” “အခ်စ္ျဖင့္လြမ္းေစ”ဇာတ္လမ္းတြဲက ရုပ္ရွင္ဇာတ္ကားၾကီးျဖစ္လာခဲ့ရင္ မိုးမူ နဲ႔ မင္းလတ္ကို ရုပ္ရွင္ရံုမွာ လာေတြ့ၾကမွာလားဆိုတဲ့ ပိုင္ျဖိဳးသု “

ပရိသတ္အခ်စ္ေတာ္ နိုင္ငံေက်ာ္အနုပညာရွင္ေတြျဖစ္တဲ့ အကယ္ဒမီ ပိုင္ျဖိဳးသုနဲ႔ ေဒါင္းတို႔ရဲ႕ နာမည္ၾကီး “အခ်စ္ျဖင့္လြမ္းေစ” ဆိုတဲ့ ဇာတ္လမ္းတြဲကေတာ့ ပရိသတ္ေတြရဲ႕ နုလံုးသားကို လႈပ္ခက္သြားတဲ့ အခ်စ္အလြမ္း ရသကိုအျပည့္အ၀ခံစာခဲ့ရတဲ့ ဇာတ္လမ္းတြဲလည္းျဖစ္ပါတယ္။ထိုဇာတ္လမ္းတြဲၾကီးထဲမွာေတာ့ ပရိသတ္အခ်စ္ေတာ္ မင္သမီးေခ်ာေလးပိုင္ျဖိဳးသုကေတာ့ သူငယ္ခ်င္းျဖစ္သူကို တိတ္တခိုးခိဳးခ်စ္ျပီး တစ္ဖတ္သက္အခ်စ္က ဘယ္ေလာက္ပင္ပူေလာင္ပါေစ ခ်စ္ရသူစိတ္ခ်မ္းသာေနတာကိုသာ ေငးၾကည့္ျပီးခ်စ္ေနတတ္တဲ့ “မိုးမူ” ဆိုတဲ့ ေကာင္းမေလးေနရာမွ ပရိသတ္ရဲ႕ နွလံုးသာကိုအရည္ေဖ်ာ္ခ်ခဲ့သူလည္းျဖစ္ပါတယ္။

နိုင္ငံေက်ာ္မင္းသားေခ်ာ ေဒါင္းကေတာ့ ကိုယ္နဲ႔အေျခအေနမတူတဲ့ သူကိုမွခ်စ္မိျပီး ထားခဲ့မွာသိရက္နဲ႔ လက္မလႊတ္နိုင္တဲ့အထိ ခ်စ္ခဲ့မိကာ ေနာက္ဆံုးမွာ ကိုယ့္ကိုတကယ္ခ်စ္သူကို လက္လႊတ္ဆံုးရႈံးလိုက္တဲ့ “မင္းလတ္”ေနရာမွအေကာင္းဆံုးပါ၀င္သရုပ္ေဆာင္ထားပါတယ္။ထိုဇာတ္လမ္းတြဲမွာေတာ့ အိန္ဂ်ယ္လမုန္ ကေတာ့ မိမိရဲ႕ရည္မွန္းခ်က္ပန္းတိုင္ကို ေလွ်ာက္မည့္လမ္းမွာ ဘာနဲ႔ပဲေတြ႕ေတြ႕ ေနာက္မဆုတ္တဲ့ “ညိဳ “ေနရာမွာ ပါ၀င္သရုပ္ေဆာင္ထားပါေသးတယ္။

“အခ်စ္ျဖင့္လြမ္းေစ”ဇာတ္လမ္းတြဲၾကီးကေတာ့ ေက်ာင္းသားဘ၀ကို ျပန္လည္ေရာက္ရိွသြားသလို ခံစားမႈကိုေပးစြမ္းနိုင္သလို ဇာတ္လမ္းတြဲကိုၾကည့္ျပီး ငိုခဲ့ရတာလည္း မနည္းပါဘူေနာ္။လက္ရိွမွာ ပိုင္ျဖိဳးသုကေတာ့ ဇာတ္လမ္းတြဲၾကီးကို ရုပ္ရွင္ကားၾကီးအျဖစ္ျပန္လည္ရိုက္ကူးမွာမို႔ မိုးမူ၊မင္းလတ္၊ညိဳ တို႔ကို ရုပ္ရွင္ရံုမွာ ေတြ႔ရေတာ့မည့္ကို “”အခ်စ္ျဖင့္လြမ္းေစ” ဇာတ္လမ္းေလးက ရုပ္ရွင္ဇာတ္ကားႀကီးအျဖစ္ ျပန္လာမယ္ဆိုရင္ “မင္းလတ္” မိုးမူ” နဲ႔ “ညို” တို႔ကိုရုပ္ရွင္ရံုမွာ လာေတြ့ၾကမွာလားဟင္” လိုံ သူမရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွ ေဖာ္ျပလိုက္ပါတယ္။CeleGabar ပရိသတ္ၾကီးထဲမွာေရာ မိုးမူေနရာမွ ခံစားျပီး ငိုရသေလာက္ ခဏခဏ ျပန္ၾကည့္မိတဲ့သူေတြရိွလား။

