မိဘကိုလုပ္ေပးတိုင္းသာပံုတင္မယ္ဆိုရင္ တစ္လကိုပံု(၂၀)ေလာက္ရွိမယ္လို႔ေျပာလိုက္တဲ့ ပိုင္တံခြန္

ပိုင္တံခြန္ကေတာ့ ေမာ္ဒယ္၊မင္းသားတစ္ေယာက္ျဖစ္ျပီး ျမန္မာႏိုင္ငံမွာသာမက ထိုင္းႏိုင္ငံမွာပါ နာမည္ၾကီးေရပန္းစားေနသူတစ္ဦးပါ။ အမိုက္စားေဘာ္ဒီ ဆြဲေဆာင္မွုရွိတဲ့မ်က္ႏွာထားတို႔အျပင္ လြတ္လပ္ပြင့္လင္းတဲ့ကိုယ္ပိုင္စတိုင္ေလးေတြေၾကာင့္ မိန္းကေလးေတြကိုေၾကြသြားေစတဲ့သူပါ။အခုလည္း မြန္ျမတ္တဲ့စိတ္ထားေလးေၾကာင့္ ပရိသတ္ေတြကအခ်စ္ပိုရဦးမွာအမွန္ပါပဲ။
ပိုင္တံခြန္ရဲ႕ေမြးေန႔မွာ မိဘေတြကို ရွာေဖြရရွိထားတဲ့အႏုပညာေၾကးနဲ႔ကန္ေတာ့ခဲ့တဲ့ပံုေတြ တက္လာျပီးေနာက္ပိုင္း ဒီအေၾကာင္းနဲ႔ပတ္သက္ျပီးလူေျပာမ်ားခဲ့ပါတယ္။ပိုင္တံခြန္ကေတာ့ “ကိုယ့္မိဘကိုကန္ေတာ့တာ အဆဲခံရတဲ့က႑ေတြအမ်ားၾကီးရွိတယ္” လို႔ ေျပာပါတယ္။ပံုတင္တာနဲ႔ပတ္သက္ျပီး ေကာင္းတာေျပာတဲ့သူရွိသလို ဆိုးတာေျပာတဲ့သူလည္းရွိတာပါ။ဒါေၾကာင့္လည္း “မိဘေတြကိုကန္ေတာ့ျဖစ္တိုင္း ေဖ့ဘြတ္ခ္မွာမတင္ေတာ့ဘူး’’လို႔လည္းေျပာပါတယ္။


မိဘကိုသိတတ္လြန္းတဲ႔ပိုင္တံခြန္က မိဘေတြလိုအပ္တာ အခက္အခဲရွိတာေတြကို သိေအာင္လုပ္ျပီး ေျပာေျပာမေျပာေျပာ အကုန္လုပ္ေပးတတ္တဲ့သူတစ္ေယာက္ပါ။ဒီလိုမ်ိဳးပံုတင္တာက တကယ့္ကိုၾကံဳေတာင့္ၾကံဳခဲျဖစ္ျပီး “မိဘကိုအျမဲတမ္းကန္ေတာ့ျဖစ္တယ္။လုပ္ေပးတိုင္းသာတင္မယ္ဆိုရင္ တစ္လကိုပံု(၂၀)ေလာက္ရွိမယ္” လို႔လည္းေျပာပါေသးတယ္။


မိဘေတြကိုသိတတ္လြန္းတဲ့အျပင္ လိုအပ္တဲ့သူေတြကိုလည္းမၾကာခဏလွဴဒါန္းကူညီေလ့ရွိတဲ့ပိုင္တံခြန္က “တစ္ခါတစ္ေလမွာကိုယ့္အတြက္ေငြ(၁,၀၀၀) (၂,၀၀၀) ကအေရးမၾကီးဘူး။ ဒါေပမဲ့ သူတို႔(အကူအညီလိုအပ္ေနတဲ့သူ) အတြက္ အေရးၾကီးတယ္။ တစ္ရက္စာလည္းျဖစ္ေကာင္း ျဖစ္သြားႏိုင္တယ္။ကၽြန္ေတာ္ကေတာ့လွဴတယ္။” လို႔လည္းဆိုပါတယ္။


မ်ွေ၀တတ္တဲ့စိတ္ထားေလးရွိတာကို “ကိုယ့္မွာ(၂၀၀၀)ရွိရင္ (၁၀၀၀)လွဴတာကိုယ့္အတြက္ဘာမွ မဆံုးရွံဳးသြားဘူး” လို႔ဆိုပါေသးတယ္။ဒီလိုမ်ိဳးစိတ္ေလးထားႏိုင္ဖို႔ကေတာ့ တကယ္တမ္းမလြယ္ပါဘူး။ ပိုင္တံခြန္ကေတာ့ မိဘကိုသိတတ္သလို သဒၶါတရားထက္သန္လြန္းလို႔ ေလးစားစရာေကာင္းတဲ့သူတစ္ဦးပါပဲေနာ္…။
Source:Exclusive on CeleGabar
Photo Credit from Paing Takon ‘s facebook
Sweet – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

