“(၂၀၂၀) ႏွစ္ဆန္းပိုင္းမွာက်င္းပမယ့္ ဒုတိယေျမာက္တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲအေၾကာင္း ေျပာျပလာတဲ့ ဘန္နီျဖိဳး “

နိုင္ငံေက်ာ္အဆိုေတာ္ေတြထဲကတစ္ေယာက္အပါအ၀င္ျဖစ္တဲ့ ဘန္နီျဖိဳးကေတာ့ ပရိသတ္အားေပးမႈကိုအျပည့္အ၀ရရွိထားတဲ့ အဆိုေတာ္တစ္ေယာက္ပါ။ကိုယ္ပိုင္ဟန္နဲ႕ ကိုယ္ပိုင္သီခ်င္းေတြကို ေရးစပ္သီဆိုတဲ့ ေနရာမွာ ထူးခၽြန္ထက္ျမတ္တဲ႕ ေတးေရးဆရာ၊အဆိုေတာ္တစ္ေယာက္ျဖစ္တာေၾကာင့္လည္း လူငယ္ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိထားတဲ့ အဆိုေတာ္တစ္ေယာက္လို႕လည္း ဆိုနုိင္ပါတယ္။ ထို႕ေၾကာင့္ (၂၀၁၄)ခုႏွစ္တုန္းက ပထမတစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲ က်င္းပနိုင္ခဲ့တာျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ဘန္နီျဖိဳးက သီခ်င္းအသစ္ေတြကို ဆက္တိုက္လုပ္ကိုင္ေနတယ္လို႕လည္း သိရပါတယ္။ လက္ရွိမွာလည္း (၂၀၂၀) ႏွစ္ဆန္းပိုင္းမွာ ဒုတိယေျမာက္တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲကို က်င္းပျပဳလုပ္သြားမွာျဖစ္ျပီး ျပီးခဲ့တဲ့ စက္တင္ဘာလ(၁၉)ရက္ေန႕က song list meeting ကိုစတင္ျပင္ဆင္ခဲ့တယ္လို႕ သိရပါတယ္။ တစ္ကိုယ္ေတာ္အေခြအတြက္ ျပင္ဆင္မႈေတြကို ယခုကတည္းက ျပဳလုပ္ရျခင္းရဲ႕ အေၾကာင္းကိုလည္း ဘန္နီျဖိဳးက ” ျပင္ဆင္စရာေတြေတာ္ေတာ္မ်ားလို႔ ဒီေလာက္ထဲကလုပ္မွေတာ္ကာက်မွာ” လို႕ ေျပာျပခဲ့တာျဖစ္ပါတယ္။ အဆိုပါ ဒုတိယေျမာက္တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲရဲ႕ ေခါင္းစဥ္ကို ေတာ့ ဘန္နီျဖိဳးက ေဖာ္ျပျခင္းမရရွိခဲ့ပါဘူး။

ဒါေပမယ့္ဘန္နီျဖိဳးဟာ သူ႕ရဲ႕ အိပ္မက္တစ္ခုျဖစ္တဲ့ ဒုတိယေျမာက္တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲကိုေတာ့ (၂၀၁၄)ခုနွစ္တုန္းကလုပ္ခဲ့တဲ့ ပထမတစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲသံုးခဲ့တဲ့ hashtag #D14 လိုပဲ (၂၀၂၀)ခုနွစ္မွာ ဖန္းတီမယ့္ တစ္ကိုယ္ေတာ္ေခြမွာလည္း #D20 ဆိုတဲ့ hashtag နဲ႔တြဲၿပီးျပဳလုပ္သြားမယ္လို႕ သိရပါတယ္။ အဆိုပါ One Man Show ေတာ့ အနုပညာရွင္ညီအကို ေမာင္နွမေတြနဲ႕အတူ ဖန္းတီးသြားမွာျဖစ္ျပီး ပြဲကိုေတာ့ ရန္ကုန္မွာ က်င္းပသြားမယ္လို႕ သိရပါေသးတယ္။ဆယ္လီကမၻာပရိသတ္ႀကီးေရ ဘန္နီျဖိိဳးရဲ႕ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အေခြေလးကို အားေပးဖို႕ အဆင္သင့္ျဖစ္ေနၾကျပီလား……..။


Source: Bunny Phyoe
ခ်စ္သဲေမ @CeleGabar
Phot0 credit from Bunny Phyoe” s Facebook

ယူနီကုတ္ျဖင့္ဖတ္ရန္

“(၂၀၂၀) နှစ်ဆန်းပိုင်းမှာကျင်းပမယ့် ဒုတိယမြောက်တစ်ကိုယ်တော်ဖျော်ဖြေပွဲအကြောင်း ပြောပြလာတဲ့ ဘန်နီဖြိုး ”

နိုင်ငံကျော်အဆိုတော်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်တဲ့ ဘန်နီဖြိုးကတော့ ပရိသတ်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ အဆိုတော်တစ်ယောက်ပါ။ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်သီချင်းတွေကို ရေးစပ်သီဆိုတဲ့ နေရာမှာ ထူးချွန်ထက်မြတ်တဲ့ တေးရေးဆရာ၊အဆိုတော်တစ်ယောက်ဖြစ်တာကြောင့်လည်း လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။ ထို့ကြောင့် (၂၀၁၄)ခုနှစ်တုန်းက ပထမတစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာတော့ ဘန်နီဖြိုးက သီချင်းအသစ်တွေကို ဆက်တိုက်လုပ်ကိုင်နေတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာလည်း (၂၀၂၀) နှစ်ဆန်းပိုင်းမှာ ဒုတိယမြောက်တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၉)ရက်နေ့က song list meeting ကိုစတင်ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။ တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်မှုတွေကို ယခုကတည်းက ပြုလုပ်ရခြင်းရဲ့ အကြောင်းကိုလည်း ဘန်နီဖြိုးက ” ပြင်ဆင်စရာတွေတော်တော်များလို့ ဒီလောက်ထဲကလုပ်မှတော်ကာကျမှာ” လို့ ပြောပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဒုတိယမြောက်တစ်ကိုယ်တော်ဖျော်ဖြေပွဲရဲ့ ခေါင်းစဉ်ကို တော့ ဘန်နီဖြိုးက ဖော်ပြခြင်းမရရှိခဲ့ပါဘူး။

ဒါပေမယ့်ဘန်နီဖြိုးဟာ သူ့ရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ ဒုတိယမြောက်တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုတော့ (၂၀၁၄)ခုနှစ်တုန်းကလုပ်ခဲ့တဲ့ ပထမတစ်ကိုယ်တော်ဖျော်ဖြေပွဲသုံးခဲ့တဲ့ hashtag #D14 လိုပဲ (၂၀၂၀)ခုနှစ်မှာ ဖန်းတီမယ့် တစ်ကိုယ်တော်ခွေမှာလည်း #D20 ဆိုတဲ့ hashtag နဲ့တွဲပြီးပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ One Man Show တော့ အနုပညာရှင်ညီအကို မောင်နှမတွေနဲ့အတူ ဖန်းတီးသွားမှာဖြစ်ပြီး ပွဲကိုတော့ ရန်ကုန်မှာ ကျင်းပသွားမယ်လို့ သိရပါသေးတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဘန်နီဖြိုးရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလေးကို အားပေးဖို့ အဆင်သင့်ဖြစ်နေကြပြီလား……..။
Source: Bunny Phyoe
ချစ်သဲမေ @CeleGabar
Phot0 credit from Bunny Phyoe” s Facebook

error: Content is protected !!