Source : A Nyein Phyu
Shwe Poe – Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
” ချစ်သူကြိုက်တဲ့ပုံစံဟာ သူမရဲ့ အကြိုက်ဆုံးပုံစံဖြစ်လာတယ်ဆိုတဲ့ ဧငြိမ်းဖြူ”
ဧငြိမ်းဖြူက လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေကို ဆက်လက်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမ ဝါသနာပါတဲ့ အကကိုလည်း အချိန်ပေးပြီး ဖိဖိစီးစီးလုပ်ကိုင်တတ်သူလည်း ဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာရော အကပိုင်းမှာပါ ထူးချွန်သူလေးတစ်ဦးဖြစ်တဲ့ ဧငြိမ်းဖြူကတော့ အသံဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ကားတွေအပြင် သီချင်း MTV တွေမှာပါ ဝင်ရောက်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ပရိသတ်တွေကတော့ ချစ်စနိုးနဲ့ Queen Aလို့ ခေါ်လေ့ရှိတာပဲ ဖြစ်ပါတယ်။
ထို့ပြင် ပရိသတ်တွေကလည်း သူမရဲ့မွေးနေ့တိုင်းမှာ မွေးနေ့ Surprise ပြုလုပ်ပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ထို့ပြင် သူမရဲ့ ပရိသတ်တွေနဲ့အတူ အလှူအတန်းတွေအမြဲပြုလုပ်သူလေးပဲ ဖြစ်ပါတယ်။ဧငြိမ်းဖြူရဲ့ အချစ်ရေးကတော့ ပရိသတ်တွေသိပြီးသားဖြစ်တဲ့ အဆိုတော် ရဲရင့်အောင်နဲ့ချစ်သူတွေ ဖြစ်ပြီး ချစ်သူရဲရင့်အောင်ရဲ့ သဲသဲလှုပ်ဂရုစိုက်ခြင်းကိုခံရတဲ့သူပဲ ဖြစ်ပါတယ်။ သဲသဲလှုပ်ဂရုစိုက် တတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ ဧငြိမ်းဖြူကတော့ သူမရဲ့ ကံကောင်းလှတဲ့ အချစ်ရေးလေးအတွက် အမြဲတမ်း ဂုဏ်ယူနေသူဖြစ်ပါတယ်။ ပရိသတ်တွေအားပေးစသဘောကျတဲ့ အနုပညာရှင်စုံတွဲတွေထဲက တစ်တွဲအပါအဝင်ဖြစ်ပြီး ပရိသတ်တော်တော်များများကလည်း ချစ်စရာကောင်းပြီး အရုပ်မလေးလိုလှပတဲ့ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့ ချစ်သူနှစ်ယောက်ကို အားကျသဘောကျလေ့ရှိတာပဲ ဖြစ်ပါတယ်။
ခိုင်မြဲတဲ့ တွဲလက်တွေနဲ့ အတူ အေးတူပူအမျှလက်တွဲခဲ့ကြတာ သက်တမ်း(၃)နှစ်ကျော်ခဲ့ပြီပဲ ဖြစ်တဲ့အပြင် လိုက်ဖက်ညီလှတဲ့ စုံတွၤဲလေးတစ်တွဲလို့ဆိုရမှာပါ။နေနဲ့လလို အတွဲညီတဲ့ သူတို့ချစ်သူနှစ်ဦးကတော့အတွဲညီညီနဲ့ နားလည်မှုရှိစွာ တစ်နှစ်ပြီး တစ်နှစ်ဖြတ်သန်းခဲ့ပြီး ပြီးခဲ့တဲ့သြဂုတ်လ (၁၈)ရက်နေ့ ရဲရင့်အောင်မွေးနေ့မှာ ဧငြိမ်းဖြူက မွေးနေ့ဆုတောင်းပေးခဲ့တဲ့အပြင် ညဘက်မှာလည်း ရဲရင့်အောင်အတွက် မွေးနေ့ Surprise လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ရဲရင့်အောင်ကသဲသဲလှုပ်ချစ်သလောက် ဧငြိမ်းဖြူကလည်း ” သူကြိုက်တဲ့ Type ကို သူ ရအောင်ပုံသွင်းရင်း ကိုယ်အကြိုက်ဆုံး Type ဖြစ်လာတယ်။ ” ဆိုပြီး သူမရဲ့ ခပ်မိုက်မိုက်စတိုင်ပုံရိပ်လေးတွေနဲ့အတူ အချစ်တွေကို ဖွင့်ဟပြောခဲ့တာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း ဧငြိမ်းဖြူတို့စုံတွဲလေးကို ချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source : A Nyein Phyu
Photo Credit From :A Nyein Phyu ‘ Facebook
Shwe Poe – Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
error: Content is protected !!