မိဘကိုလုပ်ပေးတိုင်းသာပုံတင်မယ်ဆိုရင် တစ်လကိုပုံ(၂၀)လောက်ရှိမယ်လို့ပြောလိုက်တဲ့ ပိုင်တံခွန်
ပိုင်တံခွန်ကတော့ မော်ဒယ်၊မင်းသားတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ နာမည်ကြီးရေပန်းစားနေသူတစ်ဦးပါ။ အမိုက်စားဘော်ဒီ ဆွဲဆောင်မှုရှိတဲ့မျက်နှာထားတို့အပြင် လွတ်လပ်ပွင့်လင်းတဲ့ကိုယ်ပိုင်စတိုင်လေးတွေကြောင့် မိန်းကလေးတွေကိုကြွေသွားစေတဲ့သူပါ။အခုလည်း မွန်မြတ်တဲ့စိတ်ထားလေးကြောင့် ပရိသတ်တွေကအချစ်ပိုရဦးမှာအမှန်ပါပဲ။


ပိုင်တံခွန်ရဲ့မွေးနေ့မှာ မိဘတွေကို ရှာဖွေရရှိထားတဲ့အနုပညာကြေးနဲ့ကန်တော့ခဲ့တဲ့ပုံတွေ တက်လာပြီးနောက်ပိုင်း ဒီအကြောင်းနဲ့ပတ်သက်ပြီးလူပြောများခဲ့ပါတယ်။ပိုင်တံခွန်ကတော့ “ကိုယ့်မိဘကိုကန်တော့တာ အဆဲခံရတဲ့ကဏ္ဍတွေအများကြီးရှိတယ်” လို့ ပြောပါတယ်။ပုံတင်တာနဲ့ပတ်သက်ပြီး ကောင်းတာပြောတဲ့သူရှိသလို ဆိုးတာပြောတဲ့သူလည်းရှိတာပါ။ဒါကြောင့်လည်း “မိဘတွေကိုကန်တော့ဖြစ်တိုင်း ဖေ့ဘွတ်ခ်မှာမတင်တော့ဘူး’’လို့လည်းပြောပါတယ်။


မိဘကိုသိတတ်လွန်းတဲ့ပိုင်တံခွန်က မိဘတွေလိုအပ်တာ အခက်အခဲရှိတာတွေကို သိအောင်လုပ်ပြီး ပြောပြောမပြောပြော အကုန်လုပ်ပေးတတ်တဲ့သူတစ်ယောက်ပါ။ဒီလိုမျိုးပုံတင်တာက တကယ့်ကိုကြုံတောင့်ကြုံခဲဖြစ်ပြီး “မိဘကိုအမြဲတမ်းကန်တော့ဖြစ်တယ်။လုပ်ပေးတိုင်းသာတင်မယ်ဆိုရင် တစ်လကိုပုံ(၂၀)လောက်ရှိမယ်” လို့လည်းပြောပါသေးတယ်။


မိဘတွေကိုသိတတ်လွန်းတဲ့အပြင် လိုအပ်တဲ့သူတွေကိုလည်းမကြာခဏလှူဒါန်းကူညီလေ့ရှိတဲ့ပိုင်တံခွန်က
“တစ်ခါတစ်လေမှာကိုယ့်အတွက်ငွေ(၁,၀၀၀) (၂,၀၀၀) ကအရေးမကြီးဘူး။ ဒါပေမဲ့ သူတို့(အကူအညီလိုအပ်နေတဲ့သူ) အတွက် အရေးကြီးတယ်။ တစ်ရက်စာလည်းဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။ကျွန်တော်ကတော့လှူတယ်။” လို့လည်းဆိုပါတယ်။


မျှဝေတတ်တဲ့စိတ်ထားလေးရှိတာကို “ကိုယ့်မှာ(၂၀၀၀)ရှိရင် (၁၀၀၀)လှူတာကိုယ့်အတွက်ဘာမှ မဆုံးရှုံးသွားဘူး” လို့ဆိုပါသေးတယ်။ဒီလိုမျိုးစိတ်လေးထားနိုင်ဖို့ကတော့ တကယ်တမ်းမလွယ်ပါဘူး။ ပိုင်တံခွန်ကတော့ မိဘကိုသိတတ်သလို သဒ္ဓါတရားထက်သန်လွန်းလို့ လေးစားစရာကောင်းတဲ့သူတစ်ဦးပါပဲနော်…။

error: Content is protected !!