Source: Paing Phyo Thu
Photo Credit From Paing Phyo Thu’s Facebook
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” “အချစ်ဖြင့်လွမ်းစေ”ဇာတ်လမ်းတွဲက ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လာခဲ့ရင် မိုးမူ နဲ့ မင်းလတ်ကို ရုပ်ရှင်ရုံမှာ လာတွေ့ကြမှာလားဆိုတဲ့ ပိုင်ဖြိုးသု ”

ပရိသတ်အချစ်တော် နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ပိုင်ဖြိုးသုနဲ့ ဒေါင်းတို့ရဲ့ နာမည်ကြီး “အချစ်ဖြင့်လွမ်းစေ” ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေရဲ့ နုလုံးသားကို လှုပ်ခက်သွားတဲ့ အချစ်အလွမ်း ရသကိုအပြည့်အဝခံစာခဲ့ရတဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ထိုဇာတ်လမ်းတွဲကြီးထဲမှာတော့ ပရိသတ်အချစ်တော် မင်သမီးချောလေးပိုင်ဖြိုးသုကတော့ သူငယ်ချင်းဖြစ်သူကို တိတ်တခိုးခိုးချစ်ပြီး တစ်ဖတ်သက်အချစ်က ဘယ်လောက်ပင်ပူလောင်ပါစေ ချစ်ရသူစိတ်ချမ်းသာနေတာကိုသာ ငေးကြည့်ပြီးချစ်နေတတ်တဲ့ “မိုးမူ” ဆိုတဲ့ ကောင်းမလေးနေရာမှ ပရိသတ်ရဲ့ နှလုံးသာကိုအရည်ဖျော်ချခဲ့သူလည်းဖြစ်ပါတယ်။

နိုင်ငံကျော်မင်းသားချော ဒေါင်းကတော့ ကိုယ်နဲ့အခြေအနေမတူတဲ့ သူကိုမှချစ်မိပြီး ထားခဲ့မှာသိရက်နဲ့ လက်မလွှတ်နိုင်တဲ့အထိ ချစ်ခဲ့မိကာ နောက်ဆုံးမှာ ကိုယ့်ကိုတကယ်ချစ်သူကို လက်လွှတ်ဆုံးရှုံးလိုက်တဲ့ “မင်းလတ်”နေရာမှအကောင်းဆုံးပါဝင်သရုပ်ဆောင်ထားပါတယ်။ထိုဇာတ်လမ်းတွဲမှာတော့ အိန်ဂျယ်လမုန် ကတော့ မိမိရဲ့ရည်မှန်းချက်ပန်းတိုင်ကို လျှောက်မည့်လမ်းမှာ ဘာနဲ့ပဲတွေ့တွေ့ နောက်မဆုတ်တဲ့ “ညို “နေရာမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

“အချစ်ဖြင့်လွမ်းစေ”ဇာတ်လမ်းတွဲကြီးကတော့ ကျောင်းသားဘဝကို ပြန်လည်ရောက်ရှိသွားသလို ခံစားမှုကိုပေးစွမ်းနိုင်သလို ဇာတ်လမ်းတွဲကိုကြည့်ပြီး ငိုခဲ့ရတာလည်း မနည်းပါဘူနော်။လက်ရှိမှာ ပိုင်ဖြိုးသုကတော့ ဇာတ်လမ်းတွဲကြီးကို ရုပ်ရှင်ကားကြီးအဖြစ်ပြန်လည်ရိုက်ကူးမှာမို့ မိုးမူ၊မင်းလတ်၊ညို တို့ကို ရုပ်ရှင်ရုံမှာ တွေ့ရတော့မည့်ကို “”အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းလေးက ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်လာမယ်ဆိုရင် “မင်းလတ်” မိုးမူ” နဲ့ “ညို” တို့ကိုရုပ်ရှင်ရုံမှာ လာတွေ့ကြမှာလားဟင်” လိုံ သူမရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြလိုက်ပါတယ်။CeleGabar ပရိသတ်ကြီးထဲမှာရော မိုးမူနေရာမှ ခံစားပြီး ငိုရသလောက် ခဏခဏ ပြန်ကြည့်မိတဲ့သူတွေရှိလား။

error: Content is protected !!