာေတာ္ေတြကိုပင့္ေဆာင္ကာ အလႉေတြျပဳလုပ္ေနတဲ့ လူမင္းတို႔မိသားစုရဲ႕ အလႉအတြက္ သာဓုေခၚလို႔ရေအာင္မွ်ေဝေပးလိုက္ပါတယ္….။


Source: Exclusive on CeleGabar
ခ်စ္သဲေမ @CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“သမီးကြီးရဲ့ မွေးနေ့အကြိုအဖြစ်သံဃာတော်ပေါင်း ရာကျော်ကိုပင့်ဆောင်ကာ အလှူအတန်းတွေပြုလုပ်နေတဲ့ လူမင်း”

အနုပညာလောကမှာ အောင်မြင်မှုသရဖူးကို ဆောင်းထားနိုင်သူတစ်ယောက်ဖြစ်တဲ့ အန်ကယ်လေးလူမင်းကတော့ ဝါရင့်သရုပ်ဆောင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပါ။ သရုပ်ဆောင်ပိုင်းမှာပီပြင်လွန်းသူတစ်ယောက်ဖြစ်တာကြောင့် အကောင်းဆုံးအကယ်ဒမီဆုတွေကို “ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင် ” “ကျန်စစ်သား”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ထိုက်ထိုက်တန်တန် သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ သူကိုယ်တိုင်ရိုက်ကူးပုံဖော်ထားတဲ့ “ကျန်စစ်သား”ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာဆိုရင်လည်း မလေးရှား၊စင်္ကာပူ၊သြစတေးလျ၊တရုတ်နိုင်ငံတွေမှာ ပြသနိုင်တဲ့အထိ အောင်မြင်မှုရရှိခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း လူမင်းကိုယ်တိုင်ပုံဖော်ရိုက်ကူးထားပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့”ညစ်တွန်း”ရုပ်ရှင်ဇာတ်ကားကလည်း ရုံမတင်ခင်ကတည်းက ပရိသတ်တွေ စိတ်ဝင်တစားနဲ့ အားပေးမှုကို လက်ခံရရှိခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ အန်ကယ်လေးကိုယ်တိုင်က စနစ်တကျနဲ့ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး အန်ကယ်လေးအပါအဝင် နိုင်ငံကျော်သရုပ်ဆောင်တွေဖြစ်တဲ့ ပြေတီဦး၊ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ထက်ထက်ထွန်းတို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အန်ကယ်လေးဟာ အနုပညာလောမှာ အောင်မြင်နေတဲ့ သူတစ်ယောက်ဖြစ်သလို ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်ပြီး ဝါတွင်းကာလမှာ အပတ်စဉ်သောကြာနေ့တိုင်း မိသားစုဆွမ်းလောင်းအလှူကို ကျင်းပလေ့ရှိပါတယ်။

လက်ရှိမှာလည်း သမီးကြီး ဧရာဝတီလူမင်းရဲ့ မွေးနေ့အကြိုအနေနဲ့ မိဘနှစ်ပါးက သံဃာတော်ပေါင်း ရာကျော်ကို ပင့်ဆောင်ကာ ဆွမ်းလောင်းအလှူကို ကျင်းပနေတာဖြစ်ပါတယ်။ လူမင်းတို့မိဘနှစ်ပါး ခုလိုအလှူအတန်းတွေပြုလုပ်ပေးခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်တွေမရှိတော့တဲ့အချိန်မှာ သူတို့ကိုယ်သူတို့ ထိန်းကျောင်းနိုင်ဖို့က ဘာသာတရားက အရေးကြီးတာမို့ သူတို့ကိုငယ်ငယ်တည်းက လေ့ကျင့်သင်ကြားပေးခြင်းဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ ကလေးတွေကိုယ်တိုင်ကလည်း ငယ်ငယ်တည်းက ဘုရားရှစ်ခိုး၊ပုတီးစိတ်တာတွေကို သင်ပေးထားတာကြောင့် သူတို့ကိုယ်တိုင်ကလည်း နှစ်နှစ်ခြိုက်ခြိုက်နဲ့ စိတ်ဝင်စားမှုရှိတယ်တယ်လို့လည်း လူမင်းက ချစ်စရာကောင်းတဲ့ သားနဲ့သမီးရဲ့ ဘာသာရေးကိုင်းရှိုင်းမှုကို ပြောပြထားခဲ့တာဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ သံဃာတော်တွေကိုပင့်ဆောင်ကာ အလှူတွေပြုလုပ်နေတဲ့ လူမင်းတို့မိသားစုရဲ့ အလှူအတွက် သာဓုခေါ်လို့ရအောင်မျှဝေပေးလိုက်ပါတယ်….။
Source: Exclusive on CeleGabar
ချစ်သဲမေ @CeleGabar

error: Content is protected !!